မသန္မစြမ္းျဖစ္ေနတဲ့ခင္ပြန္းသည္ကို လမ္းေဘးမွာ အတင္းေတာင္းရမ္းခိုင္းတဲ့အျပင္ ေက်ာက္ခဲနဲ႔ပါပစ္ေပါက္တဲ့ အမ်ိဳးသမီး(႐ုပ္သံ)

ၿမိဳ႕ုႀကီးေတြမွာဆိုရင္ တစ္ခ်ိဳ႕ေသာကိုယ္လက္အဂၤါခ်ိဳ႕ယြင္းေနၾကသူ ၊ မသန္းစြမ္းၾကတဲ့သူေတြတစ္ခ်ိဳ႕ ေတာင္းရမ္းစားေသာက္ေနၾကတာကိုေတြ႔ဖူးၾကမွာပါ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ video ဟာလည္း December 23 ရက္ေန႔ကျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး မသန္မစြမ္းအမ်ိဳးသားကို အတင္းဆြဲေခၚၿပီး ေတာင္ရမ္းခိုင္းခဲ့တဲ့လုပ္ရပ္ေတြေၾကာင့္ social media ေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ အဆိုပါအမ်ိဳးသမီးဟာ မသန္မစြမ္းအမ်ိဳးသားရဲ႕ ဇနီးသည္ျဖစ္ေၾကာင္း သိ႐ွိခဲ့ရၿပီး ၊ ခင္ပြန္းရဲ႕ မသန္းမစြမ္းျဖစ္ေနတဲ့အေျခအေနကိုအသံုးခ်ကာ ေတာင္းရမ္းခိုင္းတဲ့အျပင္ ေတာင္းရမ္းတဲ့ပိုက္ဆံမရရင္လည္း ေအာ္ေငါက္ကာ ႏွိပ္စက္ေသးေၾကာင္း သိ႐ွိရပါတယ္ ။

Video ထဲမွာေတာ့ အမ်ိဳးသမီးဟာ ခင္ပြန္းသည္ရဲ႕လက္ကိုကိုင္ဆြဲၿပီး ၊ လက္ညိဳးထိုးၿပီး ၿခိမ္းေျခာက္ခဲ့ပါတယ္ ။ ခင္ပြန္းျဖစ္သူမွာေတာ့ အေတာ္ေလးေၾကာက္လန္႔ေနပံုရၿပီး အေနာက္ဖက္သို႔ေျခလွမ္းအနည္းငယ္ဆုတ္သြားခဲ့ပါတယ္ ။ ခင္ပြန္းသည္မွာ ဇနီးကိုျပန္ၿပီးရန္မူခဲ့တာမ်ိဳးမ႐ွိတဲ့အတြက္ ဇနီးသည္မွာေျမျပင္ေပၚက ေက်ာက္ခဲကိုေကာက္ၿပီး ခင္ပြန္းကိုပစ္ေပါက္ခဲ့ပါေသးတယ္ ။ ထို႔အျပင္ ” ပိုက္ဆံတျပားမွမရလာရင္ အိမ္ျပန္လာဖို႔စိတ္မကူးနဲ႔ ” ဆိုၿပီး ေအာ္ေငါက္ဆဲဆိုခဲ့ပါတယ္ ။

ေသခ်ာတာကေတာ့ ဇနီးသည္ဟာ အေတာ္ေလးစိတ္ဆိုးေဒါသထြက္ေနၿပီး ၊ ခင္ပြန္းျဖစ္သူမွာေတာ့ အလြန္ေၾကာက္လန္႔ေနခဲ့ကာ ေနမထိထိုင္မထိျဖစ္ေနခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ အင္ဒိုနီး႐ွားႏိုင္ငံ ၊ Palembang ၿမိဳ႕ရဲ႕ အေတာ္ေလးကိုယာဥ္အသြားအလာ ႐ႈပ္ေထြးေနတဲ့လမ္းမႀကီးရဲ႕ေဘးတစ္ေနရာမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မြို့ကြီးတွေမှာဆိုရင် တစ်ချို့သောကိုယ်လက်အင်္ဂါချို့ယွင်းနေကြသူ ၊ မသန်းစွမ်းကြတဲ့သူတွေတစ်ချို့ တောင်းရမ်းစားသောက်နေကြတာကိုတွေ့ဖူးကြမှာပါ။ ဒီတစ်ခေါက်ဖော်ပြမဲ့ video ဟာလည်း December 23 ရက်နေ့ကဖြစ်ပျက်ခဲ့တာဖြစ်ပြီး မသန်မစွမ်းအမျိုးသားကို အတင်းဆွဲခေါ်ပြီး တောင်ရမ်းခိုင်းခဲ့တဲ့လုပ်ရပ်တွေကြောင့် social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါအမျိုးသမီးဟာ မသန်မစွမ်းအမျိုးသားရဲ့ ဇနီးသည်ဖြစ်ကြောင်း သိရှိခဲ့ရပြီး ၊ ခင်ပွန်းရဲ့ မသန်းမစွမ်းဖြစ်နေတဲ့အခြေအနေကိုအသုံးချကာ တောင်းရမ်းခိုင်းတဲ့အပြင် တောင်းရမ်းတဲ့ပိုက်ဆံမရရင်လည်း အော်ငေါက်ကာ နှိပ်စက်သေးကြောင်း သိရှိရပါတယ် ။

Video ထဲမှာတော့ အမျိုးသမီးဟာ ခင်ပွန်းသည်ရဲ့လက်ကိုကိုင်ဆွဲပြီး ၊ လက်ညိုးထိုးပြီး ခြိမ်းခြောက်ခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူမှာတော့ အတော်လေးကြောက်လန့်နေပုံရပြီး အနောက်ဖက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားခဲ့ပါတယ် ။ ခင်ပွန်းသည်မှာ ဇနီးကိုပြန်ပြီးရန်မူခဲ့တာမျိုးမရှိတဲ့အတွက် ဇနီးသည်မှာမြေပြင်ပေါ်က ကျောက်ခဲကိုကောက်ပြီး ခင်ပွန်းကိုပစ်ပေါက်ခဲ့ပါသေးတယ် ။ ထို့အပြင် ” ပိုက်ဆံတပြားမှမရလာရင် အိမ်ပြန်လာဖို့စိတ်မကူးနဲ့ ” ဆိုပြီး အော်ငေါက်ဆဲဆိုခဲ့ပါတယ် ။

သေချာတာကတော့ ဇနီးသည်ဟာ အတော်လေးစိတ်ဆိုးဒေါသထွက်နေပြီး ၊ ခင်ပွန်းဖြစ်သူမှာတော့ အလွန်ကြောက်လန့်နေခဲ့ကာ နေမထိထိုင်မထိဖြစ်နေခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံ ၊ Palembang မြို့ရဲ့ အတော်လေးကိုယာဉ်အသွားအလာ ရှုပ်ထွေးနေတဲ့လမ်းမကြီးရဲ့ဘေးတစ်နေရာမှာ ဖြစ်ပျက်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment