မင်္ဂလာဆောင်နေ့မှာ ပင်ပန်းလွန်းသဖြင့် ခင်ပွန်းဖြစ်သူအိမ်ကနေ ပြန်လာစဉ် ရုတ်တရက် မူးလဲပြီး ဆေးရုံတက်ခဲ့ရတဲ့ သတို့သမီး




Jrose (Mckzone daily)

Reference : yan

Unicode

အိမ်ထောင်ရေးက လူတိုင်းရဲ့ဘဝမှာ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်သောကြောင့် အချိန်နဲ့ အားစိုက်ထုတ်ရန် လိုပါတယ် ။ ဒါပေမဲ့ အခုဖော်ပြမယ့် သတို့သမီးလိုဘဲ အရမ်းပင်ပန်းနွမ်းနယ်ပြီး မူးလဲသွားတဲ့အထိ ဖြစ်သွားခဲ့ပါတယ် ။ မကြာသေးခင်က လူမှုကွန်ရက်မှာ ကပ်ရောဂါဆိုးကြောင့် ရက်အတော်ကြာစောင့်ဆိုင်းခဲ့ရပြီး ရွှေ့ဆိုင်းလိုက်ရတဲ့ မင်္ဂလာပွဲက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး နောက်ဆုံးမှာတော့ စုံတွဲတစ်တွဲဟာ မင်္ဂလာပွဲကျင်းပနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် သတို့သမီးက လမ်းလယ်မှာ ဆေးရုံတင်ထားရပါတယ် ။ သတို့သမီးက သူမရဲ့ခင်ပွန်းအိမ်သို့ ပြန်လာစဥ် ရုတ်တရက် မူးလဲသွားသဖြင့် နှစ်ဖက်ဆွေမျိုးများ ဘာလုပ်ဘာကိုင်ရမှန်မသိဖြစ်နေခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ပဲ သူမက်ု အောက်ဆီဂျင်ရရှိရန် ဆေးဆိုင်သို့ အချိန်မီ ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ် ။

ခဏအကြာမှာ ဆရာဝန်လာရောက်လည်ပတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု၊ ကျန်းမာရေး၊ ပြန်လည်ကောင်းမွန်လာမှု ရှိစေရန် သတို့သမီးကို အောက်ဆီဂျင်အပြည့်တပ်ဆင်ထားပြီး ၎င်းပုံရိပ်ဟာ အွန်လိုင်းအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ပါတယ် ။ အကြောင်းအရာရဲ့ အမှန်တရားကို မသိရသော်လည်း၊ ပို့စ်တင်ပြီး နာရီအနည်းငယ်အကြာမှာ အဆိုပါသတင်းက အပြန်အလှန်ဆက်သွယ်မှုပေါင်း သောင်းနဲ့ချီရှိခဲ့ပါတယ် ။

မွန်မြတ်တဲ့မင်္ဂလာပွဲပြင်ဆင်ခြင်းဟာ အလွန်ပင်ပန်းပြီး ပင်ပင်ပန်းပန်းလုပ်ရတာကို လူတိုင်းနားလည်သောကြောင့် အများစုမှာ သူမကို သနားစာနာမှုခံစားရပါတယ် ။ ဒါ့အပြင် သတို့သမီးလေး အမြန်ကျန်းမာလာပါစေလို့ ဆုတောင်းပေးကြပြီး သတို့သားက ဇနီးဖြစ်သူကို ပိုနားလည်ပြီး ချစ်လာမယ်လို့လည်း မျှော်လင့်ပါတယ် ။

Jrose (Mckzone daily)

Be the first to comment on "မင်္ဂလာဆောင်နေ့မှာ ပင်ပန်းလွန်းသဖြင့် ခင်ပွန်းဖြစ်သူအိမ်ကနေ ပြန်လာစဉ် ရုတ်တရက် မူးလဲပြီး ဆေးရုံတက်ခဲ့ရတဲ့ သတို့သမီး"

Leave a comment

Your email address will not be published.


*