ဓာတ်လိုက်ခံရပြီး ပြန်လည်အသက်ရှင်လာတာမကြာသေးပေမဲ့ ပုလင်းတွေကောက်ယူပြီး လှုပ်လှုပ်ရှားရှားနဲ့ ရုန်းကန်းနေရတဲ့ အဖိုးအို



JRose (Mckzone daily)

Reference : yan

Unicode

မကြာသေးမီက LL လို့ အမည်ပေးထားတဲ့ facebook အကောင့်တစ်ခုမှာ ဆိုင်ဂုံမြို့ရဲ့ လမ်းများပေါ်မှာ ပုလင်းများကောက်နေတဲ့ အဘိုးတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ပါတယ် ။ အဖိုးအို့ရဲ့အခက်အခဲကိုမြင်တော့ L. က သူ့လက်ရှိဘဝအကြောင်းမေးလိုက်ပါတယ် ။ အဖိုးအိုရဲ့ ဘဝအခြေအနေအရတော့ အဖိုးအိုဟာ လျှပ်စစ်ဓာတ်အားကြောင့် ၃ရက်အကြာ သတိလစ်သွားပြီး ပြန်လည်အသက်ရှင်လာတဲ့အခါမှာ ပလက်စတစ်ဘူးတို့ကို လိုက်ကောက်ပြီး ရုန်းကန်နေခဲ့ပါတယ် ။

အဖိုးက နေ့တိုင်း စက်ဘီးဟောင်းတစ်စီးနဲ့ ပလက်စတစ်များထည့်ရန် သေတ္တာကို တင်ပြီး လမ်းတစ်လျှောက် သွားနေခဲ့ပါတယ် ။ သူ့ရဲ့ တစ်နေ့တာ ဝင်ငွေကို မေးတဲ့အခါ အနည်းငယ်သာရရှိပေမဲ့ အဖိုးက နေ့တိုင်း ကြိုးစာလုပ်နေတာပါ ။ ထို့နောက် LL က အဖိုးကို ဖျော်ရည်တစ်ခွက်ပေးခဲ့ပြီး VND 500,000 နဲ့အတူ ကူညီခဲ့ပါတယ် ။ အဖိုးအိုက အကူအညီရတဲ့အခါမှာ ပျော်မဆုံးနိုင်ဘဲ ဦးထုပ်ကိုချွတ်ကာ ကျေးဇူးတင်စကားဖြင့် ခေါင်းငုံ့နေခဲ့ပါတယ် ။ ဒါပေမဲ့ အဖိုးမှာ မိသားစုရှိမရှိဆိုတာ မသိခဲ့ပါဘူး ။ လူအများကတော့ အကောင့်ပိုင်ရှင် TT ရဲ့ ကြင်နာတက်မှုက လူများစွာကို ချီးကျူးစေခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဓာတ်လိုက်ခံရပြီး ပြန်လည်အသက်ရှင်လာတာမကြာသေးပေမဲ့ ပုလင်းတွေကောက်ယူပြီး လှုပ်လှုပ်ရှားရှားနဲ့ ရုန်းကန်းနေရတဲ့ အဖိုးအို"

Leave a comment

Your email address will not be published.


*