၁၂ နှစ်အရွယ်သမီးလေးကို ပညာအရည်အချင်းပြည့်ဝတဲ့သူဖြစ်စေရန် တစ်နှစ်လျှင် VND သန်း ၄၀၀ ကုန်ကျတဲ့ ကျူရှင်ကို ထားရှိခဲ့တဲ့ မိခင်တစ်ဦး

ဗီယက်နမ်နိုင်ငံက လူရွှင်တော် Viet Huong ရဲ့သမီး Elyza Nguyen Phuong Vy ဟာ သူမရဲ့ အသက် 12 နှစ်ကို နိုဝင်ဘာလ ၉ ရက်နေ့မှာ တရားဝင်ကြိုဆိုခဲ့ကြပါတယ် ။ Elyza က US မှာ နေထိုင်ပြီး ကျောင်းမတက်မီက ဗီယက်နမ်မှာ သူမရဲ့ ပထမဆုံးမွေးနေ့လည်းဖြစ်ပါတယ် ။အထူးသဖြင့် သမီးလေး Elyza ဟာ ပညာသင်ယူရာမှာ အလွန်ကောင်းမွန်ပြီး ဘက်စုံထူးချွန်သူဖြစ်ပါတယ် ။ Elyza ဟာ ငယ်စဉ်ကလေးဘဝကတည်းက ထူးထူးခြားခြား ပညာရပ်ဆိုင်ရာ မှတ်တမ်းတစ်ခု ရှိခဲ့တာကို သိရှိရပါတယ် ။ သူမက သူငယ်တန်းပြီးဆုံးပြီးနောက် ဒုတိယတန်းသို့ တိုက်ရိုက်ခေါ်ယူခဲ့ပါတယ် ။ နောက်နှစ်များမှာလည်း Elyza က ကျောင်းရဲ့ ထိပ်တန်းကျောင်းသားကောင်း 3 ဦးမှာ အမြဲတမ်းထူးချွန်သူဖြစ်ခဲ့ပါတယ် ။ ပြောစရာမလိုအောင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမြောက်ပိုင်းမှာ ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုမှာ Viet Huong ရဲ့သမီးက ကြေးတံဆိပ်တစ်ခုလည်း ရရှိခဲ့ပါတယ် ။

.

Elyza လို ထူးချွန်တဲ့ သမီးကို ပိုင်ဆိုင်ရတဲ့အတွက် Viet Huong က မိမိကိုယ်ကို ဂုဏ်ယူကြောင်း တစ်ချိန်က ရင်ဖွင့်ခဲ့ပါတယ် ။ လက်ရှိမှာ Viet Huong ရဲ့သမီးက ဟိုချီမင်းမြို့ရှိ နိုင်ငံတကာကျောင်းမှာ ပညာသင်ကြားလျက်ရှိပါတယ် ။

.

သင်ကြားမှုအဆင့်ပေါ်မူတည်ပြီး တစ်နှစ်လျှင် VND သန်း 400 ကုန်ကျပါတယ် ။ ထို့အပြင် Viet Huong က သူမရဲ့ကလေးများကို သင်ရိုးညွှန်းတမ်း အတန်းများနဲ့ ကျွမ်းကျင်မှုများကို ပိုမိုပြည့်စုံစွာ ဖွံ့ဖြိုးတိုးတက်စေရန် သင်ယူရန်လည်း ရင်းနှီးမြုပ်နှံပေးထားပါတယ် ။

သားသမီးများအတွက် အနာဂတ်ဦးတည်ချက်အကြောင်းပြောရင်း Viet Huong က သမီးဖြစ်သူကို မိဘများလိုမျိုး အနုပညာနောက်လိုက်မဲ့အစား တည်ငြိမ်တဲ့ အလုပ်တစ်ခုရှာစေလိုပါတယ် ။ အကြောင်းရင်းမှာ Viet Huong က အနုပညာနဲ့ ပတ်သက်တဲ့ ပညာရပ်က ခက်ခဲတယ်လို့ ခံစားမိတာကြောင့် ဖြစ်ပါတယ် ။

Viet Huong ရဲ့သမီးက 12 နှစ်သာရှိသေးသော်လည်း မကြာမီမှာပင် အရွယ်ရောက်ပြီး နားလည်မှုရှိပြီး တာဝန်သိတတ်သူဖြစ်လာမယ်ဆိုတာကို ကြိုပြီးတွေ့မြင်နိုင်ပါတယ် ။

Viet Huong တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ လိမ္မာပြီး ထိရောက်တဲ့ ပညာပေးနည်းဟာ သူတို့ရဲ့သမီးလေးကို အထင်ကြီးလောက်စရာ ကြီးပြင်းလာစေဖို့ ကူညီပေးခဲ့တယ်လို့ ပရိသတ်တော်တော်များများက ယုံကြည်ကြပါတယ် ။

Viet Huong ရဲ့သမီးက ကြီးပြင်းလာသောအခါမှာ ကျော်ကြားတဲ့မိခင်လို အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေကြပါပါတယ် ။

JRose (Mckzone daily)

Reference : bestie

Be the first to comment on "၁၂ နှစ်အရွယ်သမီးလေးကို ပညာအရည်အချင်းပြည့်ဝတဲ့သူဖြစ်စေရန် တစ်နှစ်လျှင် VND သန်း ၄၀၀ ကုန်ကျတဲ့ ကျူရှင်ကို ထားရှိခဲ့တဲ့ မိခင်တစ်ဦး"

Leave a comment

Your email address will not be published.


*