မေသခင္အခ်ိန္ေလးမွာ ကြား႐ွင္းသြားတဲ့အေမ့နဲ႔တစ္ႀကိမ္ေလာက္ေတြ႔ပါရေစဆိုၿပီး ဖခင္ကိုေတာင္းဆိုခဲ့တဲ့ ကေလးငယ္

လင္းမယားအၾကား ကြာ႐ွင္းတဲ့ကိစၥဟာတစ္ကယ္တမ္း မလြယ္ကူပါဘူး ။ ဘာလို႔လည္းဆို အဲ့ရဲ႕ဒဏ္ကိုအဓိကခံစားရသူေတြကေတာ့ ကေလးငယ္ေတြျဖစ္လို႔ပါပဲ ။ ထို႔ေၾကာင့္ ကေလးငယ္ေတြရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ နဲ႔ စိတ္ပိုင္းဆိုင္ရာေတြဟာ တေျဖးေျဖးယိုယြင္းလာတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက အသက္ 8ႏွစ္အရြယ္ကေလးငယ္ဟာ ေမြးရာပါ ႏွလံုးေရာဂါခံစားေနရသူျဖစ္ၿပီး မေသခင္အခ်ိန္အတြင္း သူ၏မိခင္ႏွင့္ေနာက္ဆံုးတစ္ႀကိမ္ခန္႔ေတြ႔ခ်င္ေၾကာင္း ဖခင္ကိုေတာင္းဆိုခဲ့တဲ့အတြက္ လူအမ်ားကိုအေတာ္ေလးဝမ္းနည္းေစခဲ့ပါတယ္ ။ ကေလးငယ္ရဲ႕ မိဘႏွစ္ပါးဟာ 2015 ခုႏွစ္က ကြာ႐ွင္ခဲ့ၾကတာျဖစ္ၿပီး ကေလးငယ္ကိုေတာ့ ဖခင္ျဖစ္သူကတာဝန္ယူေစာင့္ေ႐ွာက္ထားခဲ့တာပါ ။ ထို႔အျပင္ ဖခင္ျဖစ္သူဟာ သားေလးရဲ႕ေဆးကုသစရိတ္ကိုလံုလံုေလာက္ေလာက္ မေထာက္ပံ့ေပးႏိုင္ခဲ့လို႔ ကိုယ့္ကိုအျပစ္တင္ေဝဖန္ေနသူလည္း ျဖစ္ပါတယ္ ။

ဖခင္ျဖစ္သူဟာ လယ္သမားတစ္ေယာက္ျဖစ္ၿပီး ေန႔ေရာ ၊ ညပါ အလုပ္ႀကိဳးစား႐ုန္းကန္ကာ သားႏွစ္ေယာက္ ႏွင့္ အဘိုးအဘြားႏွစ္ေယာက္တို႔ကို ႐ွာေကြၽးေနရသူျဖစ္ၿပီး တစ္မိသားစုလံုးက ဖခင္ျဖစ္သူရဲ႕ဝင္ေငြကိုသာ မွီခိုေနရသူျဖစ္ပါတယ္ ။ ပိုက္ဆံပ်က္ေတာက္သြားတဲ့အခ်ိန္မ်ိဳးဆို ဖခင္ဟာ သားငယ္ေလးရဲ႕ေဆးကုသစရိတ္အတြက္ အျခားသူေတြထံ ေငြေၾကးအေျမာက္အျမားေခ်းငွါးခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

