မိဘများရဲ့ဆန္ဒကို မလွန်ဆန်နိုင်သလို ချစ်သူနဲ့လည်း လမ်းမခွဲချင်တာကြောင့် သူမအား ထားမသွားဖို့ မရမကတောင်းဆိုဆွဲထားနေခဲ့တဲ့ မိန်းကလေး

အိမ်ထောင်ပြုခြင်းက လူတိုင်းရဲ့ဘဝမှာ အရေးကြီးသောဖြစ်ရပ်တစ်ခုဖြစ်ပေမဲ့လည်း၊ ကျွန်တော်တို့ဟာ အိမ်ထောင်ပြုရန် အဆင်သင့်မဖြစ်မီလေးမှာ နှစ်ဖက်မိဘများရဲ့ခွင့်ပြုချက်ကိုတောင်းခံရန် ကြီးမားတဲ့အခက်အခဲတစ်ခုရှိနေပါသေးတယ်။ မကြာသေးမီက တရုတ်နိုင်ငံ Shenzhen ပြည်နယ် Guangdong မြို့ရှိ ကားရပ်နားရာနေရာတစ်ခုမှာ စုံတွဲတစ်တွဲ ငိုကြွေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ လက်ထပ် တင်တောင်းခွင့်ကမ်းလှမ်းချက်အပေါ် ကောင်လေး၏မိသားစုက သဘောမတူတာကြောင့် လမ်းခွဲကြရသည်ဟု ၎င်းတို့နှစ်ဦးက ယူဆနေခဲ့ကြပါတယ်။ ထိုစဉ်က ချစ်သူကောင်မလေးဟာ ကောင်လေးကို မထားခဲ့ဖို့တောင်းပန်ပြီး နှစ်ယောက်သား အခက်အခဲတွေကို ကျော်ဖြတ်ဖို့ နည်းလမ်းရှာနိုင်မယ်လို့ မျှော်လင့်နေခဲ့ပါတယ်။

သို့ပေမဲ့ ကောင်လေးက သူဟာ အစွမ်းအစမရှိတဲ့လူတစ်ယောက်ဖြစ်နေလို့ သူတို့နှစ်ဦးက အတူမနေနိုင်တော့ဘူးလို့ ပြောဆိုနေခဲ့ပါတယ်။ ဒီစုံတွဲတို့ လမ်းခွဲလိုက်တဲ့ မြင်ကွင်းက မြင်ရသူအဖို့ အလွန်ပင်ဝမ်းနည်းစရာကောင်းပါတယ်။ ကောင်မလေးက ချစ်သူဖြစ်သူကို ပွေ့ဖက်ကာ ငိုယိုရင်း သူမကိုမထားခဲ့ဖို့ အဆက်မပြတ်တောင်းဆိုဆွဲထားနေခဲ့ပြီး သူမက ” ငါ့ကိုထားမသွားပါနဲ့! ၊ ကျေးဇူးပြုပြီး မထားခဲ့ပါနဲ့၊ ရှင့်မိသားစုကို အခြားနည်းလမ်းတစ်ခု စဉ်းစားခိုင်းကြည့်ပါ့လား ” လို့ပြောနေခဲ့ပါတယ်။

သူမနဲ့ သူမချစ်သူတို့က လက်ထပ်ဖို့ဆွေးနွေးတဲ့အဆင့်ကို ရောက်နေပြီဖြစ်ပေမယ့် သူမမိဘတွေက လက်ထပ်ချင်တယ်ဆိုရင်တော့ ၎င်းတို့ရဲ့သမီးကိုလက်ထပ်ဖို့သဘောမတူခင်မှာ ကောင်လေးဖြစ်သူက သမီးဖြစ်သူကို ခန်းဝင်ကြေးအဖြစ် အမေရိကန် ဒေါ်လာ ၄၆,၈၅၀.၀၀ (တရုတ် ယွမ် ၃၀၀,၀၀၀ ခန့်) ပေးရမယ်လို့ဆိုထားခဲ့ပါတယ်။

၎င်းတို့စုံတွဲဟာ နိုင်ငံခြားကနေအလုပ်လုပ်ဖို့ Shenzhen မြို့ကိုလာခဲ့ကြတာပါ။ ၂ နှစ်ကျော်ကြာချစ်ကြိုက်ခဲ့ကြပေမဲ့လည်း စီးပွါးရေးအခြေအနေမကောင်းတာကြောင့် ၎င်းတို့မှာ စုဆောင်းထားတဲ့ငွေ၊ ကားနှင့် အိမ်တို့မရှိပါဘူး။

ကောင်လေးရဲ့မိဘများက ၎င်းတို့နှစ်ဦးရဲ့လက်ထပ်ခြင်းကို သဘောမတူသလို ယောက်ျားဖြစ်သူအား သတို့သမီးဈေးနှုန်းအတွက် အမေရိကန်ဒေါ်လာ 46,850.00 ပေးရန် တောင်းဆိုခဲ့ပေမဲ့လည်း ကောင်လေးရဲ့မိသားစုက ခန်းဝင်ကြေးကို အမှန်တကယ်မတတ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ၎င်းတို့နှစ်ဦးဟာ လမ်းခွဲလိုက်ဖို့မှတပါး အခြားရွေးချယ်စရာမရှိတော့ပါဘူး။

ကောင်မလေးက သူမချစ်သူနဲ့ လမ်းမခွဲချင်ပေမယ့် မိဘတွေရဲ့ဆန္ဒကိုလည်း မလွန်ဆန်နိုင်ခဲ့တာကြောင့် သူမဟာ သူမရဲ့ချစ်သူအား မိသားစုနဲ့ ပြန်ဆွေးနွေးတာ ဒါမှမဟုတ် အခက်အခဲတွေကျော်လွှားဖို့ အလွယ်နည်းနည်းနဲ့ ပိုက်ဆံချေးခိုင်းနေခဲ့ပါတယ်။

သို့ပေမဲ့ ကောင်လေးက သူ့မိဘတွေကို ကိုယ်ပိုင်ကိစ္စကြောင့် ဒုက္ခမပေးချင်ဘူးလို့ဆိုကာ မျက်ရည်များစီးကျရင်း တွန့်ဆုတ်စွာ လမ်းခွဲလိုက်ပြီး ” ကျေးဇူးပြုပြီး လွှတ်လိုက်ပါ၊ ငါ့မိဘတွေ ဒုက္ခများလှပြီ ” လို့သာ ရေရွတ်ပြောဆိုနေခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့လက်တွေ့မှာ ဤစုံတွဲရဲ့ဆက်ဆံရေးဟာ ဤနေရာ၌သာ အဆုံးသတ်သွားခဲ့ပုံရပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "မိဘများရဲ့ဆန္ဒကို မလွန်ဆန်နိုင်သလို ချစ်သူနဲ့လည်း လမ်းမခွဲချင်တာကြောင့် သူမအား ထားမသွားဖို့ မရမကတောင်းဆိုဆွဲထားနေခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*