ဘဝေနဝင္ကာ အနားယူသြားတဲ့သခင္ျဖစ္သူအား ေနာက္ဆုံးသုသာန္လိုက္ပို႔တဲ့အခ်ိန္အထိ အနားကေနမခြါဘဲ အတတ္ႏိုင္ဆုံးအတူရွိေနေပးခဲ့တဲ့ သစၥာရွိေခြးေလး

ေတာင္အေမရိက Ecuador ႏိုင္ငံမွာေနထိုင္တဲ့ Maria Isabel Benites Chamba အမည္ရွိသက္ႀကီး႐ြယ္အိုအမ်ိဳးသမီးတစ္ဦးဟာ သူမအသက္ ၉၅ ႏွစ္အ႐ြယ္မွာ ဘဝေနဝင္ကာ ၿငိမ္းခ်မ္းစြာအနားယူသြားခဲ့ပါတယ္။ သူမရဲ႕ ဈာပနကို သူမရဲ႕သူငယ္ခ်င္းေတြနဲ႔ မိသားစုဝင္အားလုံးက အထူးဧည့္သည္နဲ႔အတူ သူတို႔ရဲ႕ေနာက္ဆုံးအေလးျပဳမႈကိုခံယူခဲ့ၾကပါတယ္။ အမွန္ေတာ့ အဆိုပါအထူးဧည့္သည္ရဲ႕နာမည္က Bumer ျဖစ္ၿပီး သူဟာ Chamba ရဲ႕အခ်စ္ဆုံးေခြးေလးတစ္ေကာင္ဘဲျဖစ္ပါတယ္။ Bumer ေလးဟာ အဆုံးအစြန္အထိ သူမရဲ႕အနားမွာသာ ရွိေနေပးဖို႔ အခိုင္အမာဆုံးျဖတ္ထားခဲ့ပုံရပါတယ္။ Chamba အတြက္ အေခါင္းျပင္ေပးေနစဥ္ႏွင့္ စ်ာပနာပြဲက်င္းပေနစဥ္မွာလည္း Bumer ေလးဟာ Chamba အသက္ရွင္ေနစဥ္တုန္းကလုပ္ေဆာင္ခဲ့သည့္အတိုင္း သူမရဲ႕အနီးကပ္ဆုံးမွာ ရွိေနေပးခဲ့ပါတယ္။

သူမႏွင့္သူမရဲ႕ေခြးေလးၾကားရွိ သစၥာေစာင့္သိမႈႏွင့္ ခ်စ္ခင္မႈကို မင္းတို႔ေတြ႕ျမင္ႏိုင္သလို Bumer ေလးက ယခင္ကလို သူ႔ပိုင္ရွင္ႏွင့္အတူအၿမဲရွိေနခဲ့ေၾကာင္း အသုဘအိမ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူက The Dodo သို႔ေျပာၾကားခဲ့ပါတယ္။ အခမ္းအနားၿပီးဆုံးသြားတဲ့အခါ Chamba ၏႐ုပ္အေလာင္းအား သုသာန္သို႔လိုက္ပို႔ရန္စီတန္းလွည့္လည္ခဲ့ခ်ိန္မွာလည္း Bumer ဟာ ကားေပၚရွိသခင္ျဖစ္သူရဲ႕အေလာင္းနံေဘးမွာထိုင္ၿပီး လိုက္ပို႔ေပးခဲ့ပါေသးတယ္။ ထို႔ျပင္ အသုဘအိမ္မွေျပာေရးဆိုခြင့္ရွိသူက “ Chamba ကို သုသာန္လိုက္ပို႔ေပးဖို႔ အေခါင္းကိုကားေပၚတင္ခဲ့တုန္းကလည္း Bumer ေလးက “ ကြၽန္ေတာ္လည္း လိုက္ပို႔ေပးခ်င္တယ္ ၊ အေမ့ကိုႏႈတ္ဆက္ခ်င္တယ္ ” လို႔ေျပာေနသလိုနဲ႔ နိဗၺာန္ယာဥ္နားမွာ တဝဲလည္လည္လုပ္ေနခဲ့တယ္ ၊ သူ႔ရဲ႕ သစၥာေစာင့္သိမႈက ႀကီးမားလြန္းတယ္ ” ဟုလည္းေျပာၾကားခဲ့ပါေသးတယ္။

