ေခါက္ဆြဲေရာင္းေကာင္းၿပီး အျမဲလာစားၾကေအာင္ ေခါက္ဆြဲထဲဘိန္းေရာထည့္ၿပီး ေရာင္းခ်ခဲ့တဲ့ ဆိုင္႐ွင္

တ႐ုတ္ႏိုင္ငံ ၊ Guangxi ျပည္နယ္မွာ႐ွိတဲ့ ေခါက္ဆြဲဆိုင္တစ္ဆိုင္ဟာ ေခါက္ဆြဲထဲကိုဘိန္းထည့္ခ်က္ၿပီး Customer ေတြဆီသို႔ေရာင္ခ်ကာ ၊ Customer ေတြစြဲလမ္းၿပီး အျမဲလာေရာက္စားေသာက္ေအာင္ ၾကံစည္ခဲ့တဲ့အတြက္ ဆိုု္င္႐ွင္မွာဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္ ။ အဆိုပါစားေသာက္ဆိုင္သို႔ လာေရာက္စားေသာက္ခဲ့တဲ့ Customer တစ္ဦးကို ရဲအရာ႐ွိေတြက မူးယစ္ေဆးနဲ႔ပက္သက္ၿပီး စစ္ေဆးလိုက္ခ်ိန္မွာေတာ့ postive ထြက္လာခဲ့တဲ့အတြက္ အဆိုပါအျဖစ္အပ်က္တစ္ခုလံုးေပၚထြက္လာခဲ့ရျခင္းျဖစ္ပါတယ္ ။ အဆိုပါ Customer ကလည္း မူးယစ္ေဆးဝါးသံုးစြဲတဲ့ရလဒ္ထြက္လာေပမဲ့လည္း ကိုယ့္ကိုအျပစ္ကင္းစင္းေၾကာင္း အခိုင္အမာေျပာဆိုခဲ့တဲ့အတြက္ ရဲအရာ႐ွိမ်ားကစစ္ေဆးေမးျမန္းခ်ိန္မွာေတာ့ အဆိုပါေခါက္ဆြဲဆိုင္က ခ႐ုေခါက္ဆြဲ စားေသာက္လာခဲ့တာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။

သံသယျဖစ္လာခဲ့တဲ့ ရဲအရာ႐ွိမ်ားကလည္း အဆိုပါေခါက္ဆြဲဆိုင္သို႔ ေနာက္ထပ္တစ္ႀကိမ္သြားေရာက္ၿပီး တရားမဝင္ကုန္ပစၥည္းမ်ား သံုးစြဲေနခဲ့တာလားဆိုၿပီး သြားေရာက္စစ္ေဆးခဲ့ပါတယ္ ။ ထို႔ေနာက္ ရဲအရာ႐ွိမ်ားက ခ႐ုအမႈန္႔ကို စစ္ေဆးလိုက္ခ်ိန္မွာေတာ့ ေမာ္ဖင္းဓာတ္မ်ားပါဝင္ေနတာကို ေတြ႔႐ွိခဲ့ပါတယ္ ။ ထို႔ေနာက္ အဆိုပါေခါက္ဆြဲဆိုင္ကို ပိတ္ခိုင္းလိုက္ၿပီး ရဲအရာ႐ွိမ်ားဆက္လက္႐ွာေဖြခဲ့ရာ 76g ႐ွိတဲ့ဘိန္းပင္အေစ့ရဲ႕အမႈန္႔ကို ေတြ႔႐ွိခဲ့ပါတယ္ ။

