လွန်ခဲ့တဲ့ ၅၆ နှစ်အတွင်း မိဘမဲ့ကလေးပေါင်း ၆၀၀ ကျော်ကို ပြုစုစောင့်ရှောက်ပေးခဲ့ကြတဲ့ ဇနီးမောင်နှံစုံတွဲ

England နိုင်ငံ West Sussex ကောင်စီ Haslemere မြို့မှ ၈၆ နှစ်အရွယ် ခင်ပွန်း Roger Fitter နှင့် ၈၁ နှစ်အရွယ် ဇနီး Pauline တို့ဟာ လွန်ခဲ့တဲ့ ၅၆ နှစ်အတွင်း မိဘမဲ့ကလေးပေါင်း ၆၀၀ ကျော်ကို ပြုစုပျိုးထောင်ပေးခဲ့ကြပါတယ်။ 600 မှ စပြီးရေမတွက်ရတော့တာကြောင့် နံပါတ်အတိအကျကိုမသိတော့ကြောင်း အဆိုပါစုံတွဲက ပြောပြခဲ့ပါတယ်။ မစ္စစ် Pauline နှင့် သူမရဲ့ခင်ပွန်းတို့ဟာ ငယ်ရွယ်စဉ်ကတည်းက မိဘမဲ့ကလေးများနှင့် ခိုကိုးရာမဲ့ကလေးများကို အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ချင်ခဲ့ကြပါတယ်။ ၎င်းတို့မွေးစားတဲ့ ကလေးတွေဟာ အသက်သုံးရက်ကနေ ဆယ်ကျော်သက်အရွယ်အထိ နှင့် နိုင်ငံတစ်ဝှမ်းလုံး Belarus နိုင်ငံနဲ့ Lithuania နိုင်ငံမှာတောင် မွေးစားပေးခဲ့ကြပါတယ်။ Pauline ဟာ ငယ်စဉ်ကတည်းက ကလေးများကို ပြုစုစောင့်ရှောက်လိုစိတ်နေရှိခဲ့ပြီး အသက် 15 နှစ်မှာတင် သူနာပြုသင်တန်း တက်ရောက်ခဲ့ပါတယ်။

သူမနှင့်သူမခင်ပွန်းတို့က ၁၉၆၈ ခုနှစ်တွင် Camesdale သူငယ်တန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့ကြပြီး Mr. Roger က ဥယျာဉ်ရှိရိန်းဂျားအဖြစ်နှင့် ကျောင်း၌လည်းအလုပ်လုပ်ခဲ့ပါတယ်။ 1965 ခုနှစ် ဒီဇင်ဘာတွင် West Sussex Social Services မှ ပထမဆုံးကလေးဟာ ၎င်းတို့ထံ ရောက်လာခဲ့ပြီး ကောင်လေးမှာ လည်ချောင်းနာရောဂါရှိခဲ့လို့ ၎င်းတို့ဇနီးမောင်နှံက သူ့ကို လက်စွဲတော် sauna တဲတစ်ခုတွင် ပြုစုစောင့်ရှောက်ခဲ့ပေမဲ့ တစ်နေ့မှာတော့ ကောင်လေးက မွေးစားတဲ့မိသားစုကိုရှာတွေ့သွားခဲ့တဲ့အတွက် ရုတ်တရက်ခေါ်သွားခံခဲ့ရပါတယ်။ Pauline က အဆိုပါကောင်လေးက ၎င်းတို့နဲ့ 10 ပတ်လောက်သာနေခဲ့ရပြီး သူထွက်သွားတဲ့ညမှာ သူမတို့ဟာ ကုတင်စွန်းရှိ ပုခက်ကို စိုက်ကြည့်နေကြကြောင်းပြောပြခဲ့ပါတယ်။

ထို့နောက် Pauline ကငိုနေတော့ ခင်ပွန်းဖြစ်သူက ဇနီးသာ ကလေးတစ်ယောက်ထွက်သွားတိုင်း ငိုနေမယ်ဆိုရင်တော့ ၎င်းတို့ရဲ့ကလေးမွေးစားတဲ့အစီအစဉ်ကိုရပ်သင့်ကြောင်းပြောကြားခဲ့ပါတယ်။ သိုပေမဲ့ ၎င်းတို့ဇနီးမောင်နှံဟာ ပြုစုစောင့်ရှောက်မှုလိုအပ်နေတဲ့ကလေးငယ်တွေရှိနေတယ်ဆိုတဲ့အချက်ကိုလျစ်လျူရှုမထားနိုင်ခဲ့ကြပါဘူး။

