နှလုံးသားအရည်ပျော်သွားစေမဲ့ သနားကမားမျက်လုံးများကိုပိုင်ဆိုင်ထားတဲ့ ကြောင်လေးတစ်ကောင်

Puss in Boots လို့လူသိများတဲ့ “Shrek” ရုပ်ရှင်မှ လိမ္မော်ရောင် တက်ဘီကြောင်တစ်ကောင်ဟာ ဂုဏ်ယူဖွယ်ကောင်းတဲ့တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပေမဲ့လည်း သူ့ရဲ့သနားစရာကောင်းတဲ့ပုံစံဖြင့်လည်း လူအများရဲ့နှလုံးသားကို အရည်ပျော်စေနိုင်ပါတယ်။ သူဟာ ကာတွန်းရုပ်ရှင်လောက၌သာ ပိတ်မိနေပေမဲ့လည်း မကြာသေးမီက ဂျပန်နိုင်ငံမှ လက်တွေ့ဘဝ Puss in Boots ကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါ “Guppy” ဟု လူသိများတဲ့ကြောင်တစ်ကောင်ဟာ Instagram တွင် Follower ပေါင်း 288,000 ကျော်ရှိတဲ့ အသက် 8 နှစ်အရွယ် ဂျပန် bobtail ကြောင်အမျိုးအစားဘဲဖြစ်ပါတယ်။ အရင်တုန်းကတော့ Guppy ဟာ ပိန်ပါး ချိနဲ့တဲ့ ကြောင်လေးတစ်ကောင်ဖြစ်ခဲ့ဖူးပါတယ်။

.

သူ့လက်ရှိသခင်က သူ့ကို သေလုမျောပါးဖြစ်နေတဲ့အချိန်မှာတွေ့ခဲ့ပြီး သူ့ကိုအိမ်ခေါ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထို့နောက် သခင်ဖြစ်သူက သူ့ကို ဘေးကင်းပြီး ပျော်ရွှင်တဲ့ဘဝနဲ့နေစေချင်တာကြောင့် သူ့ကို “ good and happy ” ရဲ့အတိုကောက်အတိုကောက်ဖြစ်တဲ့ “Guppy” လို့ အမည်ပေးခဲ့ပါတယ်။

ချစ်ခြင်းမေတ္တာနှင့်ဂရုစိုက်မှုများစွာကို ရရှိပြီးနောက်မှာ Guppy ဟာ သူ့အမည်နှင့်လိုက်အောင် အသက်ရှင်နေတဲ့အတုံးတစ်တုံးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ Guppy ဟာ ၎င်းရဲ့အစဉ်အမြဲဝမ်းနည်းနေတဲ့မျက်နှာအမူအရာဖြင့် လူလိုချင်တာကိုရအောင်တောင်းခြင်းအနုပညာကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပါတယ်။

Guppy ဟာ တစ်ခါတစ်ရံမှာ သူ့ရဲ့ပျင်းရိစရာကောင်းတဲ့နေ့ရက်တွေကို ဆိုဖာပေါ်အိပ်မဲ့အစား သူ့ရဲ့လုံးဝိုင်းဝကစ်တဲ့ခန္ဓာကိုယ်ဖြင့် ကတ်ထူဖာထဲကို မရ၊ရအောင် ဝင်အိပ်ရင်း ဖြတ်သန်းတတ်ပါသေးတယ်။

.

Guppy ဟာ အလွန်တွယ်ကပ်တတ်တဲ့ကြောင်ဖြစ်တာကြောင့် အိမ်မှာအလုပ်လုပ်တဲ့အခါ သခင်ဖြစ်သူရဲ့ပေါင်ပေါ်ကို အမြဲတက်ထိုင်နေတတ်ပါတယ်။ သူငယ်ချင်း ၊ မိသားစုတွေနဲ့တွေ့ဆုံဖို့ အပြင်ထွက်ခြင်းက မဖြစ်မနေလိုအပ်ပါတယ်။

သို့ပေမဲ့ Guppy က သူ့သခင်ရဲ့ခြေထောက်ကိုတွယ်ဖက်ထားတတ်တာကြောင့် သခင်ဖြစ်သူမှာ အပြင်သွားဖို့မဖြစ်တော့ဘဲ အိမ်မှာသာနေလိုက်ရတဲ့အချိန်များစွာလည်းရှိနေခဲ့ပါတယ်။

Guppy ဟာ နောက်ဆုံးမှာ သူဟာ ပျော်ရွှင်စရာကောင်းတဲ့ဘဝမှာနေထိုင်နေကြောင်းကိုသက်သေပြဖို့ ရှားရှားပါးပါးအချိန်တွေမှာ ကင်မရာကိုကြည့်ရင်းပြုံးပြတတ်ပါသေးတယ်။

Guppy က မည်သူမဆိုကို ပွေ့ဖက်ချင်စေမည့် ဝမ်းနည်းစရာမျက်လုံးတွေကို ပိုင်ဆိုင်ထားသလို သူဟာ ချစ်ခင်မှု၊ ဂရုစိုက်မှုနှင့် ဆက်ဆံမှုကို လိုလားတောင့်တတဲ့ ချစ်စရာကောင်းတဲ့ကြောင်လေးတစ်ကောင်ဘဲဖြစ်ပါတယ်။

ကြောင်ချစ်သူများအနေနဲ့ Guppy လေးရဲ့ နောက်ဆုံးရ update များကိုကြည့်ရှူနိုင်ရန်အတွက် သူ့ရဲ့ Instagram acc ဖြစ်တဲ့ @gupitaro ကိုလည်း သွား follow လုပ်ထားနိုင်ပါတယ်။

Mia (Mckzone daily)

Reference : mustsharenews

Be the first to comment on "နှလုံးသားအရည်ပျော်သွားစေမဲ့ သနားကမားမျက်လုံးများကိုပိုင်ဆိုင်ထားတဲ့ ကြောင်လေးတစ်ကောင်"

Leave a comment

Your email address will not be published.


*