ဒုတိယကမ္ဘာစစ်အပြီး ၇၅ နှစ်အကြာမှ ပြန်လည်ဆုံစည်းခွင့်ရခဲ့တဲ့ စစ်ပြန်တစ်ဦးနှင့် သူ့အချစ်ဦးတို့ရဲ့ ကြည့်နူးဖွယ်ရာအခိုက်အတန့် (ရုပ်သံ)

အသက် ၂၄ နှစ်အရွယ်အမျိုးသား KT Robbins နှင့် ၁၈ နှစ်အရွယ်အမျိုးသမီး Jeannine Pierson တို့ဟာ 1944 ခုနှစ်မှာ တစ်ဦးကိုတစ်ဦးချစ်မိသွားခဲ့ကြပြီးနောက် နှစ်လအကြာမှာတော့ ၎င်းတို့ဟာ တစ်ယောက်တစ်နေရာစီခွဲခွါသွားခဲ့ကြရပါတယ်။ အခု ၇၅ နှစ်ကြာတော့ ၎င်းတို့ချစ်သူနှစ်ဦးဟာ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ ထိုစဉ်က 1944 ခုနှစ်တွင် လူငယ် Robbins ဟာ ပြင်သစ်အရှေ့ပိုင်း၊ Briey တွင် တပ်စွဲခဲ့ပြီး ထိုအချိန်မှာဘဲ ပြင်သစ်မိန်းကလေး Jeannine Pierson နှင့်တွေ့ဆုံခဲ့ပါတယ်။ အကြောင်းက Robbins ဟာ သူ့အဝတ်အစားတွေကိုလျှော်ဖွတ်ပေးဖို့လူရှာနေခဲ့ပြီး Jeannine ရဲ့မိခင်က သူ့ကိုကူညီပေးခဲ့ခြင်းကြောင့်ဘဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦး မြန်မြန်ဆန်ဆန်ချစ်ခဲ့ကြပေမဲ့လည်း ကံမကောင်းစွာနဲ့ပဲ Robbins ဟာ Eastern Fron ကိုသွားဖို့အမိန့်ပေးခံရတဲ့အတွက် Briey မြို့ကိုစွန့်ခွာခဲ့ရပါတယ်။

ဒါပေမယ့် သူတို့ဟာ တစ်နေ့မှာချစ်သူတွေအဖြစ်ပြန်ပေါင်းစည်းနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်ကို ဘယ်တော့မှအရှုံးမပေးပါဘူး။ 1945 ခုနှစ်စစ်ပွဲပြီးဆုံးပြီးနောက် Jeannine ဟာ Robbins ကိုရှာဖွေဖို့မျှော်လင့်ချက်ဖြင့် အခြေခံအင်္ဂလိပ်စကားများကိုသင်ယူခဲ့ပါတယ်။ ယင်းအစား Robbins က အမေရိကသို့ပြန်လာခဲ့ပြီးနောက် ၎င်းတို့နှစ်ယောက်စလုံးဟာ အချစ်သစ်တွေ့ပြီး လက်ထပ်လိုက်ကြတဲ့အခါ ၎င်းတို့ရဲ့အချစ်ဇာတ်လမ်းကလည်း ပြီးဆုံးသွားခဲ့ပါတယ်။

Robbins ဟာ ဇနီးဖြစ်သူ Lillian နှင့် နှစ် ၇၀ကြာလက်ထပ်ပေါင်းသင်းခဲ့ပြီး ၎င်းတို့ဟာ Mississippi ပြည်နယ်ရှိ hardware store ၌ နှစ် 50 ကြာအတူလက်တွဲအလုပ်လုပ်ကိုင်ခဲ့ကြပြီး Lillian ဟာ 2015 ခုနှစ်မှာ အသက် 92 နှစ်၌ ကွယ်လွန်သွားခဲ့ပါတယ်။

ထိုအချိန်မှာ Jeannine ဟာ သူမခင်ပွန်းကို ၁၉၄၉ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားသမီးငါးဦးရှိခဲ့ပါတယ်။ သို့ပေမဲ့ Robbins နဲ့ Jeannine တို့နှစ်ဦးလုံးဟာ ကွဲကွာနေခဲ့ကြတာတောင် တစ်ဦးကိုတစ်ဦးမမေ့နိုင်ခဲ့ကြပါဘူး။ Robbins ဟာ သူ့ရဲ့ ၇၅ နှစ်မြောက် D-day အထိမ်းအမှတ်အဖြစ် သတင်းထောက်တစ်ဦးမှမကူညီပေးမချင်း သူ့ရဲ့အချစ်ဦးက သေဆုံးသွားပြီဖြစ်တယ်လို့သာထင်မှတ်ထားခဲ့ပါတယ်။

“ သေချာတာကတော့ ကျွန်တော် သူမကို ဘယ်တော့မှပြန်တွေ့နိုင်မှာမဟုတ်ဘူး” လို့ Robbins က ဆိုခဲ့ပေမဲ့ တကယ်တမ်း Jeannine က အသက်ရှင်နေဆဲဖြစ်ပြီး လက်ရှိ သူမဟာ ၎င်းတို့တွေ့ဆုံခဲ့သည့်နေရာမှ 43 ကီလိုမီတာသာဝေးတဲ့ Moselle ပြည်နယ်ရှိ Montigny-lès-Metz မြို့ရှိ အငြိမ်းစားတစ်ဦးရဲ့နေအိမ်မှာ ခနလာရောက်တည်းခိုနေခဲ့ပါတယ်။

နောက်ဆုံးမှာ လက်ရှိ အသက် 97 နှစ်အရွယ် Robbins ဟာ ဒုတိယကမ္ဘာစစ်အတွင်းကွဲကွာသွားခဲ့ပြီးနောက် 75 နှစ်အကြာမှာ သူ့ချစ်သူဟောင်းဖြစ်တဲ့ အသက် 92 နှစ်အရွယ် Jeannine Pierson နှင့်ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပါတော့တယ်။

ဆယ်စုနှစ် ခုနစ်ခုကြာပြီးနောက် ၎င်းတို့နှစ်ဦးဟာ နောက်ဆုံးမှာ တစ်ဦးနှင့်တစ်ဦး ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာ ကြည်နူးစရာကောင်းတဲ့ပြန်လည်ဆုံစည်းမှုဖြစ်ခဲ့ပြီး အခုတော့ နှစ်ဦးလုံး single များဖြစ်ကြတဲ့ Robbins နဲ့ Jeannine တို့ဟာ နောက်ဆုံးပြန်ခွဲခွါကြေတော့မဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်ပြန်တွေ့ကြမယ်လို့ကတိပြုခဲ့ကြပြီး နောက်ဆုံးနှုတ်ဆက်စကားအနေနဲ့ ” ငါ မင်းကို အမြဲချစ်နေတယ်၊ မင်းက ငါ့နှလုံးသားထဲကနေ ဘယ်တော့မှ ထွက်မသွားခဲ့ဘူး” လို့ Robbins က Jeannine ကို အမြဲချစ်နေကြောင်းကြေငြာခဲ့ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "ဒုတိယကမ္ဘာစစ်အပြီး ၇၅ နှစ်အကြာမှ ပြန်လည်ဆုံစည်းခွင့်ရခဲ့တဲ့ စစ်ပြန်တစ်ဦးနှင့် သူ့အချစ်ဦးတို့ရဲ့ ကြည့်နူးဖွယ်ရာအခိုက်အတန့် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*