နောက်နှစ်တွေမှာတော့ ကလေးရာနဲ့ချီပြီး သူတို့အိမ်ကိုရောက်လာခဲ့ပြီး နွေရာသီတစ်ခုမှာ ၎င်းတို့မိသားစုဆီသို့ ကလေး ၁၁ ယောက် တစ်ပြိုင်နက်တည်းရောက်လာခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ကလေးတွေကစားဖို့ ၎င်းတို့ရဲ့အိမ်နောက်ဖေးကို စခန်းချတဲ့နေရာအဖြစ် ပြောင်းလဲခဲ့ကြရပြီး ၎င်းတို့အိမ်က ‘ထုတ်လုပ်မှုလိုင်း’ နဲ့တူတယ်လို့ ခင်ပွန်းသည်က အရွှန်းဖောက်ခဲ့ပါသေးတယ်။

ကလေးအများအပြားဟာ နှစ်များစွာအတွင်း ၎င်းတို့ဇနီးမောင်နှံနှင့် အဆက်အသွယ်မပြတ်ရှိခဲ့ကြပါတယ်။ အမွှာစုံတွဲတစ်တွဲဟာ အသက် 13 နှစ်တွင် Pauline နှင့် Roger တို့ထံရောက်ရှိလာခဲ့ပြီး အသက် 17 နှစ်အထိ ၎င်းတို့အိမ်မှာနေသွားခဲ့ကြပါတယ်။ ၎င်းတို့နေအိမ်ကနေ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်ထွက်သွားတာကို အကြိမ်ပေါင်းများစွာ မြင်ရပြီးနောက်မှာတော့ Pauline ဟာ မငိုတော့ဘဲ ကလေးတွေအတွက် ခရီးဆောင်အိတ်တွေဝယ်ပေးတိုင်း ၎င်းတို့ဘဝစတော့မှာဘဲလို့သာ ဂုဏ်ယူစွာ တွေးလာခဲ့ပါတယ်။

ထို့ပြင် ၎င်းတို့ဟာ ကလေးတစ်ယောက် အိမ်ကထွက်ခွါသွားတာကို အခမ်းအနားတစ်ခုအနေနဲ့ သဘောထားတတ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလအစောပိုင်းမှာ ၎င်းတို့ရဲ့နောက်ဆုံးကလေးကို မွေးစားမိသားစုထံလွှဲပြောင်းပေးခဲ့ကြပါတယ်။

ဒီတစ်ကြိမ်မှာတော့ သူ့နေရာကိုအစားထိုးဖို့ တခြားကလေးတစ်ယောက်မှမရှိတော့ဘူးဆိုတာကိုသိထားတာကြောင့် ၎င်းတို့ရံ့စိတ်ခံစားချက်က အရင်ကနဲ့ မတူပါဘူး။ လက်ရှိမှာ ၎င်းတို့ဇနီးမောင်နှံဟာ အသက်ပြည့်တော့အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။

၎င်းတို့ရဲ့အိမ်ဧည့်ခန်းတွင် မကြာသေးမီက လာရောက်လည်ပတ်ခဲ့တဲ့ကလေးများ၏ ဓာတ်ပုံများကိုစုစည်းထားပြီး ကလေးတွေကိုလာရောက်လည်ပတ်တိုင်း ပြန်ပြဖို့ ဓာတ်ပုံအယ်လ်ဘမ်ခြောက်ခုကိုလည်း သိမ်းဆည်းထားပါသေးတယ်။ ကလေးပေါင်း ၆၀၀ ကျော်ကို ပြုစုပျိုးထောင်ပေးတဲ့အပြင် Pauline နှင့် Roger Fitter တို့ဇနီးမောင်နှံနှစ်ဦးမှာ သားသမီးအရင်း ၄ ယောက်နဲ့ မွေးစားကလေးတစ်ယောက်အပါအဝင် စုစုပေါင်း မြေး ၁၁ ယောက်ရှိပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "လွန်ခဲ့တဲ့ ၅၆ နှစ်အတွင်း မိဘမဲ့ကလေးပေါင်း ၆၀၀ ကျော်ကို ပြုစုစောင့်ရှောက်ပေးခဲ့ကြတဲ့ ဇနီးမောင်နှံစုံတွဲ"

Leave a comment

Your email address will not be published.


*