အိမ်လွမ်းခြင်းဖြေလျော့ဖို့ သက်ကြီးရွယ်အိုများရဲ့နေအိမ်ရှိတဲ့တံခါးများနှင့်တူအောင် တံခါးများကို စတစ်ကာများကပ်ပေးခဲ့တဲ့ ပြုစုစောင့်ရှောက်ရေးစင်တာ

အမေရိကန်ရှိ သက်ကြီးရွယ်အိုတွေဟာ ကြီးရင့်လာတဲ့၎င်းတို့ရဲ့အသက်တွေအတွက် ဆေးရုံဆေးခန်း သို့မဟုတ် ပြုစုစောင့်ရှောက်ရေးဌာနတွင်သာ ကျန်ရစ်ခဲ့ကြရပြီး အချိန်အတန်ကြာပြီးနောက် ၎င်းတို့ရဲ့မွေးရပ်မြေရှိ ၎င်းတို့၏နေအိမ်ရှိကိုယ်ပိုင်အခန်းကို တောင့်တလာကြပါတယ်။ ဒါ့အပြင် ၎င်းတို့ရဲ့မိသားစုကို လွမ်းဆွတ်ပြီး ဖုန်းခေါ်ဆိုမှု ဒါမှမဟုတ် စာရေးပြီးဆက်သွယ်ဖို့ ကြိုးစားနေကြရပါတယ်။ ပြီးတော့ Dementia နဲ့ Alzheimer’s ရောဂါကို ခံစားနေရသူတွေအတွက်တော့ သေချာပေါက် စိတ်ရှုပ်ထွေး၊ဝမ်းနည်းနေပြီး သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးစင်တာရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်များက ၎င်းတို့ရဲ့အိမ်မှာလုပ်လေ့ရှိတဲ့အရာများနှင့် ကွာပြားနေတာကြောင့် ၎င်းတို့ဟာ အိမ်ကိုလွမ်းနေကြရပါတယ်။ ထို့ကြောင့် စင်တာရှိ ၎င်းတို့၏အခန်းများတွင် ဤကဲ့သို့သောတံခါးများပြုလုပ်ခြင်းဖြင့် ၎င်းတို့ရဲ့အိမ်လွမ်းပြီးအိမ်ပြန်ချင်တဲ့ဆန္ဒကို လျှော့ချပေးနိုင်မည်ဖြစ်ပါတယ်။

.

နယ်သာလန်နိုင်ငံမှ True Door ကုမ္ပဏီဟာ အဆိုပါသက်ကြီးရွယ်အိုများ၏အိမ်ရှိတံခါးဒီဇိုင်းကိုပုံတူယူကာ ၎င်းတို့ရဲ့စင်တာတံခါးများပေါ်ကပ်ထားနိုင်မဲ့ စိတ်ကြိုက် ‘နံရံကပ်’ ထုတ်ကုန်များကိုထုတ်လုပ်ပေးခဲ့ပါတယ်။ ဒါက အိမ်မှာရှိနေတဲ့တံခါးကနေတစ်ဆင့် သင့်အခန်းကိုမှတ်မိဖို့ပိုလွယ်တဲ့နည်းလမ်းတစ်ခုပါ။

.

၎င်းက ပုံတူတံခါးများက သင့်ရဲ့နေအိမ်သို့ပြန်ရောက်နေသလိုခံစားစေတာကြောင့် ဝမ်းနည်းပူဆွေးနေတဲ့ သက်ကြီးရွယ်အိုတို့၏နှလုံးသားများကိုသက်သာသွားစေမဲ့ အံ့သဩဖွယ်နည်းလမ်းတစ်ခုပါဘဲ။

.

