ေန႔စဥ္ ေက်ာင္းဆင္းတိုင္း ေမာင္ေလးေတြကိုဦးစားေပးကာ စက္ဘီးစီးေစၿပီး မိခင္နဲ႔အတူ ေျပးလႊားေနခဲ့တဲ့ အသက္ 5 ႏွစ္အ႐ြယ္ ကေလးမေလး

ထိုင်ဝမ် Gia Nghia ခရိုင် Trung Hoa ရွာမှာ နေထိုင်တဲ့ အသက် 5 နှစ်အရွယ် Wu Wu အမည်ရှိကလေးမလေးမှာ မွေးချင်းသုံးယောက်ရှိပြီး သူမက အကြီးဆုံး ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဖြစ်သူဟာ ရေပိုက်သမားတစ်ဦးဖြစ်ပြီး ယခင်က ဖခင်ဖြစ်သူက ဆိုင်ကယ်အစုတ်လေးဖြင့် သူမနှင့်သူမမောင်လေးတို့နှစ်ဦးစလုံးကို ကျောင်းကြိုပို့ပြုလုပ်ပေးခဲ့ပေမဲ့လည်း နောက်ပိုင်း ဖခင်ဖြစ်သူက အလုပ်များရှုပ်နေခဲ့တာကြောင့် မိခင်ဖြစ်သူက စက်ဘီးဟောင်းတစ်စီးဖြင့် သူမတို့ကိုကျောင်းကြိုတဲ့အလုပ်ကို စလုပ်လာခဲ့ပါတယ်။ ရွာသူရွာသားများက ကျောင်းဆင်းတိုင်း စက်ဘီးမောင်းနေတဲ့မိခင်ဖြစ်သူနဲ့အတူ ပြေးလွှားနေတဲ့ သန်မာတဲ့ဒီကလေးမလေးကို အမြဲမြင်တွေ့နေရပါတယ်လို့ ဆိုကြပါတယ်။

Wu Wu ဟာ ကျောင်းမှာ အချိန်အတော်ကြာ ပင်ပန်းနေခဲ့ပေမဲ့ သူမရဲ့မောင်လေးတွေအတွက်နေရာပေးဖို့အတွက် အမေဖြစ်သူနဲ့ အတူ စက်ဘီးစီးဖို့ ငြင်းဆန်ခဲ့ပါတယ်။
Wu Wu ရဲ့နေအိမ်နှင့်ကျောင်းက ၂ ကီလိုမီတာခန့် အကွာအဝေးရှိပြီး Wu Wu က နေ့စဉ် ကျောင်းဆင်းတိုင်း ၁.၃ မိုင် အကွာအဝေးဖြင့် ပြေးလွှားနေခဲ့တာဘဲဖြစ်ပါတယ်။ တကယ်တော့ သူမဟာ အားကစားတစ်ခုလို့သတ်မှတ်ပြီး လမ်းတွေပေါ်မှာ ပြေးရတာကိုနှစ်သက်ပုံရပါတယ်။

Wu Wu ရဲ့မိခင်ကလည်း သူ့သမီးရဲ့လုံခြုံရေးအတွက်စိုးရိမ်တာကြောင့် သူ့သမီးလိုက်မမီနိုင်အောင် စက်ဘီးကိုအမြန်မနင်းခဲ့သလို လမ်းဘေးရဲ့အလုံခြုံဆုံးဘက်မှာ ပြေးနေတဲ့ Wu Wu ကိုလည်း အဆက်မပြတ်လှည့်ကြည့်နေခဲ့ပါတယ်။ နောက်ဆုံးမှာ စက်ဘီးစီးနေတဲ့မိခင်ဖြစ်သူနဲ့ ညီအစ်ကိုနှစ်ယောက်တို့နဲ့အတူ ပြေးလွှားနေတဲ့ Wu Wu ရဲ့ဗီဒီယိုဟာ ကမ္ဘာတစ်ဝှမ်းရှိကြည့်ရှုသူတိုင်းရဲ့ သနားညှာတာမှုကိုခံခဲ့ရသလို လူအတော်များများက Wu Wu လေး ကျောင်းသို့သွားမယ့်ခရီးစဉ်ကို လွယ်ကူချောမွေ့စေဖို့အတွက် Wu Wu အား စက်ဘီးတစ်စီးလက်ဆောင်ပေးဖို့ကိုလည်း အလှူငွေများစုပေါင်းစုဆောင်းခဲ့ကြပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Zawgyi

