နိုင်ငံရပ်ခြားမှာ ဆယ်နှစ်ကြာအလုပ်လုပ်ခဲ့ပြီးနောက် သန်းတန်ထီဆုကြီးပေါက်ကာ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ ပြည်ပလုပ်သားတစ်ဦး

အသက် ၅၂ နှစ်အရွယ် (လုံခြုံရေးစိုးရိမ်မှုများကြောင့် အမည်ရင်းကို ဖုံးကွယ်ထားတယ်) နာမည်ပြောင် Paterio အမည်ရှိ ဖိလစ်ပိုင် ပြည်ပအမျိုးသားလုပ်သားတစ်ဦးဟာ UAE lottery မှ AED10 သန်း (သို့) ခန့်မှန်းခြေ P136.32 သန်းတန်ထီပေါက်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံရှိ ၎င်းရဲ့မိသားစုများထံပြန်သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ Paterio ဟာ ပြီးခဲ့တဲ့ဆယ်နှစ်တာကာလအတွင်း ဒူဘိုင်းရဲ့မြောက်ဘက် Fujairah မြို့ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီတစ်ခုမှာ စာချုပ်စာတမ်းကြီးကြပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

“ ဒီပမာဏက ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ရဲ့အိပ်မက်တိုင်းကို လိုက်လျောပေးနိုင်မှာပါ၊ အနှစ်တစ်ရာလောက် အလုပ်လုပ်ခဲ့မယ်ဆိုရင်တောင် ဒီလောက်ကြီးမားတဲ့ပမာဏကို သိမ်းဆည်းနိုင်မှာမဟုတ်ပါဘူး” လို့ Paterio က သူ့ရဲ့ကံကောင်းမှုနှင့်ကံကြမ္မာအတွက် အလွန်ပျော်ရွှင်ခဲ့ကြောင်းကို မီဒီယာတစ်ခုမှာပြောကြားခဲ့ပါတယ်။

Paterio မှာ သားနှစ်ယောက်ရှိပြီး တစ်ယောက်က ဦးနှောက်ချို့ယွင်းနေပါတယ်။ ဒါ့ကြောင့် Paterio ဟာ ၎င်းပိုက်ဆံများဖြင့် သားဖြစ်သူကို အခု တတ်နိုင်တဲ့အကောင်းဆုံးဆေးကုသမှုကိုပေးဆောင်ဖို့ ဒါမှမဟုတ် သူ့သားက အေးဆေးနေပြီး ပုံမှန်ဘဝအတိုင်းနေထိုင်သွားနိုင်ရန်အတွက် သူမျှော်လင့်ထားကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ ဒီအရာတွေအာလုံးအတွက် Mahzooz ကုဋေဆုထီကိုလည်း အမြဲတမ်းကျေးဇူးတင်နေမှာပါလို့ Patricio ကဆိုပါတယ်။

“ ကျွန်တော်က မိသားစုအဆင်ပြေစေဖို့ Madagascar၊ Saudi Arabia နှင့် UAE မှာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေလောက်ကတည်းက တစ်ယောက်တည်းပင်ပန်းစွာဖြတ်သန်းခဲ့ရပါတယ်၊ နောက်ပြီး ငါ့မိသားစုနဲ့ နှစ်အတော်ကြာဝေးကွာနေရတာက လွယ်ကူတဲ့အလုပ်မဟုတ်ခဲ့ပါဘူး၊ အခုတော့ ငါ့သားသမီးတွေကို အနီးကပ်ပြုစုစောင့်ရှောက်ပေးဖို့နဲ့ ငါ့မိသားစုဝင်တွေနဲ့ အတူရှိနေဖို့အချိန်တန်လာပြီ၊ ငါ ဒီလောက်ပမာဏအများကြီးရခဲ့တာက ဘုရားသခင်ရဲ့ကောင်းချီးပါပဲ” လို့ Paterio က ဆိုပါတယ်။

Paterio ဟာ သူ့အနာဂတ်အစီအစဉ်များမှာ သူ့ဇနီးအတွက် သာယာလှပတဲ့မိသားစုအိမ်လေးတစ်လုံးဆောက်လုပ်ပေးရန် နှင့် အိမ်အတွက်ကုန်တင်ကားငယ်တစ်စီးဝယ်ပြီး ထိုဆုငွေများနဲ့ ရင်းနှီးမြှုပ်နှံမှုအနည်းငယ်လုပ်သွားဖို့ စီစဉ်နေပါတယ်။

.

သူဟာ ရိုးရိုးရှင်းရှင်းနဲ့ နိမ့်ကျတဲ့လူနေမှုပုံစံမျိုးကိုသာ နှစ်သက်ကြောင်းနှင့် ဒီငွေက သူ့မိသားစုကိုလှပတဲ့အနာဂတ်ပေးစွမ်းနိုင်တာက သူ့အတွက် အကောင်းတကာ့အကောင်းဆုံးလက်ဆောင်ပါပဲလို့လည်း Paterio က ရှင်းပြခဲ့ပါတယ်။ Paterio ဟာ Mahzooz ထီရဲ့သမိုင်းမှာ 19 ကြိမ်မြောက် သန်းကြွယ်သူဌေးတစ်ဦးဘဲဖြစ်သလို လွန်ခဲ့တဲ့နှစ်ပတ်ကမှ ပွဲဦးစထွက်ခဲ့တဲ့ Mahzooz ထီရဲ့ဂိမ်းဒီဇိုင်းအသစ်အတွက် ပထမဆုံးမဟာကံထူးဆုရှင်ကြီးလည်း ဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : ofwtambayan

Be the first to comment on "နိုင်ငံရပ်ခြားမှာ ဆယ်နှစ်ကြာအလုပ်လုပ်ခဲ့ပြီးနောက် သန်းတန်ထီဆုကြီးပေါက်ကာ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ ပြည်ပလုပ်သားတစ်ဦး"

Leave a comment

Your email address will not be published.


*