Mia (Mckzone daily)

Reference : 9gag

Unicode

တောင်အမေရိက Ecuador နိုင်ငံမှာနေထိုင်တဲ့ Maria Isabel Benites Chamba အမည်ရှိသက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးဟာ သူမအသက် ၉၅ နှစ်အရွယ်မှာ ဘဝနေဝင်ကာ ငြိမ်းချမ်းစွာအနားယူသွားခဲ့ပါတယ်။ သူမရဲ့ ဈာပနကို သူမရဲ့သူငယ်ချင်းတွေနဲ့ မိသားစုဝင်အားလုံးက အထူးဧည့်သည်နဲ့အတူ သူတို့ရဲ့နောက်ဆုံးအလေးပြုမှုကိုခံယူခဲ့ကြပါတယ်။ အမှန်တော့ အဆိုပါအထူးဧည့်သည်ရဲ့နာမည်က Bumer ဖြစ်ပြီး သူဟာ Chamba ရဲ့အချစ်ဆုံးခွေးလေးတစ်ကောင်ဘဲဖြစ်ပါတယ်။ Bumer လေးဟာ အဆုံးအစွန်အထိ သူမရဲ့အနားမှာသာ ရှိနေပေးဖို့ အခိုင်အမာဆုံးဖြတ်ထားခဲ့ပုံရပါတယ်။ Chamba အတွက် အခေါင်းပြင်ပေးနေစဉ်နှင့် စျာပနာပွဲကျင်းပနေစဉ်မှာလည်း Bumer လေးဟာ Chamba အသက်ရှင်နေစဉ်တုန်းကလုပ်ဆောင်ခဲ့သည့်အတိုင်း သူမရဲ့အနီးကပ်ဆုံးမှာ ရှိနေပေးခဲ့ပါတယ်။

သူမနှင့်သူမရဲ့ခွေးလေးကြားရှိ သစ္စာစောင့်သိမှုနှင့် ချစ်ခင်မှုကို မင်းတို့တွေ့မြင်နိုင်သလို Bumer လေးက ယခင်ကလို သူ့ပိုင်ရှင်နှင့်အတူအမြဲရှိနေခဲ့ကြောင်း အသုဘအိမ်ရဲ့ပြောရေးဆိုခွင့်ရှိသူက The Dodo သို့ပြောကြားခဲ့ပါတယ်။ အခမ်းအနားပြီးဆုံးသွားတဲ့အခါ Chamba ၏ရုပ်အလောင်းအား သုသာန်သို့လိုက်ပို့ရန်စီတန်းလှည့်လည်ခဲ့ချိန်မှာလည်း Bumer ဟာ ကားပေါ်ရှိသခင်ဖြစ်သူရဲ့အလောင်းနံဘေးမှာထိုင်ပြီး လိုက်ပို့ပေးခဲ့ပါသေးတယ်။ ထို့ပြင် အသုဘအိမ်မှပြောရေးဆိုခွင့်ရှိသူက “ Chamba ကို သုသာန်လိုက်ပို့ပေးဖို့ အခေါင်းကိုကားပေါ်တင်ခဲ့တုန်းကလည်း Bumer လေးက “ ကျွန်တော်လည်း လိုက်ပို့ပေးချင်တယ် ၊ အမေ့ကိုနှုတ်ဆက်ချင်တယ် ” လို့ပြောနေသလိုနဲ့ နိဗ္ဗာန်ယာဉ်နားမှာ တဝဲလည်လည်လုပ်နေခဲ့တယ် ၊ သူ့ရဲ့ သစ္စာစောင့်သိမှုက ကြီးမားလွန်းတယ် ” ဟုလည်းပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Be the first to comment on "ဘဝေနဝင္ကာ အနားယူသြားတဲ့သခင္ျဖစ္သူအား ေနာက္ဆုံးသုသာန္လိုက္ပို႔တဲ့အခ်ိန္အထိ အနားကေနမခြါဘဲ အတတ္ႏိုင္ဆုံးအတူရွိေနေပးခဲ့တဲ့ သစၥာရွိေခြးေလး"

Leave a comment

Your email address will not be published.


*