ထို႔ေၾကာင့္ ဆိုင္႐ွင္ကိုဖမ္းဆီးၿပီး စစ္ေဆးေမးျမန္းခဲ့ခ်ိန္မွာေတာ့ သူ၏စီးပြားေရးအဆင္ေျပတိုးတက္ေစဖို႔အတြက္ ယခုကဲသို႔မူးယစ္ေဆးကို အသံုးျပဳခဲ့ရတာျဖစ္ၿပီး ၊ လာေရာက္စားသံုးေသာ Customer မ်ားကစြဲလမ္းၿပီး အျမဲလာေရာက္စားေသာက္ေအာင္ ရည္ရြယ္ၿပီးထည့္ခဲ့တာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။ အဆိုပါဘိန္းကိုေတာ့ လြန္ခဲ့တဲ့ 4ႏွစ္ခန္႔က သူ၏ရြာတြင္ သူကိုယ္တိုင္စိုက္ပ်ိဳးၿပီး ရ႐ွိခဲ့သည့္အမႈန္႔မ်ားျဖစ္ေၾကာင္းလည္း ထြက္ဆိုခဲ့ပါေသးတယ္ ။ အဆိုပါကိစၥရပ္ကိုေတာ့ ဆက္လက္ၿပီးစံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံ ၊ Guangxi ပြည်နယ်မှာရှိတဲ့ ခေါက်ဆွဲဆိုင်တစ်ဆိုင်ဟာ ခေါက်ဆွဲထဲကိုဘိန်းထည့်ချက်ပြီး Customer တွေဆီသို့ရောင်ချကာ ၊ Customer တွေစွဲလမ်းပြီး အမြဲလာရောက်စားသောက်အောင် ကြံစည်ခဲ့တဲ့အတွက် ဆိုင်ရှင်မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။ အဆိုပါစားသောက်ဆိုင်သို့ လာရောက်စားသောက်ခဲ့တဲ့ Customer တစ်ဦးကို ရဲအရာရှိတွေက မူးယစ်ဆေးနဲ့ပက်သက်ပြီး စစ်ဆေးလိုက်ချိန်မှာတော့ postive ထွက်လာခဲ့တဲ့အတွက် အဆိုပါအဖြစ်အပျက်တစ်ခုလုံးပေါ်ထွက်လာခဲ့ရခြင်းဖြစ်ပါတယ် ။ အဆိုပါ Customer ကလည်း မူးယစ်ဆေးဝါးသုံးစွဲတဲ့ရလဒ်ထွက်လာပေမဲ့လည်း ကိုယ့်ကိုအပြစ်ကင်းစင်းကြောင်း အခိုင်အမာပြောဆိုခဲ့တဲ့အတွက် ရဲအရာရှိများကစစ်ဆေးမေးမြန်းချိန်မှာတော့ အဆိုပါခေါက်ဆွဲဆိုင်က ခရုခေါက်ဆွဲ စားသောက်လာခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။

သံသယဖြစ်လာခဲ့တဲ့ ရဲအရာရှိများကလည်း အဆိုပါခေါက်ဆွဲဆိုင်သို့ နောက်ထပ်တစ်ကြိမ်သွားရောက်ပြီး တရားမဝင်ကုန်ပစ္စည်းများ သုံးစွဲနေခဲ့တာလားဆိုပြီး သွားရောက်စစ်ဆေးခဲ့ပါတယ် ။ ထို့နောက် ရဲအရာရှိများက ခရုအမှုန့်ကို စစ်ဆေးလိုက်ချိန်မှာတော့ မော်ဖင်းဓာတ်များပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ် ။ ထို့နောက် အဆိုပါခေါက်ဆွဲဆိုင်ကို ပိတ်ခိုင်းလိုက်ပြီး ရဲအရာရှိများဆက်လက်ရှာဖွေခဲ့ရာ 76g ရှိတဲ့ဘိန်းပင်အစေ့ရဲ့အမှုန့်ကို တွေ့ရှိခဲ့ပါတယ် ။

ထို့ကြောင့် ဆိုင်ရှင်ကိုဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့ချိန်မှာတော့ သူ၏စီးပွားရေးအဆင်ပြေတိုးတက်စေဖို့အတွက် ယခုကဲသို့မူးယစ်ဆေးကို အသုံးပြုခဲ့ရတာဖြစ်ပြီး ၊ လာရောက်စားသုံးသော Customer များကစွဲလမ်းပြီး အမြဲလာရောက်စားသောက်အောင် ရည်ရွယ်ပြီးထည့်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။ အဆိုပါဘိန်းကိုတော့ လွန်ခဲ့တဲ့ 4နှစ်ခန့်က သူ၏ရွာတွင် သူကိုယ်တိုင်စိုက်ပျိုးပြီး ရရှိခဲ့သည့်အမှုန့်များဖြစ်ကြောင်းလည်း ထွက်ဆိုခဲ့ပါသေးတယ် ။ အဆိုပါကိစ္စရပ်ကိုတော့ ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment