ပန်းများကို အသုံးပြုမဲ့အစား မင်္ဂလာပွဲဝင်ပေါက်ကို မတူညီတဲ့ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများဖြင့် ပေါင်းစပ်ဖန်တီးထားတဲ့ မိသားစုတစ်စု




JRose (Mckzone daily)

Reference : yan

Unicode

မင်္ဂလာပွဲက အလွန်အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်သောကြောင့် မိသားစုများက အထူးသတိထားရမဲ့အပြင် အထူးသဖြင့် ဓာတ်ပုံနောက်ခံအဖြစ်အသုံးပြုတဲ့ မင်္ဂလာတံခါးဧရိယာကို အလှဆင်ရန် အထူးဂရုပြုလေ့ရှိကြပါတယ် ။ ရေပန်းစားနေဆဲဖြစ်တဲ့ ထူးခြားဆန်းသစ်တဲ့ မင်္ဂလာဆောင်တံခါးများရဲ့ တီထွင်ဖန်တီးမှုကြောင့် လူအများ အံ့သြမိပါတယ် ။ Cai Lay ခရိုင် Tien Giang မှ Mr. Vo Van Tam ဟာ မကြာသေးခင်က ပြည်တွင်းရိုးရာမင်္ဂလာတံခါးပုံစံရဲ့ ထူးခြားဆန်းသစ်မှုကို ဝေမျှလာခဲ့ပါတယ် ။ ထိုမင်္ဂလာတံခါးပုံစံက ငရုတ်သီး 30 ကီလိုဂရမ်၊ ရုံးပတီသီး 20 ကီလိုဂရမ်၊ ပဲစေ့ 2 ကီလိုဂရမ်နဲ့ ကွမ်းသီးအခန်း 10 ခန်းဖြင့် ပြုလုပ်ထားပါတယ် ။ တံခါးကို ပိုမိုလှပတောက်ပစေရန် အလုပ်သမားများက နှင်းဆီအစုအဝေးများ၊ ဂန္ဓမာပန်းများနဲ့ အခြားပန်းများစွာကို ပေါင်းထည့်ကြပါတယ် ။

တစ်ဖက်မှာလည်း ပြင်ဆင်သူများက အလွန်တီထွင်ဖန်တီးထားတဲ့ နှလုံးပုံသဏ္ဍာန်ပြုလုပ်ရန် နဂါးမောက်သီးအမြောက်အမြားကို အသုံးပြုခဲ့ပါတယ် ။ အထူးမင်္ဂလာဆောင်တံခါးတစ်ခုပြုလုပ်ရန် ကုန်ကျဈေးနှုန်းက VND 24 သန်း ကုန်ကျပါတယ် ။ Dan Tri သတင်းစာက ဒီထုတ်ကုန်ကို ပြီးပြည့်စုံအောင်လုပ်ဖို့ ကျွမ်းကျင်လုပ်သား ၅ ဦးနဲ့ ၅ ရက်နီးပါး အလုပ်လုပ်ဖို့ လိုအပ်တယ်လို့ ရေးသားထားပါတယ် ။

မင်္ဂလာဆောင်တံခါးက မင်္ဂလာပွဲသို့ ဧည့်သည်များကို ဆွဲဆောင်မှုရှိတဲ့ ပထမဆုံးအချက်များထဲမှ တစ်ခုလို့ ဆိုနိုင်ပါတယ် ။ ၎င်းတို့ရဲ့ နဂါးမောက်သီးနဲ့ ငှက်ပျောသီးများမှ ပြုလုပ်ထားတဲ့ တံခါးကြောင့် လူမှုကွန်ရက်ပေါ်မှာ လူများကို အံ့အားသင့်စေခဲ့ပါတယ် ။ မင်းရဲ့ ပျော်ရွှင်စရာကောင်းတဲ့နေ့လေးမှာ ဒီလိုထူးခြားတဲ့ မင်္ဂလာဆောင်တံခါးကို ပိုင်ဆိုင်ချင်ပါသလား ။

JRose (Mckzone daily)

Be the first to comment on "ပန်းများကို အသုံးပြုမဲ့အစား မင်္ဂလာပွဲဝင်ပေါက်ကို မတူညီတဲ့ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများဖြင့် ပေါင်းစပ်ဖန်တီးထားတဲ့ မိသားစုတစ်စု"

Leave a comment

Your email address will not be published.


*