နိုင်ငံရပ်ခြားကနေ မြန်မာငွေ ၁၄၃ သိန်းနီးပါးတန်တဲ့ ငွေပန်းစည်းဖြင့် မိခင်ကို စပရိုက်လှမ်းတိုက်ပေးခဲ့တဲ့ အမျိုးသမီး

လက်ဆောင်ပေးခြင်းဟာ တစ်စုံတစ်ဦးအပေါ် ကျွန်ုပ်တို့ရဲ့ ချစ်ခြင်းမေတ္တာနှင့်လေးမြတ်မှုကို ပြသရန် နည်းလမ်းတစ်ခုဖြစ်သည်။ ဒါက ရုပ်ဝတ္ထုဆန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပေမယ့် တစ်စုံတစ်ယောက်ကို ချစ်တယ်လို့ပြောလိုက်တာထက် ပိုပျော်စရာကောင်းတယ်လို့ ဝန်ခံပါရစေ။ အချစ်ရှိတဲ့လူတွေရဲ့အိပ်မက်က လူတွေက ၎င်းတို့အချစ်ကို လက်ဆောင်ပေးခြင်းဖြင့် ပိုခံစားရစေတာလဲဖြစ်နိုင်သလို လက်ခံရရှိတဲ့သူအဖို့လည်း စိတ်ပျော်ရွှင်စရာကောင်းပြီး တစ်ဖက်လူရဲ့အချစ်ကိုခံစားရစေနိုင်ပါတယ်။ ပြီးတော့ သမီးဖြစ်သူက သူမရဲ့မိဘတွေကို ချစ်ကြောင်းပြသဖို့ အထူးလက်ဆောင်ပေးခြင်းထက် ပိုပျော်စရာကောင်းတာမရှိနိုင်ပါဘူး။ ငွေစက္ကူရွက်များနှင့် ချောကလက်များပါဝင်တဲ့ပန်းစည်းကြီးရဲ့ဓာတ်ပုံကိုမျှဝေပေးလိုက်ပြီးနောက်မှာ လက်ဆောင်ဝန်ဆောင်မှုရဲ့ ၎င်း post ဟာ ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။

၎င်းဟာ သမီးဖြစ်သူရဲ့တစ်ဦးတည်းသောမိခင်အတွက် ဖိလစ်ပိုင် ပီဆို ၄၀၀,ဝဝဝ ( မြန်မာငွေ ၁၄၃ သိန်းနီးပါး) တန်ဖိုးရှိတဲ့ အထူး စပရိုက်လက်ဆောင်ဘဲဖြစ်ပါတယ်။ ပြည်ပမှာအလုပ်လုပ်နေတဲ့သမီးဖြစ်သူဟာ သူမရဲ့မိခင်ကို ပျော်ရွှင်စေလိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမဟာ ဒါကို လွန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းက စီစဉ်ထားခဲ့တာဘဲဖြစ်ပါတယ်။

Netizen များစွာကလည်း ၎င်းတို့မိခင်ကို ဒီလိုလက်ဆောင်မျိုးပေးနိုင်ပါ့မလားဆိုတဲ့စိတ်နဲ့ သူမရဲ့အထူးလက်ဆောင်ကို အားကျနေခဲ့ကြပါတယ်။ ကိုယ်ရေးကိုယ်တာအတွက်၊ သူမက တစ်ဦးချင်းစီရဲ့အထောက်အထားကို မဖော်ပြစေခဲ့တာကြောင့် လက်ဆောင်ဝန်ဆောင်မှုကလည်း သူမရဲ့တောင်းဆိုမှုကို ထိန်းသိမ်းထားပေးခဲ့ပါတယ်။

ဒါပေမယ့် သမီးဖြစ်သူက သူမရဲ့မိခင်အတွက် ဒီလောက်တန်ဖိုးကြီးတဲ့အထူးစပရိုက်လက်ဆောင်လုပ်ပေးခဲ့တာကိုတော့ လူအများက လျစ်လျူမထားနိုင်ဘဲ အသေးအစိတ်သိချင်နေခဲ့ကြပါတယ်။

တကယ်တော့ အမေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုဟာ အခြားသောမည်သည့်အရာတွေနဲ့မှ တန်းတူညီမျှစွာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့အတွက် ခြွင်းချက်မရှိသောချစ်ခြင်းမေတ္တာရှိသကဲ့သို့ပင် တကယ်တော့ သူတို့ဟာ ပြဿနာပေါင်းစုံမှာ ကျွန်တော်တို့ရဲ့ပထမဆုံး အားကိုးရာပါပဲ။

ဘာကြောင့်လဲဆိုတော့ အမေဆိုတာ ကျွန်တော်တို့ကို အချိန်မရွေး အမြဲတမ်း နားလည်ပေးတတ်သူတွေပါဘဲ။ လူတိုင်းအတွက် အေးစက်နေတတ်ပေမယ့် ကိုယ့်အမေအပေါ်မှာတော့ ပျော့ညံ့နေတတ်တဲ့ ယောက်ျားတချို့တောင်ရှိပါတယ်။

ဒီအမျိုးသမီးဟာ ကျွန်တော်တို့အားလုံးအတွက် အဓိကဥပမာတစ်ခုဖြစ်ပြီး သူမဟာ နိုင်ငံရပ်ခြားမှာ သူမအတွက် အဆင်မပြေတဲ့အမှတ်ရဖွယ်အခြေအနေများရှိနေပေမဲ့လည်း ဖိလစ်ပိုင်မှာ ဆက်လက်ရှင်သန်နိုင်မဲ့ဘဝအတွက် ကောင်းမွန်စွာပေးဆောင်ရန် ဆက်လက်ကြိုးစားနေလျက်ရှိကြပါတယ်။

JRose (KB Chimmy One)

Reference : everytruenews24

Be the first to comment on "နိုင်ငံရပ်ခြားကနေ မြန်မာငွေ ၁၄၃ သိန်းနီးပါးတန်တဲ့ ငွေပန်းစည်းဖြင့် မိခင်ကို စပရိုက်လှမ်းတိုက်ပေးခဲ့တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*