မိခင်အထင်နဲ့ အမွေးရှည်လျားနက်မှောင်တဲ့ခွေးတစ်ကောင်ရဲ့နောက်ကျောပေါ်မှာ အချိန်တန်ကြာတွယ်ကပ်နေတဲ့ Possum အကောင်ပေါက်လေး

ဩစတေးလျနိုင်ငံ Melbourne မြို့ရှိ Jon Watkinson အမည်ရှိအမျိုးသားနှင့် Sally အမည်ရှိအမျိုးသမီးတို့ဇနီးမောင်နှံဟာ မကြာသေးမီက Kato အမည်ရှိ၎င်းတို့ရဲ့အမွေးရှည်ခွေးလေးတစ်ကောင်ရဲ့နောက်ကျောမှာတွယ်ကပ်နေတဲ့ possum အကောင်ငယ်လေးတစ်ကောင်ကိုမထင်မှတ်ဘဲရှာဖွေတွေ့ရှိခဲ့တာကို မျှဝေခဲ့ပါတယ်။ ၎င်းတို့စုံတွဲဟာ ၎င်းတို့မိသားစုအိမ်မှာအနားယူနေစဉ် Kato ရဲ့အမွေးပေါ်မှာ ထိုတိရိစ္ဆာန်က တွယ်ကပ်တိုးဝှေ့နေပုံရတယ်လို့ ဆိုထားပါတယ်။ Kato ရဲ့အမွေးရှည်ပေါ်မှာ possum ကောင်လေးက ဘယ်လောက်ကြာကြာရှိနေပြီလဲဆိုတာ ၎င်းတို့စုံတွဲကမသိပေမယ့် Kato ကိုယ်တိုင်ကလည်း သူ့အပေါ်အခမဲ့လိုက်ပါစီးနင်းနေတဲ့ possum ကောင်လေးအား မကျေမနပ်ဖြစ်ပုံမရဘူးလို့ဆိုပါတယ်။

ခွေးများ နှင့် possum ကောင်တို့က ပုံမှန်အားဖြင့် ပြေလည်တဲ့ဆက်ဆံရေးမဟုတ်တာကြောင့် ၎င်းတို့စုံတွဲက ဒီ possum အကောင်ငယ်အပေါ် Kato ရဲ့ ငြိမ်သက်တဲ့တုံ့ပြန်မှုများကို အံ့အားသင့်သွားခဲ့ကြပါတယ်။

“ Hugo လို့ခေါ်တဲ့ကျွန်မတို့ရဲ့နောက်ထပ်ဆံရှည်ခွေးတစ်ကောင်ကလည်း possum ကောင်က Kato ရဲ့အမွေးပေါ်မှာတွယ်ကပ်နေတာကိုသတိထားမိပုံရတယ်၊ ဘာလို့ဆို Hugo က အဲ့အရာကိုအရူးအမူးမဟောင်နေတာက အံ့ဩစရာပါ၊ Hugo သတိထားမိတာကိုလည်း Kato က သိပုံရတယ် ” လို့ Sally က Facebook မှာ ရေးသားခဲ့ပါတယ်။

Jon ဟာ possum ကောင်က Kato ရဲ့ရှည်လျားနက်မှောင်တဲ့အမွေးပေါ်မှာ အနည်းဆုံး ၃ နာရီကြာ တွယ်ကပ်နေခဲ့တာကြောင့် possum အားကူညီပေးရန် တောရိုင်းတိရိစ္ဆာန်များကယ်ဆယ်ရေးနှင့်ဆက်သွယ်ပေးခဲ့ပါတယ်။ ၎င်းတို့ဇနီးမောင်နှံနှစ်ဦးက Kato ကို တိရိစ္ဆာန်ဆေးကုခန်းဆီ အမြန်ခေါ်သွားတဲ့အချိန်အထိ possum ကောင်က လိုက်ပါနေဆဲဖြစ်ပါတယ်.။

ထို့နောက် ထိုတိရိစ္ဆာန်လေးမှာ ထိခိုက်ဒဏ်ရာရရှိမှုရှိမရှိကိုစစ်ဆေးပြီးနောက် ထို possum လေးက တောရိုင်းတိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာသို့မပြောင်းရွှေ့မီ တိရိစ္ဆာန်ဆေးကုခန်းမှာ တစ်ညတည်းခဲ့ရပါသေးတယ်။

” သူ့မိခင်ကို ရှာမတွေ့သေးရင်တော့ တောထဲပြန်မလွှတ်မီ အဲ့ဒီ possum လေးကိုသေချာဂရုစိုက်ပေးဖို့လိုအပ်ပါတယ်၊ သူက နို့မဖြတ်ရသေးပေမယ့် နေကောင်းနေပုံရပြီး သူ့မိခင်အထင်နဲ့ ခွေးလေးကိုယ်ပေါ် တွယ်ကပ်နေခဲ့ပုံရတယ်၊ သူ့မျက်လုံးတွေကတော်တော်တောက်ပနေတာပဲ၊ သူအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ် ” လို့ Watkinson က Facebook post မှာ မှတ်ချက်ပေးတုံ့ပြန်ခဲ့ပါတယ်။

Sally ကတော့ ဒီအဖြစ်အပျက်ကို သူမရဲ့ Facebook စာမျက်နှာမှာမျှဝေပေးခဲ့ပြီး လျှင်မြန်စွာပျံ့နှံ့သွားခဲ့ပါတယ်။

Jasmine (Mckzone daily)

Reference : aubtu

Be the first to comment on "မိခင်အထင်နဲ့ အမွေးရှည်လျားနက်မှောင်တဲ့ခွေးတစ်ကောင်ရဲ့နောက်ကျောပေါ်မှာ အချိန်တန်ကြာတွယ်ကပ်နေတဲ့ Possum အကောင်ပေါက်လေး"

Leave a comment

Your email address will not be published.


*