သရဲကားၾကည့္ရင္း အေၾကာက္လြန္ကာႏွလံုးရပ္သြားခဲ့၍ ႐ုပ္႐ွင္ရံုအတြင္းမွာသာ ေသဆံုးသြားခဲ့တဲ့ အမ်ိဳးသား

မၾကာေသးခင္ကမွ အမ်ိဳးသားတစ္ဦးဟာ ” Annabella Comes Home” အမည္႐ွိတဲ့ သရဲဇာတ္ကားကိုၾကည့္ရင္း ေသဆံုးသြားခဲ့မႈ ျဖစ္ပြားခဲ့ပါတယ္ ။ သတင္းအရင္းအျမစ္အရ Benard အမည္႐ွိတဲ့ အဂၤလန္ႏိုင္ငံသားတစ္ဦးဟာ အားလပ္ရက္ကို ထိုင္းႏိုင္ငံသို႔အလည္လာေရာက္လည္ပတ္ခဲ့ပါတယ္ ။ ထို႔ေနာက္ ခရီးသြားေတြအၾကားအထင္ကရေနရာျဖစ္တဲ့ Pattaya မွာလည္ပတ္ရင္း July2 ရက္ေန႔ညမွာ ျပသတဲ့သရဲကားကို သြားေရာက္ၾကည့္႐ႈခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း ႐ုပ္႐ွင္ကားၿပီးဆံုးသြားခဲ့လို႔ မီးေတြျပန္ပြင့္လာခဲ့တဲ့အခ်ိန္မွာေတာ့ Bernard ရဲ႕ခံုအနီးမွာထိုင္ေနတဲ့အမ်ိဳးသမီးက Bernard အသက္မ႐ွိေတာ့တာကို အံ့ၾသစြာေတြ႔ျမင္ခဲ့ပါတယ္ ။ ထိုအမ်ိဳးသမီးက ႐ုပ္႐ွင္ရံုမွဝန္ထမ္းမ်ားကို လွမ္းေအာ္ကာအကူအညီေတာင္းခဲ့လို႔ အေရးေပၚလူနာတင္ယာဥ္မွာ ထိုင္းစံေတာ္ခ်ိန္8နာရီခန္႔မွာေတာ့ ႐ုပ္႐ွင္ရံုသို႔ေရာက္႐ွိလာခဲ့ပါတယ္ ။ ႐ုပ္႐ွင္ရံုမွ ဝန္ထမ္းေတြရဲ႕ေျပာၾကားခ်က္အရ အဆိုပါအသက္ 78 ႏွစ္အရြယ္ Bernard ဟာ လတ္မွတ္တစ္ေစာင္သာ ဝယ္ယူခဲ့တာပါ ။ ထို႔အျပင္ အျခားေသာမ်က္ျမင္ေတြရဲ႕ ေျပာၾကားခ်က္အရ ၎အမ်ိဳးသားဟာ ႐ုပ္႐ွင္ကားမစတင္ခင္ကတည္းက Shopping Mall သို႔လာေရာက္တဲ့လမ္းမွာ မူးလဲခဲ့ေသးေၾကာင္း ထြက္ဆိုခဲ့ၾကပါတယ္ ။

ရဲအရာ႐ွိမ်ားဟာ Bernard ၏႐ုပ္အေလာင္းကို ေဆးရံုသို႔ေခၚေဆာင္သြားခဲ့ၿပီးေနာက္ ၊ Bernard ရဲ႕ေသဆံုးခဲ့မႈကို ႐ွာေဖြစစ္ေဆးေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်ကမှ အမျိုးသားတစ်ဦးဟာ ” Annabella Comes Home” အမည်ရှိတဲ့ သရဲဇာတ်ကားကိုကြည့်ရင်း သေဆုံးသွားခဲ့မှု ဖြစ်ပွားခဲ့ပါတယ် ။ သတင်းအရင်းအမြစ်အရ Benard အမည်ရှိတဲ့ အင်္ဂလန်နိုင်ငံသားတစ်ဦးဟာ အားလပ်ရက်ကို ထိုင်းနိုင်ငံသို့အလည်လာရောက်လည်ပတ်ခဲ့ပါတယ် ။ ထို့နောက် ခရီးသွားတွေအကြားအထင်ကရနေရာဖြစ်တဲ့ Pattaya မှာလည်ပတ်ရင်း July2 ရက်နေ့ညမှာ ပြသတဲ့သရဲကားကို သွားရောက်ကြည့်ရှုခဲ့ပါတယ် ။

သို့ပေမဲ့လည်း ရုပ်ရှင်ကားပြီးဆုံးသွားခဲ့လို့ မီးတွေပြန်ပွင့်လာခဲ့တဲ့အချိန်မှာတော့ Bernard ရဲ့ခုံအနီးမှာထိုင်နေတဲ့အမျိုးသမီးက Bernard အသက်မရှိတော့တာကို အံ့သြစွာတွေ့မြင်ခဲ့ပါတယ် ။ ထိုအမျိုးသမီးက ရုပ်ရှင်ရုံမှဝန်ထမ်းများကို လှမ်းအော်ကာအကူအညီတောင်းခဲ့လို့ အရေးပေါ်လူနာတင်ယာဉ်မှာ ထိုင်းစံတော်ချိန်8နာရီခန့်မှာတော့ ရုပ်ရှင်ရုံသို့ရောက်ရှိလာခဲ့ပါတယ် ။ ရုပ်ရှင်ရုံမှ ဝန်ထမ်းတွေရဲ့ပြောကြားချက်အရ အဆိုပါအသက် 78 နှစ်အရွယ် Bernard ဟာ လတ်မှတ်တစ်စောင်သာ ဝယ်ယူခဲ့တာပါ ။ ထို့အပြင် အခြားသောမျက်မြင်တွေရဲ့ ပြောကြားချက်အရ ၎င်းအမျိုးသားဟာ ရုပ်ရှင်ကားမစတင်ခင်ကတည်းက Shopping Mall သို့လာရောက်တဲ့လမ်းမှာ မူးလဲခဲ့သေးကြောင်း ထွက်ဆိုခဲ့ကြပါတယ် ။

ရဲအရာရှိများဟာ Bernard ၏ရုပ်အလောင်းကို ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပြီးနောက် ၊ Bernard ရဲ့သေဆုံးခဲ့မှုကို ရှာဖွေစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment