ေခြးေလးရဲ႕အသက္ကိုကယ္တင္ဖို႔ ေအးခဲေနတဲ့ေရကန္ထဲသို႔ အကာအကြယ္မပါဘဲ ခုန္ဆင္းသြားခဲ့တဲ့ အမ်ိဳးသားတစ္ဦး (႐ုပ္သံ)

‘သူရဲေကာင္း’ ဆိုတဲ့ဘြဲ႕ႏွင့္ ထိုက္တန္သူမ်ားေတြဟာ တိရိစာၦန္တစ္ေကာင္ကိုကယ္တင္ဖို႔ အသက္ရွင္ျခင္း ဒါမွမဟုတ္ ေသျခင္းတရားအေျခအေနမွာ ၎တို႔ဘာလုပ္မယ္ဆိုတာကို​ အျခားလူအား ရွင္းျပဖို႔ခက္ပါတယ္။ Don Chatten အမည္ရွိအမ်ိဳးသားတစ္ဦးဟာ ေဆာင္းရာသီ ေအးခဲေနတဲ့ေန႔တစ္ေန႔မွာ New York ရွိ Buffalo ၿမိဳ႕တြင္ ၎ရဲ႕ေခြးေလးႏွစ္ေကာင္ႏွင့္အတူ လမ္းေလွ်ာက္ထြက္ေနစဥ္ အမ်ိဳးသမီးတစ္ဦးက သူမရဲ႕ေခြးေလးကိုရွာေဖြရန္ အကူအညီလွမ္းေတာင္းခဲ့ပါတယ္။ Don ဟာ သူမကို ကူညီဖို႔တြန႔္ဆုတ္မေနဘဲ ေနရာအႏွံ႔လိုက္ရွာေပးရင္း ေနာက္ဆုံး ေပ်ာက္ေနတဲ့ေခြးေလးကိုရွာေတြ႕ေတာ့ ေခြးေလးအႏၲရာယ္ရွိေနတာကိုသိၿပီး တစ္ခုခု အျမန္လုပ္ေဆာင္ရမယ္ဆိုတာကို သိသြားခဲ့ပါတယ္။

ေပ်ာက္ေနတဲ့ေခြးေလးက Ellicott Creek Park ပန္းၿခံရွိ ေရခဲေနနဲ႔ေရကန္ထဲသို႔ျပဳတ္က်ခဲ့ၿပီး ေခြးေလးကိုကယ္တင္ရန္ အခ်ိန္မ်ားစြာမရွိေတာ့တာကို Don ကလည္း သိခဲ့တာေၾကာင့္ 911 သို႔ ဖုန္းေခၚဆိုခဲ့ေပမဲ့လည္း ေနာက္က်မွေရာက္လာမွာကိုစိုးရိမ္ေနခဲ့တာေၾကာင့္ ေခြးေလးကို သူကိုယ္တိုင္ကယ္တင္ရန္ ဆုံးျဖတ္ခဲ့ေၾကာင္း WKBW သတင္းအရသိရပါတယ္။

အေပၚထပ္အက်ႌအပါးေလးသာဝတ္ထားတဲ့ Don က အစပိုင္းမွာ ေရခဲျပင္ေပၚကိုတြားသြားရင္း ျဖတ္သန္းသြားဖို႔ႀကိဳးစားေပမဲ့လည္း သူဟာ ေအးခဲေနတဲ့ေရကန္ထဲသို႔ ခါးေအာက္ပိုင္းအထိထိုးက်သြားခဲ့ပါတယ္။ “ကြၽန္ေတာ္ ငယ္ငယ္ေလးေလာက္ကတည္းက ဒီကိုမၾကာခဏေရာက္ဖူးေနလို႔ ဒီအပိုင္းမွာ တကယ္ေရမနက္ဘူးဆိုတာ ကြၽန္ေတာ္သိေနပါတယ္” ဟု Don က WKBW News သို႔ ေျပာၾကားခဲ့ပါေသးတယ္။ ထို႔ေနာက္ တုန္တုန္ယင္ယင္ျဖစ္ေနတဲ့ ေခြးေလးကို တိရိစာၦန္ေဆးကုဆရာဝန္ထံေခၚေဆာင္သြားခဲ့ေၾကာင္း အဆိုပါသတင္းမွာ ထပ္မံ ေဖာ္ျပထားခဲ့ပါတယ္။

