မုန်တိုင်းကြီးတစ်ခုမှ လွတ်မြောက်ခဲ့ပြီးနောက် နေ့တိုင်း သူရဲ့ဝက်ဝံရုပ်ကို ပွေ့ဖက်ကာ အိမ်ပျော်လေ့ရှိတဲ့ ရှဉ်မလေး




JRose (Mckzone daily)

Reference : yan

Unicode

ပြီးခဲ့တဲ့နှစ်များက စူပါတိုင်ဖွန်း Isaac မုန်တိုင်းဟာ လူဝီစီယားနားရှိ ကမ်းရိုးတန်းဒေသများကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး လူများနဲ့ ပစ္စည်းဥစ္စာများကို အလွန်ဆိုးရွားစွာ ပျက်စီးစေခဲ့ပါတယ် ။ Jill The Squirrel ဆိုတဲ့ ရှဉ့်မလေးဟာ ထိုကြောက်မက်ဖွယ် မုန်တိုင်းရဲ့ သားကောင်များထဲမှ တစ်ဦးဖြစ်ပါတယ် ။ ရှဥ့်မလေးက အသိုက်မှ မျောပါသွားကာ မိသားစုတစ်ခုရဲ့ အိမ်ရှေ့တံခါးဆီသို့ လွင့်မျောသွားခဲ့ပါတယ် ။ ထိုအချိန်မှာ ရှဥ်းရဲ့အခြေအနေက အလွန်ဆိုးရွားကြောင်း သိရပါတယ် ။ ကံကောင်းထောက်မစွာဖြင့် ရှဥ်းမလေးက ကြင်နာတဲ့သူများနဲ့ တွေ့ဆုံပြီး ရှဥ့်ကို လက်ခံပြုစုပျိုးထောင်ခဲ့ပါတယ် ။

အဆိုပါမိသားစုက ရှဉ့်ကို အန္တရာယ်ကနေ ကယ်တင်ခဲ့ပြီး “မျိုးရိုးစဉ်ဆက်” ထဲကိုတောင် ဝင်ခွင့်ပြုခဲ့ပါတယ် ။ အိမ်အသစ်ကိုရောက်လာတော့ ရှဥ့်ရဲ့ဘဝက ပန်းတစ်ပွင့်လိုပါပဲ ရှဥ့်ကို အလွန်ဂရုစိုက်ပြီး အရသာရှိတဲ့ ဇိမ်ခံဟင်းလျာများကို မကြာခဏ စားသုံးခွင့်ပေးခဲ့ပါတယ် ။ ထို့အပြင် ရှဉ့်လေးက အလွန်လှပတဲ့ ဝတ်စုံကိုလည်း ဝတ်ဆင်ထားပေးခဲ့ပါတယ် ။ ရှဥ့်မလေးကတော့ ဝတ်ဝံရုပ်ကို စွဲလန်းပြီး သူ့ရဲ့အဖော်အနေနဲ့ ဘယ်သွားသွား အရုပ်ကို ပွေ့ဖက်နေခဲ့ပါတယ် ။ နှစ်အနည်းငယ်အကြာမှာ သခင်က ရှဥ့်မလေးအတွက် Instagram အကောင့်ဖွင့်ပေးပြီး အစပိုင်းမှာ ရှဥ့်ရဲ့ လှပတဲ့အခိုက်အတန့်များကို သိမ်းဆည်းရန် ပုံများကို ရိုးရိုးရှင်းရှင်းတင်ချင်သော်လည်း ချက်ချင်းပင်း ကျော်ကြားသွားခဲ့ပါတယ် ။

လက်ရှိမှာတော့ သူမရဲ့ကိုယ်ပိုင်စာမျက်နှာမှာ Follower 700,000 ကျော်သွားပါပြီ ။ ပရိသတ်တွေကတော့ “idol” ရဲ့ နေ့စဉ်ဘဝကို စိတ်ဝင်စားနေတုန်းပါပဲ ။ သူမရဲ့ ကျော်ကြားမှုကလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့လာတာကို တွေ့မြင်ရပါတယ် ။ တကယ်တော့ Jill ဟာ အပြုသဘောဆောင်တဲ့ စွမ်းအင်ရှိတဲ့ ရှဉ့်တစ်ကောင်ပါ ။ ၎င်းရဲ့ လျင်မြန်တဲ့အသွင်အပြင်၊ ချစ်စဖွယ်မျက်နှာနဲ့ သိမ်မွေ့တဲ့ စိတ်နေသဘောထားကိုကြည့်ရင် မြင်မြင်ချင်း လူများရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "မုန်တိုင်းကြီးတစ်ခုမှ လွတ်မြောက်ခဲ့ပြီးနောက် နေ့တိုင်း သူရဲ့ဝက်ဝံရုပ်ကို ပွေ့ဖက်ကာ အိမ်ပျော်လေ့ရှိတဲ့ ရှဉ်မလေး"

Leave a comment

Your email address will not be published.


*