အင်တာနက်သုံးစွဲသူတွေရဲ့ အသည်းနှလုံးကို ဖမ်းစားသွားတဲ့ အသက် 80 ၀န်းကျင်ရှိ အဖွားအိုနှစ်ဦးရဲ့ ချစ်စဖွယ် selfie ဆွဲနေတဲ့ဓာတ်ပုံများ



JRose (Mckzone daily)

Reference : bestie

Unicode

အများအားဖြင့် ငယ်ရွယ်သူများသာ အမှတ်တရအဖြစ် လှပတဲ့ဓာတ်ပုံများ ရိုက်ရတာ နှစ်သက်ကြသောကြောင့် ဂန္ဓမာဥယျာဉ်မှာ ပျော်ရွှင်စွာဓာတ်ပုံရိုက်နေတဲ့ အသက် 80 ၀န်းကျင်ရှိ သက်ကြီးရွယ်အို အမျိုးသမီးနှစ်ဦးရဲ့ ဓာတ်ပုံများကို မြင်တွေ့ရတဲ့အခါမှာ လူတိုင်းကို ပျော်ရွှင်စေခဲ့ပါတယ် ။ လှပပြီး ကဗျာဆန်တဲ့ ရှုခင်းများကြားမှာ သက်ကြီးရွယ်အို စုံတွဲများက ပန်းများကို အတူတူ ကြည့်ရှုကြပြီး တောက်ပတဲ့ မျက်နှာများဖြင့် ၎င်းတို့ကို ကြည့်မိတဲ့ မည်သူမဆို ပျော်ရွှင်စေပါတယ် ။ လူတိုင်းက သူတို့နှစ်ယောက်ကို ချက်ချင်း သဘောကျကြပြီး ဒီလှပတဲ့ ပန်းဥယျာဉ်အလယ်မှာ သူငယ်ချင်းနှစ်ဦးက စုံတွဲဓာတ်ပုံရိုက်ကြပါတယ် ။

မှတ်ချက်ပေးတဲ့ အပိုင်းမှာ အင်တာနက်အသုံးပြုသူအများစုက လှပတဲ့ဓာတ်ပုံများကို ချီးကျူးကြပြီး အဘွားအိုနှစ်ဦးရဲ့ တန်ဖိုးရှိတဲ့ ခင်မင်မှုကို သဘောကျကြပါတယ် ။ အမှန်မှာ အသက်ကြီးလာတာနဲ့အမျှ လူတို့က ၎င်းတို့ရဲ့ ရှိရင်းစွဲဆက်ဆံရေးကို ပိုပြီးတန်ဖိုးထားလာကြတာပါ ။ သက်ကြီးရွယ်အိုများရဲ့ ပျော်ရွှင်မှုက ၎င်းတို့ရဲ့ သားသမီးမြေးများ၊ ၎င်းတို့ရဲ့ အပေါင်းအဖော်များထံမှ ဆယ်စုနှစ်များစွာ ပြုစုစောင့်ရှောက်ပေးရုံသာမက ယခင်က အချင်းချင်း ဂရုစိုက်ကြတဲ့ ရင်းနှီးတဲ့ မိတ်ဆွေများထံမှလည်း ဖြစ်ပါတယ် ။ အဲဒီလို သူငယ်ချင်းမျိုး ရှိရင် သင်ဟာ အရမ်းကံကောင်းတဲ့လူသားပါဘဲ ။

JRose (Mckzone daily)

Be the first to comment on "အင်တာနက်သုံးစွဲသူတွေရဲ့ အသည်းနှလုံးကို ဖမ်းစားသွားတဲ့ အသက် 80 ၀န်းကျင်ရှိ အဖွားအိုနှစ်ဦးရဲ့ ချစ်စဖွယ် selfie ဆွဲနေတဲ့ဓာတ်ပုံများ"

Leave a comment

Your email address will not be published.


*