Mia (Mckzone daily)

Reference : theanimalclub

Unicode

‘သူရဲကောင်း’ ဆိုတဲ့ဘွဲ့နှင့် ထိုက်တန်သူများတွေဟာ တိရိစ္ဆာန်တစ်ကောင်ကိုကယ်တင်ဖို့ အသက်ရှင်ခြင်း ဒါမှမဟုတ် သေခြင်းတရားအခြေအနေမှာ ၎င်းတို့ဘာလုပ်မယ်ဆိုတာကို​ အခြားလူအား ရှင်းပြဖို့ခက်ပါတယ်။ Don Chatten အမည်ရှိအမျိုးသားတစ်ဦးဟာ ဆောင်းရာသီ အေးခဲနေတဲ့နေ့တစ်နေ့မှာ New York ရှိ Buffalo မြို့တွင် ၎င်းရဲ့ခွေးလေးနှစ်ကောင်နှင့်အတူ လမ်းလျှောက်ထွက်နေစဉ် အမျိုးသမီးတစ်ဦးက သူမရဲ့ခွေးလေးကိုရှာဖွေရန် အကူအညီလှမ်းတောင်းခဲ့ပါတယ်။ Don ဟာ သူမကို ကူညီဖို့တွန့်ဆုတ်မနေဘဲ နေရာအနှံ့လိုက်ရှာပေးရင်း နောက်ဆုံး ပျောက်နေတဲ့ခွေးလေးကိုရှာတွေ့တော့ ခွေးလေးအန္တရာယ်ရှိနေတာကိုသိပြီး တစ်ခုခု အမြန်လုပ်ဆောင်ရမယ်ဆိုတာကို သိသွားခဲ့ပါတယ်။

ပျောက်နေတဲ့ခွေးလေးက Ellicott Creek Park ပန်းခြံရှိ ရေခဲနေနဲ့ရေကန်ထဲသို့ပြုတ်ကျခဲ့ပြီး ခွေးလေးကိုကယ်တင်ရန် အချိန်များစွာမရှိတော့တာကို Don ကလည်း သိခဲ့တာကြောင့် 911 သို့ ဖုန်းခေါ်ဆိုခဲ့ပေမဲ့လည်း နောက်ကျမှရောက်လာမှာကိုစိုးရိမ်နေခဲ့တာကြောင့် ခွေးလေးကို သူကိုယ်တိုင်ကယ်တင်ရန် ဆုံးဖြတ်ခဲ့ကြောင်း WKBW သတင်းအရသိရပါတယ်။

အပေါ်ထပ်အင်္ကျီအပါးလေးသာဝတ်ထားတဲ့ Don က အစပိုင်းမှာ ရေခဲပြင်ပေါ်ကိုတွားသွားရင်း ဖြတ်သန်းသွားဖို့ကြိုးစားပေမဲ့လည်း သူဟာ အေးခဲနေတဲ့ရေကန်ထဲသို့ ခါးအောက်ပိုင်းအထိထိုးကျသွားခဲ့ပါတယ်။ “ကျွန်တော် ငယ်ငယ်လေးလောက်ကတည်းက ဒီကိုမကြာခဏရောက်ဖူးနေလို့ ဒီအပိုင်းမှာ တကယ်ရေမနက်ဘူးဆိုတာ ကျွန်တော်သိနေပါတယ်” ဟု Don က WKBW News သို့ ပြောကြားခဲ့ပါသေးတယ်။ ထို့နောက် တုန်တုန်ယင်ယင်ဖြစ်နေတဲ့ ခွေးလေးကို တိရိစ္ဆာန်ဆေးကုဆရာဝန်ထံခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါသတင်းမှာ ထပ်မံ ဖော်ပြထားခဲ့ပါတယ်။

Mia (Mckzone daily)

Be the first to comment on "ေခြးေလးရဲ႕အသက္ကိုကယ္တင္ဖို႔ ေအးခဲေနတဲ့ေရကန္ထဲသို႔ အကာအကြယ္မပါဘဲ ခုန္ဆင္းသြားခဲ့တဲ့ အမ်ိဳးသားတစ္ဦး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*