စားသောက်ဆိုင်အပြင်ဘက်မှာ ကော်ဖီတစ်ခွက်သောက်ဖို့စောင့်နေရင်း တံတားအောက်ပြုတ်ကျသွားခဲ့ပေမဲ့ တွေးတွေးရင်း အပြုံးမပျက်ဖြစ်နေခဲ့တဲ့ လူငယ်တစ်ဦး

မကြာသေးမီက စားသောက်ဆိုင်တစ်ဆိုင်မှ ကော်ဖီတစ်ခွက်ကို စောင့်နေခဲ့တဲ့အမျိုးသားတစ်ဦးဟာ ဆိုင်အပြင်ဘက်ရှိတံတားပေါ်မှ မတော်တဆပြုတ်ကျသွားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ စိတ်ကောင်းနှလုံးကောင်းနဲ့ ပြုံးပျော်နေသေးတာကြောင့် အင်တာနက်သုံးစွဲသူတွေကတော့ အတော်လေးကို အံ့အားသင့်ခဲ့ကြပါတယ်။ ဘဝမှာ မထင်မှတ်ထားတဲ့အရာတွေ ကြုံရတတ်ပါတယ်။ လူများစွာဟာ ထိုသို့သောအခြေအနေတွေ ဖြစ်ပေါ်လာတဲ့အခါမှာ အရာရာကို ကိုင်တွယ်ဖြေရှင်းကြရပြီး၊ ထိုအဖြစ်အပျက်များက ကျွန်တော်တို့ရဲ့စရိုက်လက္ခဏာနှင့် ကျွန်တော်တို့က ဘယ်လိုလူမျိုးဆိုတာကို ပြသပေးပါတယ်။ ခုလည်း ကော်ဖီတစ်ခွက်သောက်ချင်ပေမယ့် တံတားပေါ်ကနေ ပြုတ်ကျသွားတဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ @jaafar.abubakar ကို ဥပမာအနေနဲ့ ကြည့်နိုင်ပါတယ်။

အဆိုပါလူငယ်ဟာ မလေးရှားနိုင်ငံ Pontian ခရိုင် Johor မြို့ရှိ Tanjung Piai ဆိုတဲ့အပန်းဖြေရာအငူမှာ ကော်ဖီတစ်ခွက်သောက်ဖို့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်နေတယ်လို့ သူ့ရဲ့ Facebook အကောင့်မှာ ဝေမျှပေးခဲ့ပါတယ်။ ဒါပေမဲ့ ၎င်းတို့ဘော်ဒါတစ်စုဟာ Kedai Pak Atan မှာလည်း ပင်လယ်စာသွားစားကြဖို့ စီစဉ်ထားခဲ့ကြသေးပါတယ်။

ထို့နောက် စားသောက်ဆိုင်သွားရာလမ်းမှာ အဆိုပါအမျိုးသားဟာ ဆွေးမြေ့နေမှန်းမသိဘဲ လက်ကိုတံတားလက်ရန်းပေါ်တင်လိုက်တဲ့အချိန်မှာ ခနော်ခနဲ့ ဆွေးမြေ့နေတဲ့တံတားလက်ရန်းကလည်း ကျိုးသွားလို့ သူဟာ တံတားအောက်က ရွှံ့ပွက်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်။ ထို့နောက် အဆိုပါလူငယ်က တစ်ကိုယ်လုံးနီးပါး ရွှံ့ပွက်တွေပေသွားခဲ့ပေမဲ့လည်း အပြုံးကတော့ မပျက်နေခဲ့တာကို ပုံကြည့်ပြီးတွေ့နိုင်ပါတယ်။

ဒီလူဟာ တော်တော် positive mind ရှိတဲ့လူတစ်ယောက်လို့ဆိုနိုင်ပါတယ်။ ထို့နောက် @jaafar.abubakar က “ တံတားတွေကို သတိထားပါ ၊ ဒီတံတားက ကြာနေပြီဖြစ်လို့ ဆွေးမြေ့ပြီး ကျိုးသွားနိုင်တယ်၊ အဲ့ဒါနဲ့ဘဲ အောက်ပြုတ်ကျသွားနိုင်တယ် ” လို့ အခြားသူတွေကို သတိပေးပြောဆိုခဲ့ပါတယ်။

အဲဒီနေရာကိုရောက်ဖူးတဲ့ အင်တာနက်သုံးစွဲသူတော်တော်များများက သူ့ဇာတ်လမ်းကို အတည်ပြုပေးခဲ့ကြပြီး လက်ရန်းကို ကိုင်ရတာ အရမ်းဟောင်းနေပြီလို့ ပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့် လက်ရန်းမကိုင်ခင် ဂရုတစိုက်နဲ့ အရင်စစ်ဆေးဖို့ တစ်ချို့က သတိပေးပေမယ့် ၎င်းစားသောက်ဆိုင် ဒါမှမဟုတ် အစိုးရအနေနဲ့ အဲဒီနေရာကိုပြင်သင့်တယ်လို့လည်း အချို့က ထောက်ပြခဲ့ကြပါသေးတယ်။

@jaafar.abubakar ဟာ သူ့ရဲ့ဒုက္ခတစ်လျှောက်လုံး ပြုံးနိုင်နေဆဲဖြစ်တာကြောင့် အခြားသူတွေက အထင်ကြီးသွားခဲ့ကြပါသေးတယ်။ ရွှံ့ထဲမှာရှိနေတုန်း သူ့သူငယ်ချင်းတွေနဲ့အတူရယ်မောရင်း သူ့ကိုယ်မှာ ရွှံ့တွေအပြည့်ဖုံးထားနေတာတောင် @jaafar.abubakar သူ့ကိုယ်သူ တွေးတွေးရင်း တော်တော်ပျော်နေပုံရပါတယ်လေ။

Mia (Mckzone daily)

Reference : rachfeed

Be the first to comment on "စားသောက်ဆိုင်အပြင်ဘက်မှာ ကော်ဖီတစ်ခွက်သောက်ဖို့စောင့်နေရင်း တံတားအောက်ပြုတ်ကျသွားခဲ့ပေမဲ့ တွေးတွေးရင်း အပြုံးမပျက်ဖြစ်နေခဲ့တဲ့ လူငယ်တစ်ဦး"

Leave a comment

Your email address will not be published.


*