မျှော်လင့်တကြီးနဲ့ သားသမီးတွေရဲ့အကြိုက်ဆုံးအစားအစာကိုပြင်ဆင်ထားခဲ့ပေမဲ့ ပွဲတော်နေ့မှာ တစ်ယောက်မှအိမ်မပြန်လာလို့ဝမ်းနည်းခဲ့ကြရတဲ့ မိဘနှစ်ပါး

မိဘတွေဟာ မိမိတို့ကိုယ်ကိုနှစ်သိမ့်ဖို့အတွက် စွန့်လွတ်ပေးသည့်တိုင် သားသမီးတွေအတွက် အကောင်းဆုံးသောအရာတွေကိုသာပေးစွမ်းရန် အမြဲကြိုးစားနေတတ်ကြပါတယ်။ တရုတ်နိုင်ငံ၊ Shanxi ပြည်နယ်တွင် အလုပ်ကိုယ်စီရှိကြပြီဖြစ်တဲ့သားသမီးခြောက်ယောက်ကိုပိုင်ဆိုင်ထားတဲ့သက်ကြီးရွယ်အိုစုံတွဲတစ်တွဲဟာ ဆောင်းဦးရာသီနှောင်းပိုင်းတွင် မိသားစုဝင်တွေပြန်လည်ဆုံဆည်းမှုဖြင့် ကျင်းပလေ့ရှိသည့်နေ့တစ်နေ့ဖြစ်တဲ့ဆောင်းဦးပေါက်ပွဲတော်ကို မျှော်လင့်နေခဲ့ကြပါတယ်။ ထို့နောက် သားသမီးများ အိမ်ပြန်ရောက်ရှိလာမယ်ဟုမျှော်မှန်းကာ အဆိုပါဇနီးမောင်နှံနှစ်ဦးဟာ မြို့သို့လက်ဆောင်ပြန်ထည့်ပေးလို့ရအောင် သားသမီးတွေကြိုက်တဲ့ငရုတ်အနှစ်ကို သေချာအောင်ပြင်ဆင်ထားခဲ့ကြပါတယ်။

အသက် 71 နှစ်ရှိပြီဆိုပေမဲ့ ဖခင် Lee ဟာ ငရုတ်သီးချက်ရန် ရွာရှိ အများသူငှာ ကြိတ်ဆုံတွင်အလုပ်လုပ်ကာ ဇနီးသည် Zhang မှ နောက်ထပ်ပါဝင်ပစ္စည်းများ၊ ကြက်သွန်ဖြူနှင့်ဆားတို့ကိုရောမွှေပေးနေခဲ့ပါတယ်။

၎င်းတို့ဇနီးမောင်နှံက ကြိတ်ခွဲစက်ကြီးဖြင့် လိုတာထက် ငရုတ်သီးကို ပင်ပင်ပန်းပန်းကြိုးစားပြီးပိုကြိတ်နေတာကို လူအများကသတိပြုမိပေမဲ့လည်း သားသမီး ၆ ယောက်လုံးအတွက် ငရုတ်သီးအနှစ်အလုံအလောက်ပြင်ဆင်ပြီးသည်အထိ ဆက်လက်လုပ်ဆောင်လိုကြောင်း ဝမ်းသာအားရ ပြောဆိုကြနေခဲ့ကြပါတယ်။

ကလေးတွေအားလုံး ဒါမှမဟုတ် တစ်ချို့က ပြန်လာ၊မလာဆိုတာကို သေချာမသိခဲ့ကြပေမယ့် သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ကလေးတွေကို ဘက်လိုက်တယ်လို့မတွေးစေချင်တာကြောင့် ငရုတ်သီးအနှစ်ကို ယောက်တိုင်းစေ့ မြို့ပေါ်ယူသွားနိုင်အောင် သေချာကြိတ်ပေးနေခဲ့ပါတယ်။

“ ကျွန်တော်တို့ကလေးတွေက ဒီနှစ်ရက်အတွင်း အိမ်ပြန်လာကြလိမ့်မယ် ၊ သူတို့က ပြန်ရောက်ရင် ဒီငရုတ်သီးအနှစ်ကို မေးကြလိမ့်မယ် ၊ ဒါ့ကြောင့် ကျွန်တော်တို့က ပိုပိုလိုလိုလုပ်ထားခဲ့တာ ” ဟု ဖခင်ဖြစ်သူ Lee က အခြားရွာသူရွာသားတွေကို ဝမ်းသာအားရစွာ ပြောပြနေခဲ့ပါတယ်။ သို့သော် ပွဲမရောက်မီရက်မှာ ၎င်းတို့ဇနီးမောင်နှံဟာ အိမ်နီးချင်းလူငယ်တစ်ဦးရဲ့ WeChat မှ ၎င်းတို့ရဲ့သားသမီးများအားလုံးက အားလပ်ရက်အတွက်အိမ်ပြန်ရန် အလုပ်များလွန်းလို့ အိမ်မပြန်ဖြစ်တဲ့အကြောင်းမက်ဆေ့ခ်ျကို သတင်းဆိုးတစ်ခုကဲ့သို့လက်ခံရရှိခဲ့ပါတယ်။

မိခင် Zhang က သူမရဲ့စိတ်ပျက်အားငယ်မှုကိုဖုံးကွယ်ကာ ပြုံးပြနေခဲ့ပေမဲ့လည်း ဖခင် Lee မှာတော့ သူ့သားသမီးများနှင့် ပြန်လည်ဆုံဆည်းဖို့ အထူးမျှော်လင့်ထားခဲ့တာကြောင့် မျက်ရည်မဆယ်နိုင်ဘဲ ငိုကြွေးနေခဲ့ပါတယ်။

၎င်းတို့လင်မယားနှစ်ဦးဟာ ၎င်းတို့ရဲ့ပြင်ဆင်မှုအကြောင်း သားသမီးတွေကိုမပြောဘဲ သားသမီးတွေအနားမှာမရှိတာကြောင့် အောင်ပွဲခံချင်တယ်လို့မခံစားနေဘဲ ဆောင်းဦးရာသီနှောင်းပိုင်းပွဲတော်နေ့ကို ကွင်းပြင်မှာအလုပ်လုပ်ရင်း ကုန်ဆုံးခဲ့ကြရပါတယ်။ ပွဲတော်နေ့မှာတော့ Zhang နှင့် Lee တို့ဇနီးမောင်နှံဟာ လာမဲ့ တရုတ်နှစ်သစ်ကူးမှာ သားသမီးတွေ အိမ်ပြန်လာရင် မုန့်ဖိုးပေးလို့ရအောင်၊ ပိုက်ဆံပိုစုနိုင်ဖို့အတွက် ၎င်းတို့အလုပ်သွားလုပ်တယ်လို့သာတွေးကာ အနားမယူဘဲ အလုပ်သာလုပ်ခဲ့ကြပါတယ်။

Mia (Mckzone daily)

Reference : rachfeed

Be the first to comment on "မျှော်လင့်တကြီးနဲ့ သားသမီးတွေရဲ့အကြိုက်ဆုံးအစားအစာကိုပြင်ဆင်ထားခဲ့ပေမဲ့ ပွဲတော်နေ့မှာ တစ်ယောက်မှအိမ်မပြန်လာလို့ဝမ်းနည်းခဲ့ကြရတဲ့ မိဘနှစ်ပါး"

Leave a comment

Your email address will not be published.


*