ရောဂါခံစားနေရတဲ့ ဇနီးသည် အိမ်ထဲနေရတာ ငြီးငွေ့မာစိုးလို့ အထူးစက်ဘီးကို ဖန်တီးပေးပြီး နှစ်ယောက်သား စက်ဘီးစီးထွက်ခဲ့ကြတဲ့ အဖိုးအို

Hellocare မှအချက်အလက်များမှ အထူးစက်ဘီးပေါ်က Bill နဲ့ Glad Forward တို့ ဇနီးမောင်နှံ စီးနေတဲ့ပုံက ထာဝရချစ်ခြင်းမေတ္တာကို ပိုမိုယုံကြည်စေပါတယ် ။ အချစ်က အမြဲတမ်းဒုက္ခနဲ့ လှည့်စားခြင်းများကို ယူဆောင်လာခြင်းမဟုတ်ဘဲ စစ်မှန်တဲ့မေတ္တာက ကျွန်ုပ်တို့ကို ပျော်ရွှင်စေရန်၊ သက်တောင့်သက်သာရှိတဲ့ ပျော်ရွှင်မှုကို လဲလှယ်ပေးခြင်းဖြင့် အခြားတစ်ဝက်အတွက် စတေးလိုစိတ်ရှိစေမှာ ဖြစ်ပါတယ် ။

Bill နဲ့ Glad Forward တို့ဟာ နှစ် 50 ကျော် လက်တွဲလာခဲ့ကြတာဖြစ်ပြီး ချစ်စကတည်းက 5 ကီလိုမီတာအကွာကို စက်ဘီးစီးပြီး သူမနဲ့ ချိန်းတွေ့ခဲ့ကြတာဖြစ်ပါတယ် ။

အတူတူ အိမ်ပြန်ကြတဲ့အခါရော၊ လေ့ကျင့်ခန်းလုပ်တာရော၊ ရှုခင်းကြည့်တာရော နေရာအနှံ့ စက်ဘီးစီးနဲ့ မကြာခဏ သုံးကြပါတယ် ။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Glad ရဲ့ ကျန်းမာရေးက မကောင်းသလို အယ်လ်ဇိုင်းမားရောဂါ ခံစားနေရပြီး သူမဘာသာ စက်ဘီးမစီးနိုင်ဘဲ အိမ်ပတ်လမ်းလျှောက်ဖို့ ခက်ခဲခဲ့ပါတယ် ။

Bill က သူ့ဇနီးဟာ အိမ်ထဲမှာဘဲ နေမယ်ဆိုရင် ဒီရောဂါကို ပိုဆိုးသွားမှာကြောက်တာကြောင့် ဗီယက်နမ်က ဆိုင်ကလိုနဲ့ ဆင်တူတဲ့ အထူးစက်ဘီးကို သူကိုယ်တိုင် တည်ဆောက်ခဲ့ပါတယ် ။ ရှေ့ကလူက သက်တောင့်သက်သာထိုင်ပြီး နောက်ကလူနှင်းတဲ့ စက်ဘီးကို ဖန်တီးခဲ့လိုက်ပါတယ် ။

အဆိုပါစက်ဘီးရကတည်းက နှစ်ယောက်သား လမ်းလျှောက်ရတာ ပိုအဆင်ပြေစေပြီး ၎င်းတို့ရဲ့ ကျန်းမာရေးညံ့ဖျင်းမှုကြောင့် ၎င်းတို့က အိမ်အနီး၊ ပန်းခြံများ၊ သစ်ပင်တန်းလမ်းများ သို့မဟုတ် ဒေသကမ်းခြေများမှတဆင့်သာ သွားနိုင်ပါတယ် ။

အမြဲလိုလို၊ မစ္စစ် Glad က သူမရဲ့အိမ်ရှေ့မှာ မြင်ကွင်းကို ခံစားရင်း စက်ဘီးစီးကာ နောက်ကျောမှာ Bill က ဇနီးဖြစ်သူနဲ့အတူ လမ်းလျှောက်ထွက်ပါတယ် ။ ဒါတင်မကသေးဘဲ Mr. Bill က သူ့မိန်းမကို အရမ်းဂရုစိုက်ပါတယ် ။

သူမ နေမကောင်းရင် ဘာမှကိုင်စရာမလိုဘဲ သူ့မိန်းမအတွက် အကုန်လုပ်ပေးပြီး သူ တနေကုန် အလုပ်ပင်ပန်းပေမယ့် ဝန်ထုပ်ဝန်ပိုးလို့ မယူဆဘဲ သူ့ချစ်ဇနီးကို ချစ်တဲ့ ချစ်ခြင်းမေတ္တာကို ပြသခဲ့ပါတယ် ။

အရင်တုန်းကတော့ ခင်ပွန်းနဲ့ သားသမီးတွေအပေါ် စေတနာထားပြီး လုပ်ပေးတဲ့ ဇနီးကို ကျေးဇူးတင်တယ် ။ ဒီအချိန်မှာ သူ့ဇနီးကို တာဝန်ပြတဲ့ အချိန်ဖြစ်တယ်လို့ အဖိုးက ပြောပါတယ် ။

JRose (Mckzone daily)

Reference : bestie

Be the first to comment on "ရောဂါခံစားနေရတဲ့ ဇနီးသည် အိမ်ထဲနေရတာ ငြီးငွေ့မာစိုးလို့ အထူးစက်ဘီးကို ဖန်တီးပေးပြီး နှစ်ယောက်သား စက်ဘီးစီးထွက်ခဲ့ကြတဲ့ အဖိုးအို"

Leave a comment

Your email address will not be published.


*