သေဆုံးသွားပြီဖြစ်တဲ့ မိခင်ရဲ့ရုပ်အလောင်းကို အတင်းလှုပ်နှိုးကာ ငိုယိုနေခဲ့တဲ့ နို့စို့အရွယ်သမီးငယ်လေး (ရုပ်သံ)
ထို့အပြင် ” သမီးကိုယ့်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်ဖို့ မလိုပါဘူး ၊ ဘာလို့လည်းဆိုတော့ ကလေးတွေတိုင်းကထူးခြားပြီး တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်လို့ပဲ ။ သမီးလုပ်ချင်တာကိုသာ အကောင်းဆုံးလုပ်ပါ ။ သတ္တိရှိရှိနဲ့ ဒီကမ္ဘာပေါ် သမီးလှမ်းလိုက်တဲ့ခြေလှမ်းတိုင်းဟာ အောင်မြင်မှုတွေဖြစ်လာမှာပါ ။ ကိုယ့်ကိုယုံကြည်ပါ ၊ အဲတာမှ သမီးရဲ့ ဘိုးဘွားတွေကို ဂုဏ်ယူစေမှာပါ ။ တစ်ခြားသူတွေလိုဖြစ်အောင် ကိုယ့်ကိုမပြောင်းလဲပါနဲ့ ၊ ဘာလို့ဆို သမီးရဲ့လုပ်ဆောင်နိုင်စွမ်းတွေက အတော်လေးကိုလုံလောက်နေပြီလို့ သက်သေပြနေပါပြီ ၊ စကားကို ရိုရိုသေသေ အမြဲပြောဆိုပါ ၊ အဲ့မှ အကုန်လုံးက သမီးကိုလေးစားပါလိမ့်မယ် ၊ I Love You my sugar ” ဆိုပြီး သမီးငယ်လေးရဲ့ ဘဝတစ်လျှောက်လုံး အဆင်ပြေချောမွေ့အောင် မိခင်တစ်ယောက်အနေနဲ့ နောက်ဆုံးမှာကြားလိုက်တဲ့ စာလေးဟာ လူတိုင်းကိုဝမ်းနည်းမျက်ရည်ကျစေခဲ့ပါတယ် ။
ထို့အပြင် သမီးငယ်လေးဟာလည်း သူမရဲ့မိခင်က သူမနဲ့အတူ မနေထိုင်နိုင်တော့ဘူးဆိုတာကိုသိနေသလိုမျိုးနဲ့ မိခင်ကိုငိုယိုပြီး တောင်းပန်နေသလို လှုပ်နှိုးနေခဲ့ပါတယ် ။ နို့စို့အရွယ်သမီးလေး မိခင်တစ်ယောက်ကိုစွန့်လွှတ်လိုက်ရတာဟာ ကလေးအနေနဲ့လည်း အတော်လေးဝမ်းနည်းကြေကွဲနေမှာ သေချာပါပဲလေ ။
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
သေဆုံးနေတဲ့ မိခင်ရဲ့ရုပ်အလောင်းဘေးမှာ အိပ်နေပြီး မိခင်ကိုငိုကြွေးကာ လှုပ်နှိုးနေခဲ့တာပါ ။ အခြားသောမိသားစုဝင်များကလည်း သားအမိနှစ်ယောက်ရဲ့အဖြစ်ကိုကြည့်ပြီး အတော်လေးဝမ်းနည်းကြွေကွဲနေခဲ့ကြပြီး ၊ သမီးငယ်လေးကို မိခင်ရုပ်အလောင်းရဲ့မျက်နှာအနားသို့ပြောင်းပြီး အိပ်စေခဲ့ပါတယ် ။ သမီးလေးမှာလည်း မိခင်၏မျက်နှာကို လှမ်းကိုင်ပြီး မိခင်ထလာအောင် အော်ဟစ်ငိုယိုနေခဲ့ပါတယ် ။
ပိုပြီးဝမ်းနည်စေခဲ့တာကတော့ မိခင်ဖြစ်သူဟာ သူမရဲ့သမီးလေးအတွက် စာတစ်စောင်ရေးသားခဲ့ပါတယ် ။ စာထဲမှာတော့ ” Happy Anniversary ပါ အမေ့သမီးလေး..Aqillasesha Adreena Setiawan..၊ သမီးလေး ဒီကမ္ဘာပေါ်ရောက်ရှိလာခဲ့တဲ့ April 22 ရက် ၊ 2018 ခုနှစ်က အမေတို့မိသားစုအတွက် အပျော်ဆုံးအချိန်ကိုယူလာပေးခဲ့တယ် ။ သမီးက အမေတို့ရဲ့မျက်လုံးလေးထဲမှာ ပန်းသီးလိုဘဲ ၊ အမေ့ရဲ့ အရာရာတိုင်းပါပဲ ၊ သမီးအတွက် အကောင်းဆုံးတွေသာဖြစ်လာဖို့ အမေဆုတောင်းပေးတယ် ၊ သမီးရဲ့ဘဝကိုရှေ့ဆက်လျှောက်ပါ သမီးလေးဘေးမှာ ဖေဖေနဲ့မေမေ ရှိနေမယ် ။ သမီးလေးကို အမေတို့ဘယ်တော့မှ မထားခဲ့ပါဘူး ။ သမီး အရွယ်ရောက်သွားရင်တောင်မှ အမေ့ရဲ့သမီးလေးပါပဲ ။သမီးလျှောက်လမ်းမဲ့ခရီးမှာ ဆိုးဝါးတဲ့နေ့ရက်တွေအများကြီး ရှိလာမှာပါ အဲ့အချိန်အမေနဲ့အဖေက သမီးအတွက် ဒီနေရာလေးမှာ ရှိနေပေးပါ့မယ် ။ ” ဆိုပြီး ရေးသားခဲ့ပါတယ်
Jasmine (Mckzone Daily)
  • Leave a Comment