ကျွတ်သွားတဲ့ဆံပင်တွေကို တစ်နှစ်ကြာအောင် စုဆောင်းထားပြီး ဆံပင်တုပြုလုပ်ကာ မိမိရဲ့ဆံပင်နဲ့ ပြန်ဆက်ခဲ့တဲ့ မိန်းကလေး




JRose (Mckzone daily)

Reference : khaosod

Unicode

ပုံမှန်အားဖြင့် မိန်းကလေးတိုင်းက ဆံပင်ကို ပိုထူပြီး ပိုရှည်စေချင်တာကြောင့် အလှပြင်ဆိုင်သို့သွားပြီး ဆံပင်ကို တိုးချဲ့ခြင်းတို့ ပြုလုပ်တက်ကြပါတယ် ။ ဒါပေမယ့် ဒီကောင်မလေးက အဲလိုမဟုတ်ဘဲ သူမက ကိုယ်ပိုင်ဆံပင်ကို အသုံးပြုပြီး ၎င်းရဲ့ဆံပင်ဆက်ခြင်းပြုလုပ်ရန် DIY နည်းလမ်းများမှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ် ။ သူမက ကျွတ်သွားတဲ့ ဆံပင်အားလုံးကို တစ်နှစ်ကြာ စုဆောင်းခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ် ။ တစ်နေ့ကို ဆံပင်က ၄၀ ခန့် ကျွတ်နေတာကို သတိပြုမိပြီးနောက် ၃၆၅ ရက်အတွင်း ဆံပင်ပေါင်း သောင်းနဲ့ချီပြီး စုဆောင်းနိုင်ကြောင်း တွက်ချက်ခဲ့ပါတယ် ။

ထို့ကြောင့် ဆံပင်ကို စတင်စုဆောင်းရန် ကြမ်းပြင် ၊ ရေချိုးခန်း ၊ ခေါင်းအုံး တွေမှာပဲဖြစ်ဖြစ် ကြွေကျနေတဲ့ ဆံပင်တွေကို တွဲချည်ပြီး အိတ်ကောင်းကောင်းထဲမှာ သိမ်းထားခဲ့ပါတယ် ။ ထို့နောက် ဆံပင်ကြိုးတစ်ချောင်းစီကို နှစ်ထပ်တိပ်ဖြင့် ကပ်လိုက်ပြီး ရှုပ်ယှက်ခတ်မနေစေရန် ဆံပင်ကို ညင်သာစွာ ဖြီးပေးပါတယ် ။ ဆံပင်စည်းများစွာကို စုဆောင်းရတဲ့အခါမှာ သူမက ပန်းစည်းကြီးတစ်ခုဖွဲ့ရန် ၎င်းတို့ကို တွဲလိုက်ပါတယ် ။

အင်တာနက်သုံးစွဲသူများ ကြည့်ရှုရန် ထို DIY ဆံပင်အဆက်နည်းများကို ဘယ်လိုထားရမှာကိုလည်း သရုပ်ပြပေးခဲ့ပါတယ် ။ ပုံတွေအားလုံးကို TikTok မှာတင်ထားတာကြောင့် ချက်ချင်းဆိုသလို ပျံ့နှံ့ သွားပါတယ်။ အင်တာနက်အသုံးပြုသူအချို့က သူမလုပ်ခဲ့တာကို အံ့သြသွားကြပြီး အချို့က သူမရဲ့ ကြိုးစားအားထုတ်မှုကို အံ့အားသင့်ခဲ့ကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ကျွတ်သွားတဲ့ဆံပင်တွေကို တစ်နှစ်ကြာအောင် စုဆောင်းထားပြီး ဆံပင်တုပြုလုပ်ကာ မိမိရဲ့ဆံပင်နဲ့ ပြန်ဆက်ခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*