၎င်းပြုစုစောင့်ရှောက်ရေးစင်တာရှိ သက်ကြီးရွယ်အိုတစ်ဦးရဲ့အခန်းတံခါးတွင် ၎င်းရဲ့နေအိမ်ရှိပုံတူ တံခါးရဲ့wallpaper ကိုတပ်ဆင်လိုက်ရာ ၊ယင်းကြောင့် စင်တာရှိအဘိုး၊အဘွားတိုင်းက ရောထွေးတဲ့တုံ့ပြန်မှုများဖြစ်လာပြီး ကျန်တဲ့လူတွေကတော့ မျက်ရည်များစီးကျသွားခဲ့ကြပါတယ်။

၎င်းတို့ရဲ့တံခါးတိုင်းဟာ ၎င်းတို့အိမ်တွင်ရှိတဲ့တံခါးများနှင့် ဆင်တူပါတယ်။ အထူးသဖြင့် dementia နှင့် Alzheimer’s ရောဂါခံစားနေရသူများအတွက်၊ ဤပုံစံသစ်ဟာ ကောင်းမွန်တဲ့အမှတ်တရတွေကို အကောင်းဆုံးဖြစ်စေပါတယ်။

အိမ်မှာရှိနေတဲ့တံခါးတွေနဲ့ဆင်တူနေတာကိုမြင်ရခြင်းက သက်ကြီးရွယ်အိုတွေကို လွမ်းဆွတ်စေပြီး အတိတ်ရဲ့ အမှတ်တရကောင်းတွေပေးစွမ်းပါတယ်။ အထူးသဖြင့် နေ့စဉ်မြင်နေရတဲ့ ရိုးရာရောင်တူတံခါးတွေနဲ့ယှဉ်ရင် ၎င်းတို့ရဲ့ကိုယ်ပိုင်အခန်းတွေကို ကိုယ်တိုင်ဖော်ထုတ်နိုင်မှာပါဘဲဖြစ်ပါတယ်။

စင်တာရဲ့ထုံးစံအတိုင်း တံခါးများက ပေါ့ပါးတဲ့ပုံစံကိုဖော်ညွှန်းလေ့ရှိပေမဲ့လည်း ယခုအခါ သက်ကြီးရွယ်အိုများက တံခါးအသစ်တွေကိုကြည့်ပြီး အိမ်မှာရှိနေသလို ပိုမိုနွေးထွေးစွာ ခံစားရစေပြီး စင်တာရှိသက်ကြီးရွယ်အိုတိုင်းမှာ ၎င်းတို့ရဲ့ကိုယ်ပိုင်အမှတ်အသားဖြင့် အခန်းတံခါးတစ်ခုရှိလာပြီး ၎င်းတို့ကိုယ်ပိုင်အိမ်၌ရှိနေခြင်းရဲ့ “ခံစားချက်” ကို တိုးစေပါတယ်။

ဒါဟာ စင်တာရှိ သက်ကြီးရွယ်အိုတိုင်းရဲ့ဘဝကိုပြောင်းလဲသွားစေသည့် စိတ်ကူးလေးတစ်ခုပါဘဲ။ ဤသက်ကြီးရွယ်အိုများဟာ ဆေးစစ်ပြီး၊အပြင်သွားပြီး အခန်းသို့ပြန်လာတိုင်း တံခါးကိုကြည့်ပြီး အိမ်ပြန်လာသလိုခံစားရတာကြောင့် ကြည်နူးပျော်ရွှင်နေကြရပါတယ်။ ၎င်းကုမ္ပဏီဟာ အိမ်နှင့်ဝေးနေချိန်တွင် ဤသက်ကြီးရွယ်အိုတွေကိုအားပေးရန် အကောင်းဆုံးအံ့ဩဖွယ်အကြံဥာဏ်ကို တီထွင်ပေးခဲ့ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "အိမ်လွမ်းခြင်းဖြေလျော့ဖို့ သက်ကြီးရွယ်အိုများရဲ့နေအိမ်ရှိတဲ့တံခါးများနှင့်တူအောင် တံခါးများကို စတစ်ကာများကပ်ပေးခဲ့တဲ့ ပြုစုစောင့်ရှောက်ရေးစင်တာ"

Leave a comment

Your email address will not be published.


*