ကြင်နာသဘောထားပြည့်ဝတဲ့အလုပ်ရှင်များထံမှ နှစ်စဉ်မပြတ် မွေးနေ့လက်ဆောင်များစွာကို ရရှိခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)

အသက် 41 နှစ်အရွယ် Jovelyn Castillon အမည်ရှိ OFW (ပြည်ပ ဖိလစ်ပိုင်လုပ်သား) အမျိုးသမီးတစ်ဦးဟာ Qatar နိုင်ငံရှိ ကြင်နာတဲ့နေအိမ်တစ်အိမ်မှာ အိမ်အကူအလုပ်ကို 10 နှစ်ကျော်ကြာလုပ်ကိုင်ခဲ့ပြီး သူမရဲ့ကြင်နာတဲ့အလုပ်ရှင်များကလည်း နှစ်စဉ်နှစ်တိုင်း သူမမွေးနေ့မှာ ခမ်းနားတဲ့လက်ဆောင်များဖြင့် သူမအားအံ့အားသင့်စေခဲ့ပုံကို အွန်လိုင်းပေါ်မှာ မျှဝေပေးခဲ့ပါတယ်။ အင်တာနက်အသုံးပြုသူအများအပြားက ထိုကဲ့သို့သောသတင်းကောင်းကိုကြားသိရတဲ့အတွက် ပျော်ရွှင်ကြောင်းဖော်ပြခဲ့သလို Qatar နိုင်ငံရှိ အခြားသောပြည်ပလုပ်သားများက သူမရဲ့အလုပ်ရှင်များထံမှ အချစ်ခံရတာကိုလည်း အနည်းငယ်သဝန်တိုဖြစ်မိကြောင်း မှတ်ချက်များလည်းပေးထားခဲ့ကြပါတယ်။

OFW အများအပြားက မကောင်းတဲ့အလုပ်ရှင်များနဲ့ ပြဿနာကြုံနေရပေမယ့် သူမက ကြင်နာတတ်တဲ့သူတွေကိုတွေ့ခွင့်ရတာက Castillon အတွက် အရမ်းကံကောင်းတယ်လို့လည်း မှတ်ချက်ပေးထားခဲ့ကြပါတယ်။

Castillon ဟာ သူမအား မိသားစုလိုဆက်ဆံရုံတင်မကဘဲ စာချုပ်မှာရေးထားတဲ့ အကျိုးခံစားခွင့်တွေထက် ပိုပေး၊ပိုချစ်ခင်ပေးကြတဲ့ ကြင်နာတဲ့အလုပ်ရှင်များနဲ့ အတူနေထိုင်နေရတာကြောင့် ထိုအလုပ်မှနှုတ်ထွက်လိုခြင်း လုံးဝမရှိပါဘူးလို့လည်းဆိုခဲ့ပါတယ်။

ကူးစက်ရောဂါကာလအတွင်းမှာတောင် ၎င်းတို့ဟာ သူမရဲ့လိုအပ်ချက်တွေကို ဆက်လက်ဖြည့်ဆည်းပေးရင်း ပေးရမယ့်လစာကိုလည်း ဘယ်တော့မှလျော့မပေးခဲ့ဘူးလို့လည်း ဆိုခဲ့ပါတယ်။

သူမရဲ့ကြင်နာတဲ့အလုပ်ရှင်များရဲ့ကျေးဇူးကြောင့် Castillon ဟာ သူမရဲ့ကလေးများအားလုံးကို ကောလိပ်သို့ စိတ်ချလက်ချပို့ပေးနိုင်ခဲ့ပြီး လက်ရှိမှာ သူမရဲ့ကလေးများအားလုံးလည်း အလုပ်ကိုယ်စီတောင် လုပ်နေကြပါပြီဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ Castillon ဟာ သူမမိသားစုရဲ့စီမံခန့်ခွဲမှုဖြင့် နို့လက်ဖက်ရည်လုပ်ငန်းနဲ့ ပုံနှိပ်လုပ်ငန်းကိုလည်း စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ထို့ပြင် Castillon က ၀င်ငွေရင်းမြစ်နဲ့ပတ်သက်တဲ့လုပ်ငန်းများကိုလည်း အခြား OFW များကို အကြံပေးခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : ofwtambayan

Be the first to comment on "ကြင်နာသဘောထားပြည့်ဝတဲ့အလုပ်ရှင်များထံမှ နှစ်စဉ်မပြတ် မွေးနေ့လက်ဆောင်များစွာကို ရရှိခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*