ငယ်စဉ်က တစ်ဦးနဲ့တစ်ဦးသဘောမတွေ့ဘဲ ဓာတ်ပုံအတူတွဲရိုက်ခဲ့ရပေမဲ့ ၁၈ နှစ်အကြာမှာတော့ အမှန်တကယ် သတို့သားနှင့်သတို့သမီးဖြစ်လာခဲ့တဲ့ စုံတွဲ

လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် ကလေးဘဝတုန်းက ကျောင်းမှာ ” လစဉ် အာဟာရပြည့်ဝစွာစားသုံးတဲ့ မင်းသားနဲ့ မင်းသမီး” အဖြစ်ရွေးချယ်ခံခဲ့ရပြီးနောက် နှစ်အတန်ကြာမှာဘဲ လက်ထပ်သွားခဲ့ကြတဲ့ စုံတွဲတစ်တွဲဟာ မကြာသေးမီက လူအများရဲ့အာရုံစိုက်ခံလိုက်ရပြီး လူသိများသွားခဲ့ပါတယ်။ ဒီကလေးဘဝပုံရိပ်က ၎င်းတို့အတွက် ပထမဆုံး တရားဝင်မဟုတ်တဲ့စုံတွဲဓာတ်ပုံဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှထင်မိမှာမဟုတ်ပါဘူး။ သင့်အနေနဲ့ ကံကြမ္မာနဲ့ soulmates တွေကို ယုံကြည်ပါသလားဗျာ။ အချို့က ကံကြမ္မာဆိုတာ ကိုယ်လုပ်လို့ဖြစ်လာတယ်လို့ပြောကြပေမဲ့ အချို့ကတော့ ကံကြမ္မာက တကယ်တည်ရှိနေတယ်ဆိုတာကို ယုံကြည်ကြပြီး သူ သို့မဟုတ် သူမကို သင်ရှာတွေ့ခဲ့ရင် သင့်ဘဝတစ်လျှောက်လုံးမှာအတူတူ မျှဝေခံစားနိုင်သူဖြစ်ရန် ရည်မှန်းထားတဲ့လူတစ်ဉီးလည်းရှိတယ်ဆိုတာကို ယုံကြည်လက်ခံထားတတ်ကြပါတယ်။

ဒါပေမယ့် သူတို့နဲ့အတူ သူတို့ရဲ့’ထာဝရ’အတွက် သူတို့ဘဝတစ်လျှောက်လုံးမှာအတူရှိနေပေးခဲ့တဲ့သူတချို့နဲ့ တွေ့တဲ့သူတွေလည်း ရှိပါတယ်။ ဥပမာတွေအနေနဲ့ ချစ်သူတွေဖြစ်သွားကြတဲ့ ငယ်သူငယ်ချင်းတွေ ဒါမှမဟုတ် ငယ်စဉ်ကအမှတ်တမဲ့ဆုံတွေ့ခဲ့ကြပေမဲ့လည်း ကြီးပြင်းလာတော့ ပြန်ဆုံတွေ့ခဲ့ကြတဲ့ လူတွေဘဲဖြစ်ပါတယ်။

အဲဒါကလည်း ခုဖော်ပြပေးမဲ့ Shaima Quirod Ambalagan အမည်ရှိသတို့သားနဲ့ သတို့သမီး Darrel Jay Banate Bejen တို့ဇနီးမောင်နှံတို့မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေပါဘဲ။ လွန်ခဲ့တဲ့ 2003 ခုနှစ်တုန်းက ကလေးနှစ်ယောက်ဟာ “အာဟာရလမင်းသားနှင့်မင်းသမီး” အဖြစ် သရဖူဆောင်းခံခဲ့ရပါတယ်။

၎င်းတို့ဟာ ထိုအချိန်က သူငယ်ချင်းတွေလား ဒါမှမဟုတ် တစ်ယောက်နှင့်တစ်ယောက် သိနေခဲ့တာလားဆိုတာသေချာမသိပေမဲ့လည်း ၎င်းနှစ်ယောက်တို့ရဲ့မျက်နှာအနေအထားများကလည်း အတော်လေး စိတ်တိုင်းမကျနေပုံရပါတယ်။

ကြည့်ပုံအရ အဲဒီအချိန်တုန်းက ၎င်းတို့ဟာ တစ်ယောက်ကိုတစ်ယောက်တောင် သဘောမကျဘဲ ကြည့်မရခဲ့ကြပုံရပါတယ်။ ဒါပေမဲ့ တခါတ​လေ က​လေး​တွေမှာ ဒီလိုတွေဖြစ်တတ်တာ​သဘာဝပါဘဲ။ ဒါပေမယ့် 2021 ခုနှစ်မှာတော့ သေချာပေါက် ၎င်းတို့နှစ်ဦးဟာ မြန်မြန်ဆန်ဆန်နဲ့ လက်ထပ်လိုက်ကြပါပြီ။

သတို့သား Shaima က သင်တို့ရဲ့တစ်သက်တာ လက်တွဲဖော်ကိုရှာမတွေ့သေးရင်တော့ ငယ်စဉ်ကဓာတ်ပုံတွေထဲမှာ ဖူးစာရှာနိုင်တာကြောင့် သင့်ရဲ့နေ့စားထိန်းကျောင်း၊ မူလတန်း၊ အထက်တန်းကျောင်း သို့မဟုတ် ကောလိပ်နေ့တွေမှာရိုက်ခဲ့ဖူးတဲ့ဓာတ်ပုံဟောင်းတွေကို ပြန်လည်စတင်ကြည့်ရှုနိုင်တယ်လို့ အင်တာနက်သုံးစွဲသူများအား အာမခံ ၊ရယ်မောစနောက်ရင်း ၎င်းတို့စုံတွဲရဲ့ ငယ်စဉ်က သရဖူအတူဆောင်းခဲ့ကြတဲ့စုံတွဲဓာတ်ပုံတွေကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။

အင်တာနက်သုံးစွဲသူများစွာက ၎င်းတို့ရဲ့အချစ်ဇာတ်လမ်းကိုအားကျ၊သဘောကျခဲ့ကြပြီး ၎င်းတို့ရဲ့ငယ်ဘဝဓာတ်ပုံအချို့နဲ့ ၎င်းတို့ရဲ့ ငယ်စဉ်က သူငယ်ချင်းချစ်သူတို့ရဲ့ပုံရိပ်များနှင့် ကြည်နူးစရာအဖြစ်အပျက်များကိုမျှဝေခဲ့ကြသလို အချို့သော တစ်ကိုယ်တည်းသမားတွေကလည်း ၎င်းတို့အနေနဲ့ ဘာအမှားတွေများလုပ်ခဲ့လို့ ငယ်စဉ်က ဓာတ်ပုံအတူတွဲရိုက်ခဲ့တဲ့သူငယ်ချင်းတွေနဲ့ ချစ်သူရည်းစားမဖြစ်လာရတဲ့အကြောင်းတွေကို ဟာသနှောရင်း ပြန်လည်ဝေမျှခဲ့ကြပါတယ်။

Mia (Mckzone daily)

Reference : rachfeed

Be the first to comment on "ငယ်စဉ်က တစ်ဦးနဲ့တစ်ဦးသဘောမတွေ့ဘဲ ဓာတ်ပုံအတူတွဲရိုက်ခဲ့ရပေမဲ့ ၁၈ နှစ်အကြာမှာတော့ အမှန်တကယ် သတို့သားနှင့်သတို့သမီးဖြစ်လာခဲ့တဲ့ စုံတွဲ"

Leave a comment

Your email address will not be published.


*