ကင်ဆာသည်ဇနီးကို ဖေးမပေးဖို့အတွက် ကတုံးရိတ်ကာ လိုလေသေးမရှိအောင် အနားမှာအတူရှိနေပေးခဲ့တဲ့ ချစ်တတ်လွန်းတဲ့ အမျိုးသား

အမျိုးသားတစ်ဦးဟာ Lymphoma ရောဂါခံစားနေရတဲ့ ဇနီးဖြစ်သူအား support လုပ်ပေးနိုင်ရန်အတွက် ဇနီးဖြစ်သူနှင့်တူနေစေရန် ကတုံးတုံးပစ်ခဲ့ပါတယ်။ အထက်ဖော်ပြပါ ဇာတ်လမ်းဟာ ထိုင်ဝမ်မှ Shi Baiwei အမည်ရှိ အသက် 25 နှစ်အရွယ် လှပတဲ့မိန်းကလေးတစ်ဦးအကြောင်းဘဲဖြစ်ပါတယ်။ ဇာတ်ကြောင်းပြောပြသည့်အတိုင်း Shi Baiwei ဟာ သူမရဲ့ခင်ပွန်းနှင့် သာယာအေးချမ်းတဲ့အချစ်တစ်ခုရှိနေခဲ့ပါတယ်။ ဒါပေမယ့် လက်ထပ်ပြီး 10 ရက်အကြာမှာတော့ သူမဟာ အဆင့် 3 – lymphoma ရောဂါကိုတွေ့ရှိခဲ့ပါတယ်။ သားဦးလေးကို မျှော်လင့်ထားတဲ့ငါးလမြောက်မှာ ဆိုးရွားတဲ့သတင်းထွက်ပေါ်လာတာကြောင့် သူမရဲ့ နာကျင်မှုကိုပိုဆိုးရွားသွားစေခဲ့ပါတယ်။

သူမရဲ့ အဆုတ်မှာ အရည်တွေစုပုံလာတာကြောင့် Baiwei ရဲ့အခြေအနေကပိုမိုဆိုးရွားလာခဲ့ပြီး ဆရာဝန်တွေကလည်း ကလေးကိုဓါတ်ရောင်ခြည်နဲ့ ဖျက်ချခိုင်းခဲ့ပါတယ်။

ဒီသတင်းကြောင့် သူမစိတ်မချမ်းမသာဖြစ်ခဲ့ရပေမယ့် ကံကောင်းထောက်မစွာပဲ သူမအနားမှာ ခင်ပွန်းဖြစ်သူက အမြဲရှိပေးနေခဲ့ပါတယ်။ Baiwei ရဲ့ခင်ပွန်းက ၎င်း၏သားဦးလေးအသက်ရှင်လာတာကို မမြင်နိုင်တော့တာကြောင့် နာကျင်စွာ ခံစားခဲ့ရပေမဲ့ Baiwei ရဲ့ ဆံပင်တွေ ကျွတ်စပြုလာတာကြောင့် သူ့ဇနီးကိုထောက်ပံ့ပေးဖို့အတွက် သူ့ဆံပင်တွေကိုအကုန်ရိတ်ချပစ်ဖို့ ဆန္ဒရှိနေခဲ့ပါတယ်။

ဒီအချစ်ဇာတ်လမ်းဟာ ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပြီးမောက် ၎င်းတို့စုံတွဲရဲ့ပျော်ရွှင်မှုအတွက် တိုက်ပွဲဝင်မှုကိုအင်တာနက်အသုံးပြုသူတွေက ချီးကျူးခဲ့ကြသလို လူတိုင်းက Baiwei အတွက် မှော်ပညာကိုလိုလားနေခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှာ သူမရဲ့ကျန်းမာရေးကောင်းမွန်လာစေရန်မျှော်လင့်ချက်ဖြင့် Baiwei ဟာ ပင်မဆဲလ်ဓာတ်ရောင်ခြည်ကို စမ်းသပ်ခဲ့ပါတယ်။ သို့ပေမဲ့လည်း စစ်ဆင်ရေးက မျှော်မှန်းထားသည့်ရလဒ်ကိုမရရှိခဲ့ပါဘူး။ ထို့နောက် Baiwei ဟာ အဖျားကြီးပြီး ၂၀၁၆ ခုနှစ် မေလ ၂၁ ရက်နေ့မှာဘဲ ကွယ်လွန်သွားခဲ့ပါတယ်။

သူမမသေဆုံးခင်လေးမှာ Baiwei ဟာ သူမခင်ပွန်းရဲ့နားနားကပ်ပြီး “ချစ်တယ်” လို့ ၃ ကြိမ်တိတိ တီးတိုးပြောပြီး နောက်ဘဝမှာ ပြန်ဆုံဖို့ ကတိပြုခဲ့ပါတယ်။ သူမရဲ့ ကျန်းမာသန်စွမ်းမဲ့ခရီးလမ်းဟာ မအောင်မြင်ခဲ့ပေမယ့် ၎င်းတို့ရဲ့ တစ်ယောက်ကိုတစ်ယောက်အပေါ်ထားရှိတဲ့ကရုဏာသက်မှုတွေက ၎င်းတို့ရဲ့ချစ်ခြင်းမေတ္တာကိုသက်သေပြနေခဲ့ပါတယ်။

၎င်းတို့ဟာ ဆေးရုံကုတင်မှာ အိပ်မရတဲ့ညတွေကနေ ဇနီးဖြစ်သူကိုအားပေးဖို့ ခေါင်းရိတ်တဲ့အထိ တစ်ယောက်ကိုတစ်ယောက် ကျေကျေနပ်နပ်ကြီး ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသလို Baiwei တို့ဇနီးမောင်နှံရဲ့အချစ်ဇာတ်လမ်းဟာလည်း စစ်မှန်တဲ့အချစ်ရှိကြောင်း သက်သေပြနေခဲ့ကြပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "ကင်ဆာသည်ဇနီးကို ဖေးမပေးဖို့အတွက် ကတုံးရိတ်ကာ လိုလေသေးမရှိအောင် အနားမှာအတူရှိနေပေးခဲ့တဲ့ ချစ်တတ်လွန်းတဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*