ဖ်ားနာေနတဲ့ဇနီးသည္ကို ေထာက္ပံ့ေပးဖို႔ အလုပ္2ခုလုပ္ရင္း အသက္ေသဆံုးသြားခဲ့ရတဲ့ အမ်ိဳးသား

ဖခင္ဆိုတာက မိသားစုတာဝန္ေတြကို အျပည့္အဝထမ္းယူေနရသူပါ ။ဒီတစ္ေခါက္မွာလည္း ဖခင္တစ္ဦးဟာ အလုပ္လုပ္ေနရင္ကေန အသက္ေသဆံုးသြားခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါအမ်ိဳးသားဟာ မိသားစုကိုေထာက္ပံ႔ေပးနိုင္ဖို႔ စင္ကာပူႏိုင္ငံသို႔ 10 ႏွစ္ခန္႔အလုပ္လာေရာက္ လုပ္ကိုင္ေနသူျဖစ္ပါတယ္ ။ Phang Wei Sum အမည္႐ွိတဲ့ အသက္ 42ႏွစ္အရြယ္ အဆိုပါအမ်ိဳးသားဟာ Engineering Company တစ္ခုမွအခ်ိန္ျပည့္ဝန္ထမ္းတစ္ေယာက္ျဖစ္ေပမဲ့လည္း သူ၏ဖ်ားနာေနတဲ့ဇနီးသည္အတြက္ အပိုဝင္ေငြရေအာင္ဆိုၿပီး အစားအေသာက္ပို႔ေဆာင္တဲ့ အလုပ္တစ္ခုကိုပါ ထပ္ၿပီဝင္လုပ္ခဲ့ပါတယ္ ။

ထို႔ေနာက္ အဆိုပါအမ်ိဳးသားဟာ ဆိုင္ကယ္ျဖင့့္အစားအေသာက္ပို႔ေဆာင္ေပးတဲ့ လုပ္ငန္းလုပ္ကိုင္ေနရင္ လမ္းေပၚမွာ အမႈိက္ကားတစ္စီးႏွင့္ မေတာ္တဆယာဥ္တိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ အဆိုပါေနရာတြင္ဘဲ ပြဲခ်င္းၿပီးေသဆံုးသြားခဲ့ရပါတယ္ ။ ထို႔ျပင္ အဆိုပါအမ်ိဳးသားဟာ စင္ကာပူႏိုင္ငံမွာ အလုပ္လုပ္ကိုင္ေနခဲ့တာ 10 ႏွစ္ခန္႔႐ွိေနၿပီျဖစ္ၿပီ ၊ စင္ကာပူႏိုင္ငံတြင္ အေျခခ်ႏိုင္ဖို႔ စီစဥ္ထားသူလည္းျဖစ္ပါတယ္ ။

သူ၏မိသားစုဝင္ေတြျဖစ္တဲ့ ဖ်ားနာေနတဲ့ဇနီးသည္ ႏွင့္ အသက္ 11ႏွစ္အရြယ္ သမီးျဖစ္သူတို႔မွာ အဆိုပါအျဖစ္အပ်က္အေၾကာင္းကို မသိခဲ့ေပမဲ့လည္း ၊ Social Media ေပၚမွာ အဆိုပါသတင္းက အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ခ်ိန္မွ သိ႐ွိသြားခဲ့ရတာျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။ Wei Sum ရဲ႕႐ုပ္အေလာင္းကိုေတာ့ မေလး႐ွားႏိုင္ငံ Ipoh ၿမိဳ႕သို႔ ျပန္လည္သယ္ေဆာင္လာၿပီးမွ ျမဳပ္ႏွံသြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖခင်ဆိုတာက မိသားစုတာဝန်တွေကို အပြည့်အဝထမ်းယူနေရသူပါ ။ဒီတစ်ခေါက်မှာလည်း ဖခင်တစ်ဦးဟာ အလုပ်လုပ်နေရင်ကနေ အသက်သေဆုံးသွားခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ မိသားစုကိုထောက်ပံ့ပေးနိုင်ဖို့ စင်ကာပူနိုင်ငံသို့ 10 နှစ်ခန့်အလုပ်လာရောက် လုပ်ကိုင်နေသူဖြစ်ပါတယ် ။ Phang Wei Sum အမည်ရှိတဲ့ အသက် 42နှစ်အရွယ် အဆိုပါအမျိုးသားဟာ Engineering Company တစ်ခုမှအချိန်ပြည့်ဝန်ထမ်းတစ်ယောက်ဖြစ်ပေမဲ့လည်း သူ၏ဖျားနာနေတဲ့ဇနီးသည်အတွက် အပိုဝင်ငွေရအောင်ဆိုပြီး အစားအသောက်ပို့ဆောင်တဲ့ အလုပ်တစ်ခုကိုပါ ထပ်ပြီဝင်လုပ်ခဲ့ပါတယ် ။

ထို့နောက် အဆိုပါအမျိုးသားဟာ ဆိုင်ကယ်ဖြင့်အစားအသောက်ပို့ဆောင်ပေးတဲ့ လုပ်ငန်းလုပ်ကိုင်နေရင် လမ်းပေါ်မှာ အမှိုက်ကားတစ်စီးနှင့် မတော်တဆယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါနေရာတွင်ဘဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ရပါတယ် ။ ထို့ပြင် အဆိုပါအမျိုးသားဟာ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေခဲ့တာ 10 နှစ်ခန့်ရှိနေပြီဖြစ်ပြီ ၊ စင်ကာပူနိုင်ငံတွင် အခြေချနိုင်ဖို့ စီစဉ်ထားသူလည်းဖြစ်ပါတယ် ။

သူ၏မိသားစုဝင်တွေဖြစ်တဲ့ ဖျားနာနေတဲ့ဇနီးသည် နှင့် အသက် 11နှစ်အရွယ် သမီးဖြစ်သူတို့မှာ အဆိုပါအဖြစ်အပျက်အကြောင်းကို မသိခဲ့ပေမဲ့လည်း ၊ Social Media ပေါ်မှာ အဆိုပါသတင်းက အတော်လေးပျံ့နှံ့သွားခဲ့ချိန်မှ သိရှိသွားခဲ့ရတာဖြစ်ကြောင်းသိရှိရပါတယ် ။ Wei Sum ရဲ့ရုပ်အလောင်းကိုတော့ မလေးရှားနိုင်ငံ Ipoh မြို့သို့ ပြန်လည်သယ်ဆောင်လာပြီးမှ မြုပ်နှံသွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment