အနီးကပ်ဆုံးပြုစုစောင့်ရှောက်နိုင်ရန်အတွက် လေဖြတ်နေတဲ့မိခင်အား နေ့တိုင်းအလုပ်ခွင်သို့ခေါ်ဆောင်သွားတဲ့ အမျိုးသားတစ်ဦး

တရုတ်နိုင်ငံ Shaanxi ပြည်နယ်၊ Weinan မြို့ရှိ Zhao Xiaobō အမည်ရှိအမျိုးသားဟာ မနက်တိုင်း အစားအစာများနှင့်ရေနွေးပူပူကို ပြင်ဆင်ပြီး 73 နှစ်အရွယ် လေဖြတ်နေတဲ့မိခင်အား ကားပေါ်သို့တင်ကာ နေအိမ်မှ ၁ ကီလိုမီတာဝေးတဲ့ သူ့အလုပ်ခွင် Du Qiao ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်သွားလေ့ရှိပါတယ်။ အလုပ်ခွင်သို့ရောက်တဲ့အခါ Zhao ဟာ မိခင်အား ကုတင်ပေါ်တင်ပေးပြီးစောင်ခြုံပေးကာ သူအလုပ်လုပ်နေချိန်အတွင်း မိခင်အတွက် iPad ဖွင့်ထားပေးခဲ့ပြီး သူ့အလုပ်ရှိရာ ၆ လွှာသို့သွားရပါတယ်။ Zhao ၏အဓိကအလုပ်မှာ လူနာများအား ပြုစုစောင့်ရှောက်တဲ့သူနာပြုများအား ကူညီပေးရန်ဖြစ်ပြီး ည ၈ နာရီတွင် လူနာ ၄၀ ကဆေးကုသမှုခံယူနေသည့် ၆ လွှာတွင် ကင်းလှည့်ကာ ၎င်းတို့ရဲ့အနှီးတွေကို စစ်ဆေးပြီး သန့်စင်ခန်းနဲ့ ရေချိုးဖို့ကို ကူညီပေးရသလို လူနာတွေကို ဆရာဝန်၊ မီးဖိုချောင် ဒါမှမဟုတ် ၎င်းတို့သွားချင်တဲ့နေရာဆီသို့ခေါ်သွားပေးရပါတယ်။

Zhao ရဲ့တစ်နေ့တာအရှုပ်ဆုံးအချိန်ဟာ လူနာများ အိပ်ရာဝင်ချိန်ဖြစ်တဲ့ ည 10 နာရီမှ 11 နာရီကြားဖြစ်ပါတယ်။ Zhao ဟာ ည 11 နာရီမှ မနက် 2နာရီအထိ သူ့အမေအိပ်ရာနှင့်ကပ်လျက် ကုတင်ပေါ်တွင် အနားယူနိုင်ပြီး ထိုအချိန်မှလွှဲ၍ လူနာများရဲ့အဝတ်အစားများနှင့် အိပ်ရာဖုံးများကို လျှော်ဖွပ်ရမည်ဖြစ်ပါတယ်။ ထို့နောက် မနက် ၆း၃၀ မှအလုပ်ပြီးတဲ့ Zhao ဟာ သူ့မိခင်ကိုခေါ်ပြီး အိမ်ပြန်ရပါတယ်။

“ ဒီမှာ အလုပ်လုပ်ရင်း အမေ့ကိုပြုစုရင်း ဝင်ငွေရှာနိုင်နေသေးတယ် ” ဟု အသက် ၄၀ အရွယ် Zhao ကဆိုခဲ့ပါတယ်။ Zhao ဟာ ယခင်က ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ဖူးပြီး 2012 ခုနှစ်တွင် မိခင်က လေတစ်ခြမ်းဖြတ်သွားခဲ့ပြီးအကိုကြီးဖြစ်သူကလည်း ယာဉ်မတော်တဆမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရပါတယ်။

ထို့ကြောင့် သူ့မိခင်ကို ထိုအချိန်က အသက် ၆၇ နှစ်ရှိ ဖခင်ကသာစောင့်ရှောက်ခဲ့ပေမဲ့ 2016 ခုနှစ်တွင် Zhao ရဲ့ဖခင်က ဇနီးဖြစ်သူ အိမ်သာတက်ရန် ကူညီပေးစဉ် ကြမ်းပြင်ပေါ်သို့ ဦးခေါင်းရိုက်မိသွားခဲ့ခြင်းကြောင့် သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူကလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ထို့နောက် Zhao ဟာ သူမကို ပြုစုစောင့်ရှောက်ရန် မြို့သို့ခေါ်ဆောင်သွားခဲ့ပြီး နေ့တိုင်း မိခင်ကိုဆောင်ခေါ်ကာ သူမရဲ့ခြေထောက်တွေကိုမဆန့်နိုင်တာကြောင့် ဆိုင်ကယ်နောက်ခန်းမှာစောင်တစ်ထည်ကိုခြုံထားစေခဲ့ကာ ကုမ္ပဏီဂိုဒေါင်ဘေးက သစ်ပင်အောက်မှာစောင့်နေစေခဲ့ပြီး နှစ်နာရီခြားတစ်ခါ သူမအတွက် ရေယူသွားပေးပြီး အိမ်သာကိုလည်းပို့ပေးခဲ့ပါတယ်။

2020 ခုနှစ် နှစ်သစ်ကူးမှာ ၎င်းတို့သားအမိအိမ်ပြန်ခဲ့ကြပြီး ကူးစက်ရောဂါကြောင့် အိမ်မှာ ပိတ်မိနေတဲ့ Zhao ဟာ မိခင်ကိုပြုစုဖို့ အလုပ်ကထွက်ခဲ့ရပါတယ်။ 2021 ခုနှစ် ဇူလိုင်လမှာတော့ ၎င်းတို့နေထိုင်ရာ Linwei ခရိုင်တွင် လူအိုများအတွက် ဆေးဘက်ဆိုင်ရာ အသိပညာပေးရန်အတွက် ဆေးရုံက သူ့အား ပူးပေါင်းဖို့ကမ်းလှမ်းခဲ့တာကြောင့် သူဟာ Du Qiao ပြည်သူ့ဆေးရုံမှာ အစမ်းခန့်ဝင်လုပ်ခဲ့ပါတယ်။

အစမ်းခန့်အတွင်း သူ့ရဲ့လုံ့လဝိရိယရှိမှုကြောင့် ဆေးရုံမန်နေဂျာရဲ့သဘောကျခြင်းကိုခံခဲ့ရကာ Zhao ဟာ ဩဂုတ်လမှာ လစာ ယွမ် ၄၀၀၀ ဖြင့်အလုပ်စဝင်ခဲ့ပါတော့တယ်။ လက်ရှိ Zhao ဟာ အရေးကြီးဆုံးက သူဆေးရုံမှာလုပ်ရင်း မိခင်ကိုလည်း အနီးကပ်ဆုံးပြုစုပေးနိုင်တာကြောင့် သူဟာ ဤဝင်ငွေလောက်နဲ့လည်း ပျော်ရွှင်ကျေနပ်နေဆဲဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "အနီးကပ်ဆုံးပြုစုစောင့်ရှောက်နိုင်ရန်အတွက် လေဖြတ်နေတဲ့မိခင်အား နေ့တိုင်းအလုပ်ခွင်သို့ခေါ်ဆောင်သွားတဲ့ အမျိုးသားတစ်ဦး"

Leave a comment

Your email address will not be published.


*