ထိုင္ဝမ္ Gia Nghia ခ႐ိုင္ Trung Hoa ႐ြာမွာ ေနထိုင္တဲ့ အသက္ 5 ႏွစ္အ႐ြယ္ Wu Wu အမည္ရွိကေလးမေလးမွာ ေမြးခ်င္းသုံးေယာက္ရွိၿပီး သူမက အႀကီးဆုံး ျဖစ္ပါတယ္။ သူမရဲ႕ဖခင္ျဖစ္သူဟာ ေရပိုက္သမားတစ္ဦးျဖစ္ၿပီး ယခင္က ဖခင္ျဖစ္သူက ဆိုင္ကယ္အစုတ္ေလးျဖင့္ သူမႏွင့္သူမေမာင္ေလးတို႔ႏွစ္ဦးစလုံးကို ေက်ာင္းႀကိဳပို႔ျပဳလုပ္ေပးခဲ့ေပမဲ့လည္း ေနာက္ပိုင္း ဖခင္ျဖစ္သူက အလုပ္မ်ားရႈပ္ေနခဲ့တာေၾကာင့္ မိခင္ျဖစ္သူက စက္ဘီးေဟာင္းတစ္စီးျဖင့္ သူမတို႔ကိုေက်ာင္းႀကိဳတဲ့အလုပ္ကို စလုပ္လာခဲ့ပါတယ္။ ႐ြာသူ႐ြာသားမ်ားက ေက်ာင္းဆင္းတိုင္း စက္ဘီးေမာင္းေနတဲ့မိခင္ျဖစ္သူနဲ႔အတူ ေျပးလႊားေနတဲ့ သန္မာတဲ့ဒီကေလးမေလးကို အၿမဲျမင္ေတြ႕ေနရပါတယ္လို႔ ဆိုၾကပါတယ္။

Wu Wu ဟာ ေက်ာင္းမွာ အခ်ိန္အေတာ္ၾကာ ပင္ပန္းေနခဲ့ေပမဲ့ သူမရဲ႕ေမာင္ေလးေတြအတြက္ေနရာေပးဖို႔အတြက္ အေမျဖစ္သူနဲ႔ အတူ စက္ဘီးစီးဖို႔ ျငင္းဆန္ခဲ့ပါတယ္။ Wu Wu ရဲ႕ေနအိမ္ႏွင့္ေက်ာင္းက ၂ ကီလိုမီတာခန႔္ အကြာအေဝးရွိၿပီး Wu Wu က ေန႔စဥ္ ေက်ာင္းဆင္းတိုင္း ၁.၃ မိုင္ အကြာအေဝးျဖင့္ ေျပးလႊားေနခဲ့တာဘဲျဖစ္ပါတယ္။ တကယ္ေတာ့ သူမဟာ အားကစားတစ္ခုလို႔သတ္မွတ္ၿပီး လမ္းေတြေပၚမွာ ေျပးရတာကိုႏွစ္သက္ပုံရပါတယ္။

Wu Wu ရဲ႕မိခင္ကလည္း သူ႔သမီးရဲ႕လုံၿခဳံေရးအတြက္စိုးရိမ္တာေၾကာင့္ သူ႔သမီးလိုက္မမီႏိုင္ေအာင္ စက္ဘီးကိုအျမန္မနင္းခဲ့သလို လမ္းေဘးရဲ႕အလုံၿခဳံဆုံးဘက္မွာ ေျပးေနတဲ့ Wu Wu ကိုလည္း အဆက္မျပတ္လွည့္ၾကည့္ေနခဲ့ပါတယ္။ ေနာက္ဆုံးမွာ စက္ဘီးစီးေနတဲ့မိခင္ျဖစ္သူနဲ႔ ညီအစ္ကိုႏွစ္ေယာက္တို႔နဲ႔အတူ ေျပးလႊားေနတဲ့ Wu Wu ရဲ႕ဗီဒီယိုဟာ ကမာၻတစ္ဝွမ္းရွိၾကည့္ရႈသူတိုင္းရဲ႕ သနားညႇာတာမႈကိုခံခဲ့ရသလို လူအေတာ္မ်ားမ်ားက Wu Wu ေလး ေက်ာင္းသို႔သြားမယ့္ခရီးစဥ္ကို လြယ္ကူေခ်ာေမြ႕ေစဖို႔အတြက္ Wu Wu အား စက္ဘီးတစ္စီးလက္ေဆာင္ေပးဖို႔ကိုလည္း အလႉေငြမ်ားစုေပါင္းစုေဆာင္းခဲ့ၾကပါတယ္။

Mia (Mckzone daily)

Be the first to comment on "ေန႔စဥ္ ေက်ာင္းဆင္းတိုင္း ေမာင္ေလးေတြကိုဦးစားေပးကာ စက္ဘီးစီးေစၿပီး မိခင္နဲ႔အတူ ေျပးလႊားေနခဲ့တဲ့ အသက္ 5 ႏွစ္အ႐ြယ္ ကေလးမေလး"

Leave a comment

Your email address will not be published.


*