သားေလးဟာ ခြဲစိတ္ကုသမႈခံယူခဲ့ေပမဲ့လည္း ၿပီးခဲ့တဲ့ November လက အေျခအေနအေတာ္ဆိုးရြားလာၿပီး ကေလးငယ္ရဲ႕ ေက်ာက္ကပ္ ၊ အဆုတ္ ၊ ႏွလံုးတို႔ဟာ အေတာ္ေလးထိခိုက္ပ်က္ဆီးလာပါၿပီ ။ သို႔ေပမဲ့လည္း ကေလးငယ္က ေနာက္ဆံုးဆႏၵအေနနဲ႔ မိခင္ကိုတစ္ႀကိ္မ္ခန္႔ေတြခ်င္ေၾကာင္း ဖခင္ကိုေတာင္းဆိုခဲ့ပါတယ္ ။ အျခားေသာ မိသားစုဝင္ေတြက ဖခင္ျဖစ္သူကို လက္ေလ်ာ့လိုက္ဖို႔ေျပာဆိုခဲ့ၾကေပမဲ့လည္း ဖခင္ျဖစ္သူကေတာ့ သူ၏သားအသက္႐ွင္ေနသ၍ ေမ်ွာ့္လင့္ခ်က္႐ွိ၍ လက္မေလ်ွာ့ႏိုင္ေၾကာင္းသာ ေျပာဆိုၿပီး သားေလးကို အစြမ္းကုန္ျပဳစုကုသေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လင်းမယားအကြား ကွာရှင်းတဲ့ကိစ္စဟာတစ်ကယ်တမ်း မလွယ်ကူပါဘူး ။ ဘာလို့လည်းဆို အဲ့ရဲ့ဒဏ်ကိုအဓိကခံစားရသူတွေကတော့ ကလေးငယ်တွေဖြစ်လို့ပါပဲ ။ ထို့ကြောင့် ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာတွေဟာ တဖြေးဖြေးယိုယွင်းလာတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက အသက် 8နှစ်အရွယ်ကလေးငယ်ဟာ မွေးရာပါ နှလုံးရောဂါခံစားနေရသူဖြစ်ပြီး မသေခင်အချိန်အတွင်း သူ၏မိခင်နှင့်နောက်ဆုံးတစ်ကြိမ်ခန့်တွေ့ချင်ကြောင်း ဖခင်ကိုတောင်းဆိုခဲ့တဲ့အတွက် လူအများကိုအတော်လေးဝမ်းနည်းစေခဲ့ပါတယ် ။ ကလေးငယ်ရဲ့ မိဘနှစ်ပါးဟာ 2015 ခုနှစ်က ကွာရှင်ခဲ့ကြတာဖြစ်ပြီး ကလေးငယ်ကိုတော့ ဖခင်ဖြစ်သူကတာဝန်ယူစောင့်ရှောက်ထားခဲ့တာပါ ။ ထို့အပြင် ဖခင်ဖြစ်သူဟာ သားလေးရဲ့ဆေးကုသစရိတ်ကိုလုံလုံလောက်လောက် မထောက်ပံ့ပေးနိုင်ခဲ့လို့ ကိုယ့်ကိုအပြစ်တင်ဝေဖန်နေသူလည်း ဖြစ်ပါတယ် ။

ဖခင်ဖြစ်သူဟာ လယ်သမားတစ်ယောက်ဖြစ်ပြီး နေ့ရော ၊ ညပါ အလုပ်ကြိုးစားရုန်းကန်ကာ သားနှစ်ယောက် နှင့် အဘိုးအဘွားနှစ်ယောက်တို့ကို ရှာကျွေးနေရသူဖြစ်ပြီး တစ်မိသားစုလုံးက ဖခင်ဖြစ်သူရဲ့ဝင်ငွေကိုသာ မှီခိုနေရသူဖြစ်ပါတယ် ။ ပိုက်ဆံပျက်တောက်သွားတဲ့အချိန်မျိုးဆို ဖခင်ဟာ သားငယ်လေးရဲ့ဆေးကုသစရိတ်အတွက် အခြားသူတွေထံ ငွေကြေးအမြောက်အမြားချေးငှါးခဲ့ရကြောင်း သိရှိရပါတယ် ။

သားလေးဟာ ခွဲစိတ်ကုသမှုခံယူခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ November လက အခြေအနေအတော်ဆိုးရွားလာပြီး ကလေးငယ်ရဲ့ ကျောက်ကပ် ၊ အဆုတ် ၊ နှလုံးတို့ဟာ အတော်လေးထိခိုက်ပျက်ဆီးလာပါပြီ ။ သို့ပေမဲ့လည်း ကလေးငယ်က နောက်ဆုံးဆန္ဒအနေနဲ့ မိခင်ကိုတစ်ကြိမ်ခန့်တွေချင်ကြောင်း ဖခင်ကိုတောင်းဆိုခဲ့ပါတယ် ။ အခြားသော မိသားစုဝင်တွေက ဖခင်ဖြစ်သူကို လက်လျော့လိုက်ဖို့ပြောဆိုခဲ့ကြပေမဲ့လည်း ဖခင်ဖြစ်သူကတော့ သူ၏သားအသက်ရှင်နေသ၍ မျှော့်လင့်ချက်ရှိ၍ လက်မလျှော့နိုင်ကြောင်းသာ ပြောဆိုပြီး သားလေးကို အစွမ်းကုန်ပြုစုကုသနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment