ဆရာကစာသင်ဖို့ အွန်လိုင်းအတန်းကို၂ နာရီကြာအောင်စောင့်ခဲ့ပေမယ့် အတန်းတက်ဖို့ တစ်ယောက်မှရောက်မလာခဲ့တဲ့ ကျောင်းသားများ

အချို့သောနိုင်ငံများကဲ့သို့ မလေးရှားနိုင်ငံရှိကျောင်းသားကျောင်းသူများဟာလည်း ကပ်ရောဂါစတင်ဖြစ်ပွါးချိန်မှစပြီး စတင် အွန်လိုင်းအတန်းများကို နေ့စဉ်သင်ယူခဲ့ကြတာဘဲဖြစ်ပါတယ်။ သို့ပေမဲ့ မကြာသေးမီက Cikgu Vee အမည်ရှိဆရာတစ်ဦးဟာ ၎င်းရဲ့ကျောင်းသူကျောင်းသားများအားလုံးက သူ့ င်္သချာအတန်းကိုမတက်ရောက်လာခဲ့ကြကြောင်း အွန်လိုင်းပေါ်မှာမျှဝေခဲ့ပါတယ်။ ထို့ပြင် Cikgu Vee ဟာ ကျောင်းသားကျောင်းသူများရဲ့မိဘများပါဝင်တဲ့ Whatsapp group chat မှာ အတန်းပျက်နေတဲ့ကျောင်းသားကျောင်းသူများအား မိဘများက အတန်းတက်ဖို့ ဆုံးမတိုက်တွန်းပေးရန်အကြံပေးခဲ့တဲ့အကြောင်းကိုလည်း Tiktok မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ ” နောက်နေ့ကျတော့ ငါ့အတန်းကို ဘယ်သူမှလာမတက်ကြတော့ဘူး။

ငါ နှစ်နာရီကြာအောင် စောင့်ခဲ့ပြီးနောက်မှာ ကျောင်းသားတစ်ယောက်ကသာ zoom အတန်းထဲကိုလာ join ခဲ့တယ်၊ ဒါတောင် ငါ သူ့ chatbox ဆီသွားပြီး video call ခေါ်တော့ အဲ့ဒီတစ်ဦးတည်းသောကျောင်းသားလေးက ဗီဒီယိုခေါ်ဆိုမှုကိုအဆုံးသတ်လိုက်တယ် ” လို့ စိတ်မကောင်းဖြစ်နေတဲ့ Cikgu Vee က သူ့ရဲ့ဗီဒီယို caption မှာ ရေးသားထားခဲ့ပါတယ်။

.

“ အို အလ္လာဟ်အရှင်မြတ်၊ ငါ့တပည့်တွေအားလုံးက ငါ့ကိုဒေါသထွက်နေကြတုန်းပဲလား၊ မင်းတို့ရဲ့ ခွင့်လွှတ်မှုကိုငါတောင်းဆိုပါတယ် ” လို့ Cikgu Vee က ဆက်ပြောထားပါတယ်။ ” ဆရာ ၊ ဆရာက အိမ်စာအမြဲပေးတယ် ၊ ပျင်းစရာကြီး၊ ကျွန်တော်က အဲ့ဒီတစ်ယောက်တည်းရှိတဲ့ကျောင်းသားပါ၊ အခြားသူတွေကော ဘယ်တွေရောက်နေကြတာလဲ ” လို့ ကျောင်းသားတစ်ဦးက chatbox မှာတုံ့ပြန်ခဲ့ပါတယ်။

Cikgu Vee ကိုစာနာတဲ့အင်တာနက်အသုံးပြုသူများစွာက အခုခေတ်ကျောင်းသားလူငယ်တွေက ဆရာသမားတွေကို မလေးစားတော့ဘူးလို့ထောက်ပြခဲ့ကြသလို အချို့ကလည်း ကျောင်းသူကျောင်းသားများအား group chat ရှိမိဘများရှေ့မှာ ဆူပူကြိမ်းမောင်းခြင်းအတွက် ဆရာကိုပြစ်တင်ဝေဖန်ခဲ့ကြပြီး “ တကယ်တော့ ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတွေကို မိဘတွေရှေ့မှာ ပြစ်တင်ဆုံးမတာမှန်ပါတယ်”၊ “ အတန်းမတက်ရင် [သူတို့] အပြစ်ရှိတယ်လို့မခံစားရဘူးလား ၊ ငါဆို အတန်းထဲကို ၁ မိနစ် နောက်ကျရင်တောင် အရမ်းအပြစ်ရှိသလိုခံစားရတယ် ” ဟူတဲ့မှတ်ချက်များဖြင့်လည်းတုံ့ပြန်ခဲ့ကြပါတယ်။

.

မည်သို့ပင်ဆိုစေကာမူ Cikgu Vee က လူတိုင်းအား ဘာအရာကိုမှအပြစ်မတင်ဘဲ သူ့ရဲ့အတွေ့အကြုံကို သင်ခန်းစာအဖြစ်သာယူပေးကြရန်အတွက်သာ တောင်းဆိုခဲ့ပါတယ်။

Mia (Mckzone daily)

Reference : therakyatpost

Be the first to comment on "ဆရာကစာသင်ဖို့ အွန်လိုင်းအတန်းကို၂ နာရီကြာအောင်စောင့်ခဲ့ပေမယ့် အတန်းတက်ဖို့ တစ်ယောက်မှရောက်မလာခဲ့တဲ့ ကျောင်းသားများ"

Leave a comment

Your email address will not be published.


*