“ခြေထောက်တစ်ချောင်းပဲကျန်မှာ ကြောက်တယ်” လို့ဆိုတဲ့ ကောင်လေးကို စာနာသနားပြီး ဆေးကုသမှုစရိတ်အတွက် လှူဒါန်းလာကြတဲ့ ကြင်နာတက်သူများ

မကြာသေးမီက လူမှုကွန်ရက်မှာ ဟိုချီမင်းမြို့ရှိ ခြေသလုံး ဒဏ်ရာရရှိနေတဲ့ လူငယ်တစ်ဦးရဲ့ ဆေးကုသမှု ငွေတောင်းနေတဲ့ ပို့စ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ် ။ ဗီဒီယိုဖိုင်မှာ ထိုလူငယ်ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ရင်ဖွင့်ကာ “ခြေထောက်တစ်ဖက်ပဲရှိတော့မှာ ကြောက်တယ်” လို့ စိုးရိမ်စိတ်နဲ့ ငိုယိုကာ ကြည့်ရှုသူတိုင်းကို သနားပြီး စိတ်ခံစားမှုဖြစ်စေပါတယ် ။ မစ္စ L. ရဲ့ အဆိုအရ ထိုလူငယ်ရဲ့ အမည်မှာ Q. (SN 1996) ဖြစ်ပြီး ကံမကောင်းစွာဖြင့် ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး သူ့ရဲ့ဘယ်ဘက်ခြေထောက်မှာ အရိုးကျိုးသွားခဲ့တာပါ ။ ဒါပေမဲ့ သင့်လျော်တဲ့ စောင့်ရှောက်မှုမရှိခြင်းကြောင့် Q. ရဲ့ဒဏ်ရာက တဖြည်းဖြည်းနဲ့ ကူးစက်လာခဲ့ပါတယ် ။ ပိုက်ဆံမရှိသဖြင့် ခြေထောက်များ ပျက်စီးမှာကို စိုးရိမ်သဖြင့် ကုသစရိတ်များ လိုချင်စိတ်နဲ့ ပိုက်ဆံတောင်းရန် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားခဲ့ရပါတယ် ။

အကူအညီပိုတောင်းနိုင်စေရန် ဆန္ဒဖြင့် Ms. L.က အဖြစ်အပျက်ကို ဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာ သူမရဲ့ပို့စ်က အပြန်အလှန် တုံ့ပြန်မှုများစွာရရှိခဲ့တဲ့အတွက် ကြည်နူးစရာကောင်းပါတယ် ။

မရေမတွက်နိုင်သော အင်တာနက်အသုံးပြုသူများကလည်း ခွဲစိတ်မှုပြုလုပ်ရန် Q. ပိုက်ဆံကို ပံ့ပိုးကူညီလိုကြောင်း မှတ်ချက်များရေးသားခဲ့ကြပါတယ် ။ ထို TikToker မှ မျှဝေချက်အရ သူမက မတူညီတဲ့ ကျေးဇူးရှင်များထံမှ မက်ဆေ့ခ်ျများနဲ့ ဖုန်းခေါ်ဆိုမှုများစွာကို လက်ခံရရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် Q. က နိုဝင်ဘာ ၇ ရက်မှာ အရိုးဒဏ်ရာဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူရန် စီစဉ်ထားပါတယ် ။

“သတင်းကောင်းကတော့ Q. ခြေထောက်တွေ ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။ ဆရာဝန်က Q. ခွဲစိတ်ဖို့ ဖြစ်နိုင်ချေရှိနေပြီလို့ ဆိုပါတယ် ။ ခြေထောက် ပုံမှန်အတိုင်း လမ်းမလျှောက်မီ 2ကြိမ် 3 ကြိမ်ခန့် ခွဲစိတ်ရမှာပါ။

တစ်ချိန်တည်းမှာပင် Q. က အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် အချိန်အတော်ကြာဦးမှာဖြစ်ပါတယ် ။”လို့ Ms. L.က ပြောပြခဲ့ပါတယ် ။ ထိုကြောင့် Ms. L.က ဘဏ်အကောင့်ဖွင့်ရန် ကိုယ်ပိုင်စာရွက်စာတမ်းများနဲ့အတူ Q. ကိုလည်း ပံ့ပိုးပေးခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဇူလိုင်လက လူတွေက မစ္စတာ Q ရဲ့ အခြေအနေကို လူပြောများလာပြီး ဖုန်းခေါ်ဆိုမှု 15 မိနစ်ခန့်အကြာမှာ ကြင်နာတက်တဲ့ အမျိုးသားက VND သန်း 50 ကျော် လှူဒါန်းခဲ့ပါတယ် ။ ဒီအရေအတွက်ဟာ အဆက်မပြတ်တိုးလာပြီး ၂၄ နာရီအကြာမှာတော့ စုစုပေါင်း VND သန်း 500 ရရှိခဲ့ပါတယ် ။

လက်ရှိမှာ Ms. L. ရဲ့ တစ်ဖက်တစ်လှမ်း ကူညီတောင်းခံပေးမှုကြောင့် Q. က မကြာမီ ရောဂါပျောက်ကင်းပြီး လူငယ်များရဲ့ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်လိမ့်မယ်လျု့ မျှော်လင့်ပါတယ် ။

JRose (Mckzone daily)

Reference : yan

Be the first to comment on "“ခြေထောက်တစ်ချောင်းပဲကျန်မှာ ကြောက်တယ်” လို့ဆိုတဲ့ ကောင်လေးကို စာနာသနားပြီး ဆေးကုသမှုစရိတ်အတွက် လှူဒါန်းလာကြတဲ့ ကြင်နာတက်သူများ"

Leave a comment

Your email address will not be published.


*