အတူတူ ကိုယ်ဝန်ရှိပြီး တစ်ချိန်တည်းမှာဘဲ ကလေးမွေးဖွားဖို့ အစီအစဉ်ရှိနေတဲ့ မီးဖွားစင်တာတစ်ခုတည်းရှိ သူနာပြုကိုးဦး

အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ် Portland မြို့ရှိ Maine Medical Center မှာ ထူးဆန်းပြီး ဝမ်းသာစရာအဖြစ်အပျက်ဖြစ်ပျက်နေခဲ့ပါတယ်။ အကြောင်းမှာ သားဖွားခြင်းနှင့် မီးဖွားစင်တာတွင် အလုပ်လုပ်တဲ့ သူနာပြုကိုးဦးတို့ဟာ တိုက်ဆိုင်စွာ အားလုံးကိုယ်ဝန်ရှိနေပြီး တစ်ချိန်တည်းတွင် ကလေးမွေးဖွားခဲ့တာကြောင့်ဘဲဖြစ်ပါတယ်။ သူနာပြုကိုးယောက်ထဲမှရှစ်ယောက်က ၎င်းတို့ရဲ့ baby bumps တွေကိုပြသနေတဲ့အမိုက်စားပုံရိပ်များကိုတွေ့မြင်နိုင်ပါတယ်။ ” ဒါက တော်တော်ကို ဆန်းကျယ်တာဘဲ၊ ကျွန်တော်တို့ရဲ့သူနာပြုကိုးဦး (ဤပုံတွင်ပါရှိတဲ့ ၈ ဦး) က ဧပြီလမှ ဇူလိုင်လအတွင်း မွေးမဲ့ရင်သွေးငယ်တွေကို စောင့်မျှော်နေကြပါတယ် ၊ ဂုဏ်ယူပါတယ်ကွယ် !” လို့ Maine Medical Center က ၎င်းရဲ့ Facebook မှာ ပြန်တင်ထားပေးခဲ့ပါတယ်။

ဓာတ်ပုံထဲမှာတော့ အဆိုပါ သူနာပြု ရှစ်ယောက်တို့ဟာ ၎င်းတို့ရဲ့baby bumps နှင့်အတူ ၎င်းတို့အတွက် ဧပြီလနှင့်ဇူလိုင်လကြားတွင်မွေးဖွားရန် ၎င်းတို့ရဲ့ရက်စွဲပါတဲ့ကတ်များကိုပါ ကိုင်ဆောင်ထားကြပြီး ၎င်းတို့အားလုံးဟာ ပျော်ရွှင်တောက်ပပြီး မိခင်ဘဝခရီးကိုအတူဖြတ်သန်းဖို့ အလွန်စိတ်လှုပ်ရှားနေခဲ့ကြပုံပါပဲ။

” အလုပ်ကိုလာရတာ တကယ်ကို ပျော်စရာကောင်းပါတယ်၊ ကိုယ်ဝန်ရှိတဲ့သူတွေနဲ့ အချင်းချင်းဗိုက်ကိုကြည့်ပြီး ကျွန်မတို့အတူတူဖြတ်သန်းနေတဲ့ ဒီအတွေ့အကြုံတွေအကြောင်းတွေပြောနေကြတာကို တွေ့ရတာ အရမ်းဝမ်းသာပါတယ်” ဟု သူနာပြုတစ်ဦးဖြစ်သည့် Amanda Spear က WMTW သို့ ပြောကြားခဲ့ပါတယ်။

ထို့ပြင် “ကျွန်မတို့တစ်ယောက်ချင်းစီက ‘ကျွန်မတို့ကိုယ်ဝန်ရှိနေတယ်’ လို့စပြောပြီးတဲ့အချိန်တုန်းက ဒါဟာ ပိုပျော်ရွှင်စရာကောင်းတဲ့ကြေငြာချက်တစ်ခုလို့ ကျွန်မထင်တယ်၊ ပြီးတော့ ကျွန်မတို့အားလုံး တစ်ယောက်ကိုတစ်ယောက်အတွက် အမြဲရှိနေမှာပါ” ဟု သူနာပြုဆရာမ Erin Grenier ကလည်း WMTW သို့ ပြောကြားခဲ့ပါတယ်။

ဒုတိယအကြိမ်အဖြစ်ကိုယ်ဝန်ရှိနေသည့် သူနာပြုဆရာမ Samantha Giglio က သူမတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်နိုင်လို့ဝမ်းသာမိတယ်လို့ဆိုကာ “ ဘယ်သူ့မှာ ကိုယ်ဝန်ရှိလဲဆိုတာကိုမြင်တိုင်း ပိုစိတ်လှုပ်ရှားစရာပါပဲ ၊

တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ရမယ်ဆိုတာကိုသိရလို့ နှစ်သိမ့်စရာပါပဲ ” ဟု သူမက News Center Maine သို့လည်း ပြောကြားခဲ့ပါတယ်။ အဆိုပါသူနာပြုများက မီးဖွားခွင့်ယူရမှာဖြစ်တာကြောင့် နွေရာသီတွင် ၎င်းစင်တာမှာ ဝန်ထမ်းများရှားပါးလာမှာကို လူအချို့က စိုးရိမ်ခဲ့ကြပါတယ်။

သို့ပေမဲ့ ဆေးရုံက “ စိတ်မပူပါနဲ့ ၊ ငါတို့မှာ အစီအစဉ်ရှိတယ် ” ဆိုပြီး လူတိုင်းကို မြန်မြန်ဆန်ဆန် စိတ်ချစေခဲ့ပါတယ်။ လူ့လောကထဲရောက်လာတော့မဲ့ရင်သွေးလေးတို့ရဲ့မွေးမိခင်တို့အတွက် အကောင်းဆုံးဖြစ်နေစေဖို့ ဆန္ဒပြုပေးရင်း အဆင်ပြေချောမွေ့စွာ မွေးဖွားနိုင်ပါစေလို့ မျှော်လင့်ဆုတောင်းမိပါတယ်ဗျာ။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "အတူတူ ကိုယ်ဝန်ရှိပြီး တစ်ချိန်တည်းမှာဘဲ ကလေးမွေးဖွားဖို့ အစီအစဉ်ရှိနေတဲ့ မီးဖွားစင်တာတစ်ခုတည်းရှိ သူနာပြုကိုးဦး"

Leave a comment

Your email address will not be published.


*