ဒေါ်လာတစ်သန်းတန်တဲ့ အိမ်ကိုဝယ်ပြီးနောက် ငွေနဲ့မတန်အောင် များစွာသောအရာများကို ပြန်လည်ပြုပြင်ခဲ့ရတဲ့ အမျိုးသမီးရဲ့အဖြစ်



JRose (Mckzone daily)

Reference : thainewsonline

Unicode

အမျိုးသမီးငယ်တစ်ဦးက အိမ်ကို သန်းပေါင်းများစွာ ဝယ်ထားသော်လည်း ငွေနဲ့မတန်တဲ့ အခြေအနေဖြစ်နေကြောင်း အိမ်ပိုင်ရှင် အမျိုးသမီးက ပို့စ်တင်ခဲ့ပါတယ် ။ အဆိုပါအမျိုးသမီးဟာ ဒေါ်လာတစ်သန်းတန်အိမ်တစ်လုံးကို ဝယ်ထားသော်လည်း အဆုံးမရှိတဲ့ ပြဿနာဖြင့် ခေါင်းကိုက်နေခဲ့ရပါတယ် ။ Saraburi ရှိ နာမည်ကြီး ပရောဂျက်တစ်ခုမှာ အိမ်တစ်လုံးဝယ်ပြီး အိမ်က ရေဆိုးမြောင်းနဲ့ အချက်များစွာ ပြဿနာရှိနေပါတယ် ။ 2021 ခုနှစ် မေလ 31 ရက်နေ့ကတည်းက ဝယ်ယူခဲ့ပြီး 5 လနေထိုင်ခဲ့ပြီဆိုပေမဲ့ ပြုပြင်ရတဲ့အရာတွေက 20 ထက်မနည်းရှိနေကြောင်း အိမ်ပိုင်ရှင် အမျိုးသမီးက ဆိုပါတယ် ။

ယခု ပြဿနာမှာ ရေချိုးခန်းကို အသုံးမပြုရသေးခြင်း၊ မြေညီထပ် မပြုပြင်ရသေးခြင်း၊ အိမ်သာကို ဖယ်ရှားလိုက်ခြင်း ဖြစ်ပါတယ် ။ အပေါ်ထပ်ကို ပြုပြင်ခဲ့ပေမယ့် ယိုစိမ့်မှုဖြစ်နေသေးတာကြောင့် ရေချိုးခန်းသုံးမယ်ဆိုရင်လည်း အောက်ဖက်ကို ယိုစိမ့်သွားစေခဲ့ပါတယ် ။ ပြဿနာကြီးတစ်ခုကတော့ ဒုတိယထပ်မှ ရေများ ယိုစိမ့်ပြီး မျက်နှာကျက်သို့ ရေများ စီးကျလာကာ အောက်ဘက်က ရှိတဲ့ ပစ္စည်းများကို ပျက်စီးစေတဲ့နိုင်ပြီး လျှပ်စစ်ပစ္စည်းများအပေါ် ရေးများ ယိုစိမ့်လာခြင်းဖြစ်ပါတယ် ။ ဒီပျက်ဿနာတွေကြောင့် မိသားစုဝင်များက အရမ်းကို အခက်အခဲဖြစ်နေခဲ့ကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဒေါ်လာတစ်သန်းတန်တဲ့ အိမ်ကိုဝယ်ပြီးနောက် ငွေနဲ့မတန်အောင် များစွာသောအရာများကို ပြန်လည်ပြုပြင်ခဲ့ရတဲ့ အမျိုးသမီးရဲ့အဖြစ်"

Leave a comment

Your email address will not be published.


*