အသက်၆၀အရွယ်မှာ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ခေတ်စားလှတဲ့ fashion style တွေကြောင့် social media မှာ ရေပန်းစားနဲ့တဲ့ အမျိုးသမီး

အမျိုးသမီးအများစုက အချိန်ကြာလာတာနဲ့အမျှ အသက်ကြီးလာမှာကိာ အရမ်းကြောက်ရွံ့ကြသော်လည်း အချို့က အသက်ဟာ ကိန်းဂဏန်းတစ်ခုမျှသာဖြစ်ကြောင်း သက်သေပြခဲ့ပါတယ် ။ အမျိုးသမီးတွေက ကိုယ့်ကိုကိုယ် ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သိဖို့ပဲလိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ အမြဲတမ်း လှပပြီး ဆွဲဆောင်မှုရှိနေမှာပါ ။ ကနေဒါက အသက် ၆၀ အရွယ် မစ္စစ် Grece Ghanem ဟာ သူမရဲ့ အလှနဲ့ အလွန်နုနယ်ပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကြောင့် အထူးသဖြင့် သူမရဲ့ ခေတ်စားလှတဲ့ ဖက်ရှင်စတိုင်လ်ကြောင့် သူမနဲ့ မြေးငယ်များစွာကို မနာလိုဖြစ်နေစေခဲ့ပါတယ် ။ လက်ရှိမှာတော့ သူမရဲ့ Instagram အကောင့်မှာ Follower 700,000 ကျော်ရှိနေပြီဖြစ်ပါတယ် ။

.

ယခင်က မစ္စ Grece Ghanem ဟာ PT တစ်ဦးဖြစ်သောကြောင့် သူမက လေ့ကျင့်ခန်းနဲ့ မိမိကိုယ်ကို ဂရုစိုက်ရန် အမြဲစိတ်ဝင်စားခဲ့သူဖြစ်ပါတယ် ။

.

သူမက Beauties lab စာမျက်နှာ မှာ Grece Ghanem က သူမ နိုးလာတဲ့အခါ နေ့တိုင်း တစ်နေ့တာစတင်ရန် သံပုရာသီး၊ ရှာလကာရည်၊ cayenne ငရုတ်ကောင်းမှုန့်၊ လတ်ဆတ်သောဂျင်းနဲ့ ဆားအနည်းငယ်တို့နဲ့အတူ ရေနွေးတစ်ခွက်ကို ရောမွှေပြီး ၎င်းဟာ ရိုးရှင်းသောရေဖြစ်သော်လည်း ခန္ဓာကိုယ်ကို နိုးကြားစေပြီး အစာခြေစနစ်ကို ထောက်ပံ့ပေးပါတယ် ။

.

.

ထို့အပြင် သူမက လတ်ဆတ်တဲ့ အစိမ်းရောင် အသီးအနှံများဖြစ်တဲ့ ဖျော်ရည်များကို ပုံမှန်အသုံးပြုကာ ရှားစောင်းလက်ပတ်အပိုင်းများကို ကော်လာဂျင် မြှင့်တင်ပေးကာ အသားအရေ ကျန်းမာစေပြီး ဆံပင်ကိုလည်း သန်မာစေပါတယ် လို့ သူ့မရဲ့တစ်နေ့သာလုပ်ငန်းကို တင်ပြလာခဲ့ပါတယ် ။

.

အသက်အရွယ်ကြီးရင့်ခြင်းဟာ ဘဝရဲ့မလွှဲမရှောင်သာသောအစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် ရှောင်လွှဲလို့မရသော်လည်း နုပျိုနေစေရန် အသားအရေထိန်းသိမ်းမှုကို ဂရုစိုက်ပါ ။

.

Grece Ghanem ရဲ့နေ့စဉ်အသားအရေထိန်းသိမ်းမှုအဆင့်များက အလွန်ရိုးရှင်းသော်လည်း ၎င်းတို့က ကျော်လို့မရနိုင်သောအဆင့်များဖြစ်ပါတယ် ။ သူမရဲ့ အလှနဲ့ ကိုယ်လုံးကိုယ်ပေါက်သာမက သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်စတိုင်တွေကိုလည်း လူအများက ချစ်ခင်အားပေးကြပါတယ် ။

အသက်၆၀အမျိုးသမီးတစ်ဦးက ခေတ်မီပြီး ယခုခေတ်စားနေတဲ့ အဝတ်အစားများကို ၀တ်ဆင်ထားဆဲဖြစ်ပြီး တောက်ပတဲ့အရောင်များကြိုက်နှစ်တဲ့ အမျိုးသမီးက မရှိသလောက်ပါ ။ တကယ်တော့ သူမဟာ အသက်၆၀ကျော်ပေမယ့် လူငယ်များစွာအတွက် စံနမူနာပြအဖြစ် ရှိနေဆဲပါ။

JRose (Mckzone daily)

Reference : bestie

Be the first to comment on "အသက်၆၀အရွယ်မှာ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ခေတ်စားလှတဲ့ fashion style တွေကြောင့် social media မှာ ရေပန်းစားနဲ့တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*