ငယ်ရွယ်စဉ်က ကူညီပေးခဲ့တဲ့သူတွေကိုကျေးဇူးဆပ်နိုင်ရန် မွေးရပ်မြေကနေအိမ်တွေကိုဖြိုချကာ မိသားစုတိုင်းအတွက် ဇိမ်ခံတိုက်ခန်းများ အခမဲ့ဆောက်လုပ်ပေးခဲ့တဲ့ စီးပွါးရှင်တစ်ဦး

ရံဖန်ရံခါမှာ ဆင်းရဲနွမ်းပါးရာကနေချမ်းသာကြွယ်ဝလာတဲ့ပုံပြင်တွေအကြောင်းကြားရတဲ့အခါ သန်းပေါင်းများစွာကိုပိုင်ဆိုင်ထားနိုင်လာတဲ့လူတွေဟာ သူတို့ဘယ်ကလာသည်ကို ဘဝမေ့သလိုမေ့သွားလောက်ပြီဟုသင်ထင်မိပါလိမ့်မယ်။ သို့ပေမဲ့ Xiong Shuihua အမည်ရှိဒီအမျိုးသားတစ်ဦးရဲ့ဇာတ်လမ်းမှာတော့မဟုတ်နေပါဘူး။ တရုတ်နိုင်ငံတောင်ပိုင်း ရှင်ဂျူးမြို့ Xiongkeng ကျေးရွာတွင် မွေးဖွားခဲ့တဲ့ Xiong ဟာ သူ့မိသားစုကို ဒေသခံတွေက သူတို့ရွာငယ်လေးမှာ ကောင်းကောင်းစောင့်ရှောက်ပေးခဲ့ပြီး ငယ်စဉ်ကလေးဘဝတစ်လျှောက်လုံး သူတို့ကိုပံ့ပိုးပေးခဲ့တယ်လို့ မမေ့မလျော့ဘဲ အမြဲပြောကာ စိတ်နှလုံးထဲမှတ်ထားနေခဲ့ပါတယ်။ Xiong ဟာ သံမဏိလုပ်ငန်းဖြင့် သန်းနဲ့ချီဝင်ငွေရလာတဲ့အချိန်မှာ သူဘယ်ကလာတယ်ဆိုတာကိုမေ့သွားမယ့်အစား သူ့စည်းစိမ်ဥစ္စာများဖြင့် ၎င်းဒေသခံတွေကိုပြန်ပေးဆပ်ဖို့အတွက် အရေးကြီးတယ်လို့ဆုံးဖြတ်ခဲ့ပြီး ၎င်းကို အခမဲ့လုပ်ခဲ့ပါတယ်။

.

Xiong ဟာ သူ့ရွာသို့ပြန်ရောက်တဲ့အခါ လူတိုင်းကို မိမိတို့နေထိုင်ရာ နေရာတစ်ခုပေးရန်ဆုံးဖြတ်ခဲ့ပါတယ်။ ထိုနေရာဟာ အလွန်ပင် ပျက်စီးပြိုကျနေပြီဖြစ်ပြီး အများစုမှာတော့ အခြေခံအိမ်တွင်၌သာနေထိုင်ခဲ့ကြရပါတယ်။

.

သူဟာ သူ့မွေးရပ်ဇာတိရွာကို အသွင်ပြောင်းရန်ဆုံးဖြတ်ခဲ့ပြီးနောက် ရွာရှိ မတူညီတဲ့ မိသားစု ၇၂ စုအတွက် ဇိမ်ခံတိုက်ခန်း ၇၂ ခန်း ဆောက်လုပ်ပေးခဲ့ပါတယ်။ သို့ပေမဲ့ သူကြီးပြင်းလာတာနဲ့အမျှ သူ့မိသားစုအပေါ် အလွန်ကြင်နာပေးခဲ့တဲ့ မိသားစု ၁၈ စုအတွက်ကတော့ ရွာမှာ ၎င်းတို့ကိုယ်ပိုင်ဇိမ်ခံအိမ်တွေကို ဆောက်လုပ်ပေးခဲ့ပါတယ်။ ၎င်းပရောဂျက်ဟာ ဒေါ်လာ ၅ သန်းကျော်အထိ အကုန်အကျခံအဆုံးသတ်ခဲ့ပါတယ်။

