ဘေးအိမ်က ခပ်လန်းလန်းအမျိုးသမီးဆီက အတွင်ခံများခိုးယူနေတဲ့ အဘိုးကြီးကို မိမိရရ video ရိုက်ယူနိုင်ခဲ့တဲ့( ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အမျိုးသားတစ်ယောက်ဟာ နေအိမ်တစ်ခုက ခြံဝန်းအတွင်းမှာ လန်းထားခဲ့တဲ့ အမျိုးသမီးအတွင်းခံများခိုးယူနေတဲ့လုပ်ရပ်များကို CCTV ကနေ မိမိရရရိုက်ယူထားနိုင်ခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ ခြံဝန်းထဲမှာ လန်းထားတဲ့အမျိုးသမီးအတွင်းခံများစွာကို ခိုးယူခဲ့တာဖြစ်ပါတယ် ။ အဆိုပါ နာဗူးအဘိုးကြီးရဲ့လုပ်ရပ်ကို Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့တာဖြစ်လို့ ယခုအချိန်ဆိုရင်တော့ သူ၏လုပ်ရပ်အတွက် အတော်လေးအရှက်ရနေလောက်ပါပြီ ။ အစိမ်းရောင် တီရှပ်အင်္ကျီနဲ့ ဘောင်းဘီတိုလေးဝတ်ဆင်ထားတဲ့အမျိုးသားဟာ ခြံဝန်းတံခါးကနေခုန်ကျော်လာခဲ့တာလို့ ယူဆရပြီး လန်းထားတဲ့အတွင်းခံများကိုလည်း သူ၏စိတ်ကြိုက်အတိုင်းရွေးယူခဲ့ပြီးမှ ခိုးယူသွားခဲ့တာပါ ။

ထို့နောက် သူလိုချင်တာခိုးယူပြီးတဲ့နောက်မှာတော့ လာရာလမ်းအတိုင်ခြံဝန်းကိုပြန်ခုန်ကျော်ပြီး ထွက်သွားခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ အိမ်ရှင်အမျိုးသမီးကို အချိန်အတော်ကြာ နောက်ယောင်ခံလိုက်ခဲ့ပုံလည်း ရပါတယ် ။

အဆိုပါ Video ဟာ social media အသုံးပြုသူတွေအကြား အတော်လေးရေပန်းစားသွားခဲ့ချိန်မှာတော့ လူအချို့က ” သူအချိန်အတော်ကြာ ရည်ရွယ်ထားခဲ့တဲ့ အိမ်နီးချင်း ခပ်လန်းလန်းအမျိုးသမီးတစ်ယောက် ဖြစ်မယ် ” ဆိုပြီးနောက်ပြောင်ရေးသားခဲ့တဲ့အပြင် ၊ အချို့သောသူများကတော့ ” တော်တော်လေး စဉ်းစားတတ်တဲ့ဦးလေးဘဲ ၊ သူ့သမီးအတွက် ဝယ်ဖို့မတတ်နိုင်လို့ ခိုးလိုက်ရတာ နေမှာ ” ဆိုပြီးတော့လည်း ရေးသားခဲ့ကြပါသေးတယ် ။ ထို့ကြောင့်အမျိုးသမီးများအနေဖြင့် ကိုယ်လန်းထားတဲ့အတွင်းခံတွေ ပျောက်သွားခဲ့မယ်ဆိုရင် အနီးအနားဝန်းကျင်မှာ နဗူးကောင်တွေရှိနေပြီဆိုတာ ခန့်မှန်းထားသင့်ပြီး ဂရုစိုက်သင့်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment