Snow White ကို ကြိုက်လွန်းလို့ ကြောင်လေးကို Snow White လို ဝတ်ဆင်ပေးခဲ့တဲ့ သခင်ကြောင့် လူအများရယ်မောခဲ့ရ



JRose (Mckzone daily)

Reference : bestie

Unicode

မကြာသေးမီက Snow White ကဲ့သို့ အထူး၀တ်ဆင်ထားတဲ့ ကြောင်ကလေးရဲ့ပုံကို ဝေမျှလာတဲ့အခါ ကြောင်လေးရဲ့ အသွင်အပြင်ကြောင့် လူတိုင်းကို ရယ်မောစေခဲ့ပါတယ် ။ သခင်ဖြစ်သူက ကြောင်လေးကို Snow White လိုပင် ဝတ်ဆင်စေပြီး အကနဲ့တူတဲ့ လှုပ်ရှားမှုများပြုလုပ်ရန် ၎င်းရဲ့ ရှေ့ခြေသည်းများကို ကိုင်ဆောင်ထားပါတယ် ။ အဆိုပါကြောင်လေးရဲ့ ပုံကို တင်ပြီးနောက် ဓာတ်ပုံများက ချက်ချင်းအာရုံစူးစိုက်မှုဗဟိုဖြစ်လာခဲ့ပါတယ် ။

လူတိုင်းက ၎င်းတို့ရဲ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားလို့မရတဲ့အပြင် ထိုကြောင်လေးနဲပတ်သက်ပြီး ” စနိုးဝိုက်လေးရဲ့ မျက်နှာက ဒေါသထွက်နေတဲ့ပုံဘဲ” ” ကြောင်ရဲ့ ၀တ်စားဆင်ယင်မှုမှာနဲ့တင် ငါမူးလဲသွားနိုင်တယ် ” ဆိုပြီး မှတ်ချက်ပေးကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "Snow White ကို ကြိုက်လွန်းလို့ ကြောင်လေးကို Snow White လို ဝတ်ဆင်ပေးခဲ့တဲ့ သခင်ကြောင့် လူအများရယ်မောခဲ့ရ"

Leave a comment

Your email address will not be published.


*