ခ်စ္သူ Propose လုပ္တဲ့ညမွာ ႐ွိသမ်ွပစၥည္း အခိုးခံလိုက္ရတဲ့ မိန္းကေလးရဲ႕အျဖစ္

Yvonne Yong အမည္႐ွိတဲ့မိန္းကေလးနဲ႔ သူမရဲ႕မေလး႐ွားႏိုင္ငံသား ခ်စ္သူေကာင္ေလးတို႔ဟာ အားလပ္ရက္ခရီးကို ထိုင္းႏိုင္ငံ ၊ Koh Phangan ကြၽန္သို႔အတူ သြားေရာက္ခဲ့ၾကပါတယ္ ။ အဆိုပါေနရာသို႔ ေရာက္႐ွိေတာ့ သူမရဲ႕ခ်စ္သူဟာ သူမကို Romantic ဆန္ဆန္လက္ထပ္ခြင့္ေတာင္းခဲ့ၿပီးေနာက္ အဆိုပါညမွာပဲ သူမတို႔ေနထိုင္တဲ့ ဟိုတယ္ဝန္းထဲက အပန္းေျဖအိမ္ေလးဟာ သူခိုးရဲ႕ေဖာက္ထြင္းဝင္ေရာက္ခိုးယူျခင္းခံခဲ့ရၿပီး သူမတို႔ရဲ႕ ပိုက္ဆံအိတ္ေတြ ၊ ဖုန္းေတြ ၊ passport ေတြစတဲ့ ပါလာသမ်ွပစၥည္း အကုန္အခိုးခံခဲ့ရလို႔ တန္ဖိုးေငြ RM 15,270 ( ျမန္မာေငြ သိန္း 50 ေက်ာ္) ခန္႔ခိုးယူခံခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ December 14 ရက္ေန႔က ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အဆိုပါဟိုတယ္ရဲ႕ အေစာင့္ဝန္ထမ္းတစ္ဦးကသာ အပန္းေျဖတည္ခိုးအိမ္ 50 လံုးခန္႔ကို ကင္လွည့္ခဲ့ရေၾကာင္းႏွင့္ အဆိုပါညက အေစာင့္ဝန္ထမ္းဟာ သူ၏ဇနီး ေနမေကာင္းျဖစ္၍ ေနအိမ္ျပန္သြားခဲ့တာလည္း ျဖစ္ပါတယ္ ။ ဟိုတယ္ဝန္းမွာ ဝင္ေပါက္ႏွစ္ေပါက္သာ႐ွိေပမဲ့လည္း CCTV ႏွစ္ခုလံုးမွာ မည့္သည့္လူကိုမွ ႐ိုက္ယူထားမိတာမ႐ွိေၾကာင္းသိ႐ွိရပါတယ္ ။ သူမတို႔ဟာ Passport ေပ်ာက္ဆံုးသြားလို႔ ရဲစခန္းသို႔တိုင္ၾကားထားရၿပီး သူမတို႔ရဲ႕ခရီးစဥ္လည္းပ်က္ဆီးသြားရေၾကာင္း သိ႐ွိရပါတယ္ ။

သူမတို႔နဲ႔အတူလိုက္ပါလာခဲ့တဲ့ သူငယ္ခ်င္းတစ္ေယာက္မွာလည္း သူခိုးဝင္ေရာက္လာစဥ္အခ်ိန္က အခန္းထဲမွာ႐ွိေနခဲ့ေပမဲ့လည္း သူမကသရဲလို႔သာထင္ေနခဲ့လို႔ တိတ္တဆိတ္ေနခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကို ဟိုတယ္ဖက္ကလည္း တာဝန္ယူေပးျခင္းမ႐ွိတဲ့အျပင္ ၊ ရဲအရာ႐ွိေတြကလည္း အေရးတယူေဆာင္ရြက္ေပးျခင္းမ်ိဳးမ႐ွိခဲ့တဲ့အတြက္ အေတာ္ေလးစိတ္ပ်က္ခဲ့ရေၾကာင္း သူမရဲ႕ Facebook စာမ်က္ႏွာေပၚမွာလည္း ေရးသားခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Yvonne Yong အမည်ရှိတဲ့မိန်းကလေးနဲ့ သူမရဲ့မလေးရှားနိုင်ငံသား ချစ်သူကောင်လေးတို့ဟာ အားလပ်ရက်ခရီးကို ထိုင်းနိုင်ငံ ၊ Koh Phangan ကျွန်သို့အတူ သွားရောက်ခဲ့ကြပါတယ် ။ အဆိုပါနေရာသို့ ရောက်ရှိတော့ သူမရဲ့ချစ်သူဟာ သူမကို Romantic ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့ပြီးနောက် အဆိုပါညမှာပဲ သူမတို့နေထိုင်တဲ့ ဟိုတယ်ဝန်းထဲက အပန်းဖြေအိမ်လေးဟာ သူခိုးရဲ့ဖောက်ထွင်းဝင်ရောက်ခိုးယူခြင်းခံခဲ့ရပြီး သူမတို့ရဲ့ ပိုက်ဆံအိတ်တွေ ၊ ဖုန်းတွေ ၊ passport တွေစတဲ့ ပါလာသမျှပစ္စည်း အကုန်အခိုးခံခဲ့ရလို့ တန်ဖိုးငွေ RM 15,270 ( မြန်မာငွေ သိန်း 50 ကျော်) ခန့်ခိုးယူခံခဲ့ရကြောင်း သိရှိရပါတယ် ။

အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ December 14 ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဆိုပါဟိုတယ်ရဲ့ အစောင့်ဝန်ထမ်းတစ်ဦးကသာ အပန်းဖြေတည်ခိုးအိမ် 50 လုံးခန့်ကို ကင်လှည့်ခဲ့ရကြောင်းနှင့် အဆိုပါညက အစောင့်ဝန်ထမ်းဟာ သူ၏ဇနီး နေမကောင်းဖြစ်၍ နေအိမ်ပြန်သွားခဲ့တာလည်း ဖြစ်ပါတယ် ။ ဟိုတယ်ဝန်းမှာ ဝင်ပေါက်နှစ်ပေါက်သာရှိပေမဲ့လည်း CCTV နှစ်ခုလုံးမှာ မည့်သည့်လူကိုမှ ရိုက်ယူထားမိတာမရှိကြောင်းသိရှိရပါတယ် ။ သူမတို့ဟာ Passport ပျောက်ဆုံးသွားလို့ ရဲစခန်းသို့တိုင်ကြားထားရပြီး သူမတို့ရဲ့ခရီးစဉ်လည်းပျက်ဆီးသွားရကြောင်း သိရှိရပါတယ် ။

သူမတို့နဲ့အတူလိုက်ပါလာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်မှာလည်း သူခိုးဝင်ရောက်လာစဉ်အချိန်က အခန်းထဲမှာရှိနေခဲ့ပေမဲ့လည်း သူမကသရဲလို့သာထင်နေခဲ့လို့ တိတ်တဆိတ်နေခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ အဆိုပါအဖြစ်အပျက်ကို ဟိုတယ်ဖက်ကလည်း တာဝန်ယူပေးခြင်းမရှိတဲ့အပြင် ၊ ရဲအရာရှိတွေကလည်း အရေးတယူဆောင်ရွက်ပေးခြင်းမျိုးမရှိခဲ့တဲ့အတွက် အတော်လေးစိတ်ပျက်ခဲ့ရကြောင်း သူမရဲ့ Facebook စာမျက်နှာပေါ်မှာလည်း ရေးသားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment