ကျောင်းက စာအုပ်ပေါ်မှာ အလှဆင်ဖို့ ခေါင်ရမ်းပန်းတစ်ပွင့်ကိုဖြတ်လာဖို့မှာခဲ့တာကြောင့် ဖခင်ရဲ့ပိုက်ဆံပေါ်က ပန်းကိုခိုးဖြတ်လိုက်တဲ့ ကလေးငယ်

သင့်ရဲ့ နောက်ဆုံးကျောင်းတက်ခဲ့တဲ့အချိန်ကိုမှတ်မိသေးပါသလား။ ကျောင်းသားဘဝမှာ တော်တော်များများ ကျောင်းဆရာ၊ ဆရာမများက ကလေးတွေကို အိမ်ကနေအပြီးလုပ်လာရမဲ့ ချစ်စရာကောင်းတဲ့အနုပညာ ပရောဂျက်တချို့ဖြင့် မကြာခဏတာဝန်ပေးလေ့ရှိတာကို တော်တော်များများသိထားကြမှာပါ။ ယင်းတို့အနက် အချို့မှာ လက်ချောင်းအနုပညာလုပ်ခြင်း၊ လှပသောပုံစံများဖန်တီးရန် သစ်သီးများနှင့် အရွက်များကိုအသုံးပြုခြင်းနှင့် သတင်းစာ သို့မဟုတ် မဂ္ဂဇင်းများမှ အရာဝတ္ထုများ သို့မဟုတ် စကားလုံးများကိုဖြတ်တောက်ခြင်းပင်ပါဝင်ပါတယ်။ သို့ပေမဲ့လည်း မလေးရှားနိုင်ငံမှ ဖခင်တစ်ဦးဟာ ခေါင်ရမ်းပန်းပုံတစ်ပုံကိုဖြတ်တောက်လာရန် ကျောင်းသားများအားတောင်းဆိုတဲ့ကျောင်းဆရာတစ်ဦးရဲ့တောင်းဆိုချက်အပေါ် ၎င်း၏ကလေးငယ်ပြုမူပုံကိုပြသထားသည့် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရယ်ရယ်မောမောဖြင့်မျှဝေပေးခဲ့ပါတယ်။

.

ခေါင်ရမ်းပန်းဟာ မလေးရှားနိုင်ငံက အမျိုးသားပန်းအဖြစ် သတ်မှတ်ထားတဲ့ပန်းဘဲဖြစ်ပါတယ်။ အဆိုပါဖခင်ဖြစ်သူက “ ဆရာက ကျောင်းသားတွေကို စာအုပ်တွေထဲမှာကပ်ဖို့ ခေါင်ရမ်းပန်းတစ်ပွင့်ကိုရှာပြီး ဖြတ်ခိုင်းလိုက်တယ်၊ ဒါမဲ့ ကျွန်တော့်ကလေးက အဲ့ဒီအစား rafflesia ပန်းကို ဖြတ်လိုက်တယ်၊ အဖေလိုဘဲ ထက်မြက်လွန်းပါတယ် သားရယ် ” ဆိုတဲ့ caption နှင့်အတူ မလေးရှားရင်းဂစ် ၁၀ တန်ငွေစက္ကူမှ rafflesia ပန်းကို သေသေသပ်သပ်ဖြတ်ထုတ်ထားတဲ့ဓာတ်ပုံကိုပါပြသခဲ့ပြီးနောက် ဖခင်ဖြစ်သူရဲ့ post ကြောင့် အင်တာနက်သုံးစွဲသူများက ငိုရခက် ၊ ရယ်ရခက်ဖြစ်သွားစေခဲ့ပါတယ်။

အချို့သောမှတ်ချက်ပေးသူများက ကလေးဟာ RM100 သို့မဟုတ် RM50 တန်ငွေစက္ကူမှာပါတဲ့ခေါင်ရမ်းပွင့်ကိုမတွေ့လိုက်ရလို့ ကံကောင်းပြီး မဟုတ်ပါက ဖခင်ဖြစ်သူက ငိုနေရလိမ့်မယ်လို့ဆိုခဲ့ပြီး ကလေးက ပန်းတစ်ပွင့်ပဲဖြတ်ပြီး RM10 တစ်ရွက်ဘဲပျက်စီးသွားတာကံကောင်းတယ်လို့လည်း တစ်ချို့ကဆိုခဲ့ကြပါတယ်။

.

သို့ပေမဲ့ ၎င်းဟာ အတုဖြစ်နိုင်ပြီး ဖခင်ကိုယ်တိုင် ဖြတ်ညှပ်လုပ်ခဲ့ကြောင်းမှတ်ချက်ပေးသူများလည်းရှိခဲ့သလို အချို့ကလည်း ကွင်းကွင်းကွက်ကွက်တွေးတတ်တဲ့ကလေးရဲ့အတွေးကို ချီးကျူးခဲ့ကြပြီး တစ်ချိန်တည်းမှာဘဲ ဖခင်ဖြစ်သူက ၎င်းငွေစက္ကူကို တစ်ချိန်မှာ သားဖြစ်သူအား အရှက်ရစေမဲ့ အမှတ်တရအဖြစ် သိမ်းထားသွားမယ်လို့ပြောကြားခဲ့ပါတယ်။

သင့်ရဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ပိုက်ဆံတွေကို သင့်ရဲ့ကလေးတွေလက်လှမ်းမမီအောင် လုံခြုံစွာထားလိုက်ပါ မဟုတရင်တော့ သင်နောင်တအကြီးကြီးရသွားနိုင်ပါတယ်ဗျာ။

Mia (Mckzone daily)

Reference : worldofbuzz

Be the first to comment on "ကျောင်းက စာအုပ်ပေါ်မှာ အလှဆင်ဖို့ ခေါင်ရမ်းပန်းတစ်ပွင့်ကိုဖြတ်လာဖို့မှာခဲ့တာကြောင့် ဖခင်ရဲ့ပိုက်ဆံပေါ်က ပန်းကိုခိုးဖြတ်လိုက်တဲ့ ကလေးငယ်"

Leave a comment

Your email address will not be published.


*