နှစ်နှစ်ကြာ ဝန်ထမ်းအဖြစ် ကြိုးစားဝန်ဆောင်မှုပေးခဲ့ပြီးနောက် ယခုအခါ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်လာခဲ့တဲ့ ဝန်ထမ်းဟောင်းတစ်ဦး

John Andrew Dangca အမည်ရှိဖိလစ်ပိုင်အမျိုးသားတစ်ဦးဟာ ဩစတြေးလျနိုင်ငံရှိ အောင်မြင်တဲ့စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးမဖြစ်ခင်မှာ တစ်ချိန်က လမ်းဘေးဈေးသည်တစ်ဦးအဖြစ်နှင့် နိုင်ငံခြားရှိအိမ်စောင့်အလုပ်၊ သန့်ရှင်းရေးအလုပ်ကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ရကြောင်းကိုပြန်မျှဝေခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ၊ Canberra ရှိ Salu-Salo အမည်ရှိဖိလစ်ပိုင်စားသောက်ဆိုင်မှာ ဖိလစ်ပိုင်အစားအစာများကို နှစ်နှစ်နီးပါး ဝန်ဆောင်မှုပေးခဲ့ရပေမဲ့ ယခုအခါ Andrew က ထိုစားသောက်ဆိုင်ရဲ့ပိုင်ရှင်ဖြစ်နေပြီဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ Andrew တို့ရဲ့မိသားစုဘဝကခက်ခဲတာကြောင့် Andrew ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းဘေးအစားအစာရောင်းတဲ့အလုပ်ကိုလုပ်ခဲ့ရပါတယ်။

အလုပ်သင်ကျောင်းသားအဖြစ် ဩစတေးလျသို့သွားနိုင်ရန် ဆွေမျိုးတစ်ဦးကကူညီပေးတာကြောင့် ထိုစဉ် အသက် 19 နှစ်အရွယ်သာရှိသေးတဲ့ Andrew ဟာ ဩစတြေးလျနိုင်ငံရှိမတူညီတဲ့နေရာတွေမှာ သန့်ရှင်းရေးအလုပ်ကိုလုပ်ကိုင်ခဲ့ရပါတယ်။

နိုင်ငံရပ်ခြားမှာ အိမ်စောင့်အဖြစ်နဲ့ ကာယအလုပ်များလုပ်ရတာမလွယ်ပေမယ့် Andrew အား စိတ်ရှည်ဖို့တွန်းအားပေးနေတဲ့သူ့မိသားစုများကြောင့် ကြိုးစားလုပ်ကိုင်နိုင်ခဲ့ပါတယ်။

Andrew ဟာ သူ့ကိုယ်သူနဲ့သူ့မိသားစုအတွက် ကြီးမားတဲ့အိပ်မက်တွေရှိနေခဲ့တာကြောင့် ထိုစိန်ခေါ်မှုကိုရင်ဆိုင်နိုင်ခဲ့သလို သူ့မိသားစုအတွက် ပိုမိုကောင်းမွန်တဲ့ဘဝမျှော်လင့်ချက်များအတွက် အလုပ်များစွာလုပ်ကိုင်ရင်း ဆက်လက်ကြိုးစားနေခဲ့ပါတယ်။

ဩစတေးလျမှာ ဆွေမျိုးများရှိပေမဲ့လည်း Andrew က ၎င်းတို့အား မမှီခိုဘဲ သူ့ဘာသာသူအလုပ်ကြိုးစားခဲ့ပြီး 2019 ခုနှစ်မှာ Andrew ဟာ သူ့မိသားစုကို ဖိလစ်ပိုင်မှသဩစတြေးလျနိုင်ငံသားအဖြစ် ခံယူစေခဲ့ပြီးနောက် သူ့အိပ်မက်များလည်း အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။

ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း Andrew ရဲ့ဖိလစ်ပိုင်စားသောက်ဆိုင်လည်း ထိခိုက်သွားခဲ့ပေမဲ့ ကံကောင်းထောက်မစွာဖြင့် Andrew ဟာ ပြောင်းလဲမှုကိုလျင်မြန်စွာ လိုက်လျောညီထွေလိုက်နိုင်ခဲ့ပြီး အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုများနှင့်လည်း ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။

Andrew က လူ့ဘဝခရီးမှာဒုက္ခကြုံလာရတဲ့အခါမှာပင် ဇွဲလုံ့လနှင့်ကြိုးစားအားထုတ်မှုတို့ကြောင့် အောင်မြင်မှုကိုယူဆောင်လာနိုင်ကြောင်းကိုပြသပေးခဲ့ပါတယ်။

Mia (Mckzone daily)

Reference : businessnews

Be the first to comment on "နှစ်နှစ်ကြာ ဝန်ထမ်းအဖြစ် ကြိုးစားဝန်ဆောင်မှုပေးခဲ့ပြီးနောက် ယခုအခါ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်လာခဲ့တဲ့ ဝန်ထမ်းဟောင်းတစ်ဦး"

Leave a comment

Your email address will not be published.


*