“ marry me ” ဆိုတဲ့စာသားအတွက် နိုင်ငံ့အနှံ့ ကီလိုမီတာ ၇,၀၀၀ ကျော်ခရီးဆန့်ကာ ချစ်သူအား လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား (ရုပ်သံ)

ဒီ Yasushi Yassan Takahashi အမည်ရှိဂျပန်အမျိုးသားဟာ “ အချစ်က မင်းကို ခရီးတစ်ခုဆီ ခေါ်ဆောင်သွားသည်” ဆိုတဲ့ကိုးကားချက်ကို စာသားအတိုင်း သက်သေပြဖို့အတွက် သူ့ခရီးဟာ 7,163 ကီလိုမီတာခရီးဖြင့် ခြောက်လတာကာလအထိကြာမြင့်ခဲ့ပါတယ်။ နောက်ဆုံးရလဒ်အနေနဲ့ ဇနီးသည်နှင့် သူ့ရဲ့အမည်က ကမ္ဘာ့အကြီးဆုံး GPS အနုပညာဖန်တီးသူအဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ရေးထွင်းပါဝင်သွားခဲ့ပါတယ်။ Yassan ၏ဇာတ်လမ်းဟာ မကြာသေးမီကအွန်လိုင်းပေါ်တွင် ပြန်လည်ပျံ့နှံ့လာခဲ့ပေမဲ့လည်း 2008 ခုနှစ်ကတည်းကပင် Yassan က ချစ်သူကောင်မလေး Natsuki အား အဆိုပြုရန်စီစဉ်ထားခဲ့ပါတယ်။ သို့ပေမဲ့ ပြဿနာက Yassan ဟာ proposal ကိုမည်သို့လုပ်ဆောင်ရမည်ကို မသေချာတာကြောင့်ဘဲဖြစ်ပါတယ်။

ထို့ကြောင့် သူဟာ ကြိုတင်သတ်မှတ်ထားတဲ့လမ်းကြောင်းတစ်လျှောက် GPS စက်ဖြင့် နိုင်ငံအနှံ့ခရီးသွားခြင်းဖြင့် ကြီးမားတဲ့ ဒစ်ဂျစ်တယ်ပုံဆွဲခြင်းကိုဖန်တီးသည့် GPS အနုပညာကို စီစဉ်ပြုလုပ်ခဲ့ပါတယ်။ သူသွားခဲ့တဲ့လမ်းကြောင်းကို Google Earth ကဲ့သို့ မြေပုံထုတ်ကိရိယာတစ်ခုသို့ update လုပ်လိုက်တဲ့အခါ ၎င်းဟာ ပုံသဏ္ဍာန်တစ်ခုဖြစ်သွားခဲ့ပါတယ်။

Yassan ဟာ ဂျပန်နိုင်ငံမြောက်ပိုင်းရှိဟော့ကိုင်းဒိုးကျွန်းမှ နိုင်ငံတောင်ဘက်စွန်းရှိ Kagoshima ကမ်းရိုးတန်းအထိ “Marry Me” နှင့် အသည်းပုံပါဝင်တဲ့ စာလုံးပေါင်းထားတဲ့၎င်း၏လမ်းကြောင်းကို စတင်စီစဉ်ခဲ့ပါတယ်။ လမ်းကြောင်းကို အခိုင်အမာချမှတ်ပြီးသည်နှင့် Yassan ဟာ ၎င်း၏အလုပ်မှထွက်ကာ ၎င်း၏ 31 နှစ်မြောက်မွေးနေ့မှာ ခြောက်လခရီးကိုစတင်ခဲ့ကြောင်း 2019 ခုနှစ်မှ ဤ Google ဗီဒီယိုတွင်ဖော်ပြထားပါတယ်။

Google မှ ဗီဒီယိုတစ်ခုတွင် Yassan က တိုကျိုမြို့အပြင်ဘက် မည်သည့်နေရာကိုမှမရောက်ဖူးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ခရီးတစ်လျှောက်လုံးတွင် သူဖတ်ဖူးခဲ့တဲ့အတွေ့အကြုံစာအုပ်များကိုသာ အားကိုးခဲ့ရသလို သူဟာ ညဘက်ဆို သူ့ကားထဲ၌စခန်းချခဲ့ပါတယ်။

သူဟာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဆီးနှင်းများနှင့် ငလျင်လှုပ်ခတ်မှုများနှင့်ကြုံတွေ့ခဲ့ရပေမဲ့လည်း လက်မလျှော့ဘဲ ခရီးဆက်ခဲ့ပါတယ်။ နောက်ဆုံးမှာ သူ့ခရီးစဉ်ပြီးတာနဲ့ သူ့ GPS ဒေတာကို Google Earth မှာတင်ပြီး သူ့ကောင်မလေးကို “surprise message” အနေဖြင့် ပြသခဲ့ပါတယ်။

လူ့သဘာဝအတိုင်း သင့်ချစ်သူက မြို့ပြင်မှာ ခြောက်လသွားနေပြီး သင့်ကိုတစ်ခုခုလျှိုထားရင်တော့ သင့်လည်း သံသယမကင်းဖြစ်မိမှာအမှန်ပါဘဲ။ ထို့ကြောင့် Natsuki ကလည်း ထိုစဉ်က သူမမပါဘဲ Yassan ဘယ်သွားမလဲဆိုတာကိုသိချင်ခဲ့ကြောင်း ဗီဒီယိုထဲမှာပြောကြားခဲ့ပါသေးတယ်။

ခြောက်လကြာ ခရီးစဉ်အပြီး GPS အနုပညာဖြင့် သူမအား အဆိုပြုရာမှာတော့ Natsuki ကလည်း မငြင်းနိုင်ဘဲ “ yes ” လို့တမ်းအဖြေပေးခဲ့ပါတယ်။

ယခုအချိန်အထိ၊ Yassan ဟာ နိုင်ငံပေါင်း 24 နိုင်ငံတွင် ကီလိုမီတာ 100,000 ကျော် ခြေဆန့်ခဲ့ဖူးသည့် GPS အနုပညာ အပိုင်း 1,000 ကျော်ကိုလည်းထုတ်လုပ်ခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : mothership

Be the first to comment on "“ marry me ” ဆိုတဲ့စာသားအတွက် နိုင်ငံ့အနှံ့ ကီလိုမီတာ ၇,၀၀၀ ကျော်ခရီးဆန့်ကာ ချစ်သူအား လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*