လေခွေးလွင့်လေးတွေအတွက် နွေးထွေးစွာ အိပ်စက်နိုင်မဲ့အိပ်ယာများကိုပြုလုပ်ပေးပြီး ညတိုင်းတံခါးဖွင့်ထားပေးတဲ့ ကားဂိတ်ဝန်ထမ်းများ

ဆောင်းရာသီရောက်တာနဲ့ ရာသီဥတုအေးချမ်းလာတာက ကျွန်တော်တို့အများစုအတွက် အတူတူခံစားရတဲ့အရာတစ်ခုပါဘဲ။ ဒါ့ကြောင့် နွေးနွေးထွေးထွေးနေဖို့က တချို့သောသူတွေအတွက် ပိုခက်ခဲလာနိုင်ပါတယ်။ အထူးသဖြင့်၊ ခွေးလေခွေးလွင့်တွေဟာ များသောအားဖြင့် ဆိုးရွားစွာ ထိခိုက်ခံရတတ်ပါတယ်။ သို့ပေမဲ့ ဘရာဇီးနိုင်ငံရှိ လမ်းဘေးခွေးအုပ်စုတစ်စုအတွက် ကံကောင်းစွာဖြင့် ၎င်းတို့ကိုနွေးထွေးပြီး သက်တောင့်သက်သာရှိစေရန် နေရာတစ်နေရာကို ပေးအပ်ထားခံခဲ့ကြရပါတယ်။ Barreirinha ပြည်နယ်ဘတ်စ်ကားဂိတ်ရှိဝန်ထမ်းများက ၎င်းခွေးလေခွေးလွင့်လေးတို့အတွက် ၎င်းတို့နွေးထွေးစွာ နေထိုင်နိုင်ပြီး ထိရောက်စွာ ပြုစုစောင့်ရှောက်ပေးနိုင်မဲ့နေရာတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။

၎င်းကားဂိတ်ရှိဝန်ထမ်းများဟာ ခွေးလေခွေးလွင့်များကို အစာအဟာရနှင့်ရေတို့ ပေးရုံသာမက စောင်ဖြင့်ဖုံးအုပ်ထားတဲ့တာယာဟောင်းများဖြင့်ပြုလုပ်ထားတဲ့ အထူးတိရိစ္ဆာန်ကုတင်များကိုလည်း ပေးဆောင်ပေးထားပါတယ်။

၎င်းခွေးလေးတွေက စွန့်ပစ်ခံထားရခြင်း ရှိ၊ မရှိ၊ သို့မဟုတ် လမ်းပေါ်စရောက်လာတဲ့ခွေးများ ဟုတ်၊မဟုတ်ကိုတော့ သေချာ မသိရသေးပေမဲ့လည်း ယခုအခါမှာ ၎င်းတို့ဟာ အိမ်မှာနေရတဲ့စိတ်ခံစားချက်မျိုးကိုခံစားနေကြရပြီဖြစ်ပါတယ်။

ဤကဲ့သို့ ခိုနားရာနေရာလေးက ပြောဖို့သိပ်မဖြစ်နိုင်ပေမယ့် ဆောင်းရာသီမှာ လေလွင့်နေတဲ့ခွေးလေးတွေအတွက်ကတော့ ကြယ် 5 ပွင့်ဟိုတယ်ကြီးလိုပါပဲ။

ဒီသနားစရာကောင်းတဲ့ခွေးလေးတွေဟာ အများကြီး ဖြတ်သန်းလာခဲ့ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိထားနိုင်ပြီး ၎င်းတို့ရဲ့ပုံရိပ်ဟာ လူသားတို့ရဲ့ချစ်ခြင်းမေတ္တာကို အထူးလိုအပ်နေတာကို သိသာထင်ရှားစေပါတယ်။

ကားဂိတ်ဝန်ထမ်းများရဲ့ Max ၊ Pitoco နှင့် Zoinho အမည်ရှိ ဒီခွေးလေခွေးလွင့်တို့အပေါ် ကြင်နာမှုရှိတဲ့ ဤအမူအရာဟာ မကြာသေးမီကဘဲ ဒေသတွင်း နိုင်ငံရေးသမားနှင့် တိရိစ္ဆာန်ချစ်သူတစ်ဦးဖြစ်သူ Fabiane Rosa အမည်ရှိအမျိုးသမီးရဲ့အာရုံကိုဖမ်းစားသွားနိုင်ခဲ့ပါတယ်။

အွန်လိုင်းမှာ ရေပန်းစားလာခဲ့တဲ့ ပို့စ်တစ်ခုမှာတော့ Rosa ဟာ ကံအကျိုးပေးမကောင်းတဲ့ခွေးလေးတွေအတွက် ကမ္ဘာကြီးကဖော်ရွေတဲ့နေရာတစ်ခုဖြစ်အောင်အချိန်ပေး၊ ဖန်တီးပေးခဲ့ကြသူတွေကို “ ဝန်ထမ်းတွေကို အထူးဂုဏ်ယူ၊ ကျေးဇူးတင်မိပါတယ်၊ ကောင်းကင်တမန်တွေက တကယ်ရှိပြီး သူ့နေရာနဲ့သူရှိနေတယ်ဆိုတာကို လူတိုင်းက သိရှိနားလည်ပါတယ် ” ဟု လေးစားချီးကျူးခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "လေခွေးလွင့်လေးတွေအတွက် နွေးထွေးစွာ အိပ်စက်နိုင်မဲ့အိပ်ယာများကိုပြုလုပ်ပေးပြီး ညတိုင်းတံခါးဖွင့်ထားပေးတဲ့ ကားဂိတ်ဝန်ထမ်းများ"

Leave a comment

Your email address will not be published.


*