သဘာဝအနုပညာပရိဘောဂအဖြစ် မြေပြင်မှတိုက်ရိုက်ပေါက်ရောက်တဲ့သစ်ပင်များကို ပထမဆုံးစတင်စိုက်ပျိုးခဲ့တဲ့ ဒီဇိုင်နာတစ်ဦး (ရုပ်သံ)

“Zen 3D ပုံနှိပ်ခြင်း” လို့ သူခေါ်တဲ့နည်းစနစ်ဖြင့် ဒီဇိုင်းပညာရှင် Gavin Munro ဟာ ရိုးရာပရိဘောဂဒီဇိုင်းဆိုင်ရာ အယူအဆများကို စိန်ခေါ်နေပါတယ်။ ကုလားထိုင်များနှင့် စားပွဲများကိုပြုလုပ်ဖို့ သက်တမ်းရင့်တဲ့သစ်ပင်များကိုခုတ်လှဲနေမယ့်အစား သူ၏ကုမ္ပဏီဖြစ်တဲ့ Full Grown ဟာ ပရိဘောဂများကို မြေပြင်မှ တိုက်ရိုက်အမှန်တကယ်ပေါက်ရောက်အောင်ပြုလုပ်ခဲ့ပြီး သစ်ပင်များကို ဗျူဟာကျကျစိုက်ပျိုးပြီး သီးခြားဖွဲ့စည်းပုံများအဖြစ် ပုံသွင်းထားစေခဲ့ပါတယ်။ နောက်ဆုံး ရိတ်သိမ်းပြီးတဲ့အခါမှာတော့ ၎င်းတို့ဟာ လှပတဲ့ပရိဘောဂအပိုင်းအစများဖြစ်နေပြီဖြစ်ပါတယ်။ ၎င်းဟာ Munro နှင့်သူ့အဖွဲ့သားများက 10 နှစ်ကြာအောင် တီထွင်ခဲ့တဲ့နည်းပညာတစ်ခုဖြစ်ပြီး သစ်ပင်တွေရင့်ကျက်လာတာကိုစောင့်ဆိုင်းဖို့ စိတ်ရှည်ရန်လိုအပ်တဲ့ ခက်ခဲကြမ်းတမ်းတဲ့လုပ်ငန်းစဉ်တစ်ခုဘဲဖြစ်ပါတယ်။

.

ဗြိတိန်တွင်တည်ရှိတဲ့၎င်းတို့ရဲ့ လေဟာပြင်စက်ရုံဟာ လေးဧက ကျယ်ဝန်းပြီး သစ်ပင်ပေါင်း ၃၀၀၀ စိုက်ပျိုးထားပြီး လက်ရှိ ၎င်းတို့မှာ ကုလားထိုင်များ၊ မီးအိမ်များနှင့် စားပွဲများ အပါအဝင် အစိတ်အပိုင်းအခု 500 ရှိနေပါတယ်။ အချောထည်တွေမှာ ကော် သို့မဟုတ် သံရိုက်တာမျိုးလုံးဝမရှိသလို လိုအပ်ရင်တော့ ပိုးသတ်ရုံသာပါဘဲ။

.

နောက်ဆုံး ရလာတဲ့ရလဒ်ကတော့ ဘယ်သူမှတွေးတောမိမှာမဟုတ်တဲ့အံ့မခန်းလက်ရာပြောင်မြောက်တဲ့ပန်းပုရုပ်တုတွေလိုပါဘဲ။ ၎င်းစိတ်ကူးကတော့ ကုလားထိုင်ပုံသဏ္ဍာန်ရှိတဲ့ သူ့ဥယျာဉ်ထဲက ဘွန်ဆိုင်းတစ်ပင်ကိုသတိထားမိသွားခဲ့ပြီးနောက် ငယ်စဉ်ကလေးဘဝကတည်းက Munro မှာရှိနေခဲ့တဲ့ စိတ်ကူးတစ်ခုပါ။

.

နှစ်အနည်းငယ်ကြာပြီးနောက် နာမကျန်းမှုဖြင့် ဆေးရုံမှာ အကြာကြီးနေထိုင်ခဲ့ရတဲ့အခါ Munro ရဲ့ထိုမှတ်ဉာဏ်ကလည်း နောက်ပိုင်းမှာ တဖြည်းဖြည်းကြီးထွားလာခဲ့ပြီး ထိုအချိန်မှာ သူဟာ နှစ်ပေါင်းများစွာ အချိန်ယူရမဲ့လုပ်ငန်းစဉ်မှာ ကောင်းမွန်စွာထမ်းဆောင်မယ့်စိတ်ရှည်မှုကို သင်ယူခဲ့ပါတယ်။

.

“ တကယ်တော့ ဒါက ရိုးရှင်းတဲ့ အနုပညာတစ်ခုပါ ၊အထူးပြုလုပ်ထားတဲ့ အပင်ဟောင်းတွေထက် ငယ်ရွယ်တဲ့ အကိုင်းအခက်တွေကို လေ့ကျင့်ပေးပြီး ဖြတ်တောက်ခြင်းဖြင့် စတင်ပြုလုပ်နိုင်တယ်၊ အချို့သောနေရာတွေမှာ ကျွန်တော်တို့က အဲ့ဒါတွေကို ပေါင်းစပ်ပြီး အရာဝတ္ထုကိုအစိုင်အခဲတစ်ခုအဖြစ် ကြီးထွားစေဖို့အတွက် လေ၊ မြေနှင့် နေရောင်ခြည်ကို အဲဒါတွေရဲ့အရင်းအမြစ်ပစ္စည်းတွေအဖြစ် အသုံးပြုတဲ့ အော်ဂဲနစ် 3D ပုံနှိပ်စက်နဲ့တူပါတယ်၊

ကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်း ကြီးထွားလာတဲ့အခါ ဆောင်းရာသီမှာ မရိတ်သိမ်းခင် ခြောက်သွေ့ပြီး ရာသီမကုန်ခင် ထူပြီးရင့်လာတဲ့အထိ အဲ့သစ်ပင်တွေကို ဆက်လက် ပြုစုပျိုးထောင်ထားရပါတယ် ” ဟု Munro က ရှင်းပြခဲ့ပါတယ်။

၎င်းတို့ရဲ့အောင်မြင်မှုကိုအတည်ပြုခြင်းဖြင့် Full Grown ၏ရှေ့ပြေးပုံစံ Willow Chair ဟာ ယခုအခါ စကော့တလန်အမျိုးသားပြတိုက်ရှိအမြဲတမ်းစုစည်းမှု၏ တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

ပစ္စည်းကုန်ကျစရိတ်နည်းပါးပြီး မည်သည့်နေရာတွင်မဆို ကြီးထွားနိုင်မှုနှင့်အတူ၊ Full Grown ကုမ္ပဏီဟာ ပရိဘောဂဒီဇိုင်းနှင့်ပတ်သက်သည့် ကျွန်တော်တို့ရဲ့တွေးခေါ်ပုံကိုပြုပြင်ပြောင်းလဲသွားဖို့ ဖြစ်နိုင်ခြေရှိသည့်စိတ်လှုပ်ရှားဖွယ်အယူအဆတစ်ခုဘဲဖြစ်ပါတယ်။

Mia (Mckzone daily)

Reference :

Be the first to comment on "သဘာဝအနုပညာပရိဘောဂအဖြစ် မြေပြင်မှတိုက်ရိုက်ပေါက်ရောက်တဲ့သစ်ပင်များကို ပထမဆုံးစတင်စိုက်ပျိုးခဲ့တဲ့ ဒီဇိုင်နာတစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*