သတင်းထောက် ရာထူးမှ နုတ်ထွက်ပြီး မွေးရပ်မြေမှာ ကန်စွန်းဥများ ရောင်းချကာ တစ်နှစ်လျှင် ဝင်ငွေ ဘီလီယံ ၃၅၀ ကျော်ရရှိခဲ့တဲ့ အမျိုးသမီး

ယနေ့ခေတ်မှာ လူအများအပြားက အေးချမ်းတဲ့ဘဝနေထိုင်ရန် မိမိတို့ရဲ့ မွေးရပ်မြေသို့ ပြန်ပြီး မြို့မှထွက်ခွာရန် ရွေးချယ်တက်ကြပါတယ် ။ မစ္စ Luu Trieu Le ကလည်း စီးပွားရေးသတင်းထောက်အဖြစ် လုပ်ကိုင်မဲ့အစား တစ်နှစ်လျှင် ဝင်ငွေ ဘီလီယံတစ်ရာကျော်ရရှိတဲ့ ကန်စွန်းဥများရောင်းချရန် မွေးရပ်မြေသို့ ပြန်သွားဖို့ ရွေးချယ်ခဲ့ပါတယ် ။ Luu Trieu Le က Shandong Youth Management College မှ ဘွဲ့ရရှိပြီး ဂျာနယ်လစ်ဇင်နဲ့ ဆက်သွယ်ရေးအဓိကဖြစ် လုပ်ကိုင်ပါတယ် ။

စီးပွားရေးသတင်းထောက်အဖြစ် 6 နှစ်ကြာလုပ်ကိုင်ပြီးနောက် Trieu Le က စွန့်ဦးတီထွင်လုပ်ငန်းရှင်များစွာနဲ့ ထိတွေ့ခဲ့ပြီး ၎င်းတို့အောင်မြင်ပုံကို နားလည်သဘောပေါက်ခဲ့တဲ့အတွက် သူ့မွေးရပ်မြေမှာ မိဘတွေက ကန်စွန်းဥတွေ စိုက်ပျိုးနေတဲ့အတွက်ကြောင့် မွေးရပ်မြေမှာ စီးပွားရေး အလားအလာတွေ အများကြီးရှိတယ်ဆိုတာ သူမနားလည်တယ် ။

လူများစွာရဲ့အမြင်မှာ ကန်စွန်းဥစိုက်ပျိုးခြင်းက ဝင်ငွေနည်းပါးလွန်းလှသော်လည်း Luu Trieu Le အတွက် ကြီးမားတဲ့အချက်မှာ သူမက ပရော်ဖက်ရှင်နယ် အတိုင်းအတာဖြင့် အာလူးများထုတ်လုပ်ရန်နဲ့ စိုက်ပျိုးရန် အစီအစဉ်ကို အကြမ်းဖျင်းဖော်ပြခဲ့ပါတယ် ။

သူမရဲ့အသက်မွေးဝမ်းကြောင်းအစမှာတော့ အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေတောင် ကြုံတွေ့ခဲ့ရပါတယ် ။ နောက်ပိုင်းမှာတော့ သူမက ကန်စွန်းဥရောင်းချရန် နည်းလမ်းကို တွေးတောခဲ့သော်လည်း အစပိုင်းမှာ သူမက သေချာမလေ့လာခဲ့သဖြင့် ထို e-commerce ပလပ်ဖောင်းမှာ ဘယ်လိုလုပ်ဆောင်ရမှာကို သူမ မသိခဲ့ပါ ။

အဓိက e-commerce ပလပ်ဖောင်းများကို တစ်နှစ်ကျော်ကြာ ရုန်းကန်ခဲ့ရပြီးနောက် လုပ်ငန်းအသစ်က တည်ငြိမ်လာပြီး မစ္စ Luu Trieu Le က ကုန်ပစ္စည်းအရည်အသွေးနဲ့ ဝယ်ယူသူများအပေါ် ယုံကြည်မှုကို ရရှိလာခဲ့ပါတယ် ။

ယခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးက အရောင်းအ၀ယ်တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုပြုလုပ်ခဲ့ပြီး၊ ထိုနည်းလမ်းက အံ့မခန်းရောင်းအားကို မြှင့်တင်ခဲ့ပြီး နှစ်စဉ်ဝင်ငွေ ယွမ် ၁၄ သန်းမှ ယွမ် ၇၅ သန်းအထိ သိသိသာသာ တိုးလာကာ ယခုမှ ယွမ် သန်း 100 ကျော်ဖြင့် နေ့စဉ် အမှာစာ 10,000 ကျော် ရောင်းချရပြီး အချို့ရက်များမှာ ကန်စွန်းဥ အမှာစာ 25,000 အထိပင် ရှိလာခဲ့ပါတယ် ။

Luu Trieu Le ရဲ့ ကုမ္ပဏီက ကန်စွန်းဥများ စိုက်ပျိုးရုံသာမက ကြက်သွန်ဖြူနဲ့ ရွှေဖရုံသီး၊ ခရမ်းချဉ်သီး၊ သံပုရာသီးနဲ့ လိမ္မော်သီးများကိုလည်း စိုက်ပျိုးမွေးမြူရေးခြံကို တိုးချဲ့ခဲ့ပါတယ် ။ သူမက အခြားသော ကုန်စည်ထောက်ပံ့ရောင်းဝယ်ရေး ကုမ္ပဏီ ၄ ခုကိုလည်း ထူထောင်ခဲ့ပါတယ် ။

JRose (Mckzone daily)

Reference : bestie

Be the first to comment on "သတင်းထောက် ရာထူးမှ နုတ်ထွက်ပြီး မွေးရပ်မြေမှာ ကန်စွန်းဥများ ရောင်းချကာ တစ်နှစ်လျှင် ဝင်ငွေ ဘီလီယံ ၃၅၀ ကျော်ရရှိခဲ့တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*