မိသားစုတိုင်းက ၎င်းတိုက်ခန်းအိမ်ရာသို့ ပြောင်းရွှေ့နေထိုင်ပြီးသည်နှင့်အမျှ Xiong က အသက်ကြီးသူများနှင့် ဝင်ငွေနည်းနေသူတွေကို တစ်နေ့လျှင် ထမင်းသုံးနပ်ကျွေးမွေးဖို့လည်း ကတိပေးထားခဲ့တာကြောင့် ၎င်းတို့မိသားစုကိုကျွေးမွေးရန် စိတ်ပူစရာလည်းမလိုတော့ပါဘူး။

Qiong Chu လို့အမည်ရတဲ့ အသက် 75 နှစ်အရွယ်နေထိုင်သူတစ်ဦးက “ သူ့မိဘတွေကို ကျွန်တော်သတိရတယ်။ သူတို့က တခြားသူတွေကိုအရမ်းဂရုစိုက်တတ်၊ ကြင်နာတတ်တဲ့သူတွေဖြစ်ပြီး သူတို့ရဲ့သားဖြစ်သူကလည်း အဲဒီကြင်နာမှုကို အမွေဆက်ခံရထားတော့ အရမ်းကောင်းပါတယ်။ ” ဟုဆိုခဲ့ပါတယ်။

Xiong က “ကျွန်တော့်ဆန္ဒတွေထက် ဝင်ငွေပိုရခဲ့တယ်၊ ဒါ့ကြောင့် ကျွန်တော့်ရဲ့ဘဝကိုလည်း မမေ့ထားချင်ဘူး ၊ ကျွန်တော် အကြွေးတွေကိုအမြဲပြန်ဆပ်ပြီး ငယ်ငယ်တုန်းက ကျွန်တော်နဲ့ကျွန်တော့်မိသားစုတွေကို ကူညီပေးခဲ့တဲ့သူတွေကို ကျေးဇူးလည်းပြန်ဆပ်ချင်နေခဲ့တယ် ” ဟု ပြောကြားခဲ့ပါတယ်။ ဒါဟာ တကယ့်ကို အံ့သြစရာကောင်းတဲ့ဇာတ်လမ်းဖြစ်ပြီး Xiong ဟာ အံ့ဩစရာကောင်းတဲ့စီးပွါးရေးသမားတစ်ယောက်ပါဘဲ။

လူတွေက သူတို့ဘယ်ကလာတယ်ဆိုတာကိုမှတ်မိတဲ့အခါ အထူးသဖြင့် သူတို့ရထားတဲ့ဝင်ငွေတွေကို ရပ်ရွာအတွက်ပြန်ပေးဆပ်ရင်း၊ သူတို့ထက်ဆင်းရဲနွမ်းပါးတဲ့လူတွေကိုကူညီပေးတဲ့ဇာတ်ခမ်းမျိုးကိုကြားသိရတဲ့အခါ ကျွန်တော်တို့အနေနဲ့လည်း နားထောင်ရတာ အရမ်းနားဝင်ချိုလှပါတယ်ဗျာ။

Mia (Mckzone daily)

Reference : buzznicked

Be the first to comment on "ငယ်ရွယ်စဉ်က ကူညီပေးခဲ့တဲ့သူတွေကိုကျေးဇူးဆပ်နိုင်ရန် မွေးရပ်မြေကနေအိမ်တွေကိုဖြိုချကာ မိသားစုတိုင်းအတွက် ဇိမ်ခံတိုက်ခန်းများ အခမဲ့ဆောက်လုပ်ပေးခဲ့တဲ့ စီးပွါးရှင်တစ်ဦး"

Leave a comment

Your email address will not be published.


*