မနက်ခင်းတိုင်းလိုလို သခင်ထံမှပွေ့ဖက်ပေးတာကိုကြိုက်နှစ်သက်တဲ့ အရွယ်ရောက်ပြီး နွားမကြီးတစ်ကောင် (ရုပ်သံ)

Ryan Phillips အမည်ရှိအမျိုးသား နှင့် Mallory Sherman အမည်ရှိအမျိုးသမီးတို့စုံတွဲမှ ကယ်တင်ထားတဲ့ Jenna အမည်ရှိ နွားမကြီးဟာ ၎င်းတို့မွေးစားစဉ်က ၃ ရက်သားအရွယ် နွားသငယ်အဖြစ်သာရှိပါသေးတယ်။ Jenna ကိုမွေးစားခဲ့စဉ်က သူ့မမှာအမြွှာညီအကိုတစ်ကောင်ရှိပြီး ကံမကောင်းစွာဘဲ သူမက သားစဉ်မြေးဆက်မထုတ်နိုင်တော့တဲ့မြုံနေတဲ့နွားသငယ်တစ်ကောင်ဖြစ်နေတာကြောင့် Jenna ဟာ နို့ထွက်ပစ္စည်းကုမ္ပဏီများမှာ အသုံးမဝင်တော့ပေမဲ့လည်း Life With Pigs Farm Animal Sanctuary တည်ထောင်သူဖြစ်တဲ့ Phillips ရဲ့အမြင်မှာအလွန်ထူးခြားနေတာကြောင့် သူမကိုမွေးစားခဲ့ပါတယ်။

“ Jenna က ကျွန်တော်တို့နှင့်အတူ အိမ်ကို ပထမဆုံးရောက်လာတော့ သေးသေးလေးဆိုပေမဲ့ ပေါင် 1,000 အလေးချိန်ရှိတဲ့ ကြီးမားတဲ့နွားမကြီးဖြစ်လာမှာကိုတော့ ကျွန်တော်တို့ မထင်ထားခဲ့ဘူး ” လို့ Phillips ကဆိုပါတယ်။

” သူမနဲ့ တစ်ရက် ၂၄ နာရီလုံးလုံးအတူနေနေလို့ Jenna ရဲ့ကိုယ်ရည်ကိုယ်သွေးက တစ်နေ့နဲ့တစ်နေ့မတူအောင်ပြည့်နှက်လာပြီး အမြဲတမ်းတက်ကြွနေတယ်၊ အာရုံစူးစိုက်မှုကို အမြဲတောင့်တနေတဲ့ Jenna က လူသားတွေကိုလည်း ရယ်မောသွားအောင် နှောက်ယှက်တတ်သေးတယ်၊ သူမနှင့်အချိန်မဖြုန်းရင် ငါတို့ကို လိုက်ရှာပြီး ပြတင်းပေါက်တွေကနေ ချောင်းကြည့်နေတတ်တယ်၊ Jenna က သူမကိုပွေ့ဖက်ဖို့၊ ကုတ်ခြစ်ဖို့ ဒါမှမဟုတ် ခြံဝန်းထဲမှာ အတူဆော့ကစားဖို့ မထွက်လာမချင်း ငါတို့ကို ပြတင်းပေါက်တွေကနေ မရပ်မနား ကြည့်နေတတ်တယ် ” လို့ Phillips ကဆိုထားပါတယ်။

Jenna ဟာ ငယ်ငယ်ကလေးကတည်းကနေကြီးလာတဲ့အချိန်အထိ သူ့အားတန်ဖိုးထားတဲ့ Phillips နဲ့ကြီးပြင်းလာခဲ့တာကြောင့် အခုချိန်ထိ သူမရဲ့လူသားအဖေနှင့်နံနက်ခင်းပွေ့ဖက်ခြင်းကို အမြဲလုပ်နေရှိပါတယ်။

သူမကိုပွေ့ဖက်တဲ့နည်းအများကြီးထဲကမှ သူမ အကြိုက်ဆုံးအရာတွေထဲက တစ်ခုကတော့ သူ့လည်ပင်းကိုလက်နှစ်ဖက်နဲ့ ကုတ်ခြစ်ဖို့နဲ့ သူမရဲ့ခေါင်းကို Phillips ရဲ့ခြေထောက်ပေါ်တင်တာပါဘဲ၊ တစ်ခါတလေမှာ Phillips ဟာ သူမကိုပွေ့ဖက်ရင်း မိနစ် ၂၀ လောက်တောင်ကြာသွားတတ်ပါတယ်။

” ဒါပေမယ့် တိရိစ္ဆာန်တစ်ကောင်ဆီကနေ မင်းက သူ့ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ဖော်ပြခံရပြီး အချစ်ခံရပြီဆိုရင်တော့ သူတို့ကို ပြန်ချစ်တတ်ပေးဖို့ ၊ အလိုလိုက်ပေးဖို့လိုအပ်ပါတယ် ” လို့ Phillips ကဆိုပါတယ်။

Jenna ဟာ မွေးစားခံရပြီးနောက်မှာတော့ ကံကောင်းတဲ့နွားမတစ်ကောင်ဖြစ်လာခဲ့ပြီး သူမရဲ့လူသားမိဘများမှ နံနက်၊ နေ့လည်၊ ည တစ်ရက်သုံးကြိမ်လောက် နမ်းရှုံ့ခြင်းကိုလိုချင်နေတာကို မငြီးငွေ့ဘူးလားဆိုတဲ့မေးခွန်းအပေါ် Phillips က ” သူမက အရမ်းချစ်စရာကောင်းနေလို့ သူမရဲ့တောင်းဆိုချက်တွေကို အမြဲတမ်းဖြည့်ဆည်းပေးရရင်ကို အရမ်းပျော်ရွှင်ပါတယ် ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "မနက်ခင်းတိုင်းလိုလို သခင်ထံမှပွေ့ဖက်ပေးတာကိုကြိုက်နှစ်သက်တဲ့ အရွယ်ရောက်ပြီး နွားမကြီးတစ်ကောင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*