မိန်းကလေးလို့အထင်မှားစေမဲ့ ကြီးမားလုံးဝိုင်းတဲ့မျက်လုံးများနှင့် အပြုံးလှလှလေးတို့ကိုပိုင်ဆိုင်ထားတဲ့ ချစ်စဖွယ်ကောင်လေး

ဤဂျပန်ကလေးငယ်လေးတစ်ဦးဟာ ၎င်း၏အလွန်ချစ်စရာကောင်းတဲ့မျက်နှာကြောင့် 2017 ခုနှစ်မှာ လူအများရဲ့ပထမဆုံးအကြိမ်အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။ လက်ရှိ အသက် 4 နှစ်ရှိနေပြီဖြစ်တဲ့သူလေးဟာ သူ့အသက် 2 အရွယ်မှာလည်း တစ်ဖန်နာမည်ကြီးလာခဲ့ပြီး လက်ရှိမှာလည်း ချစ်စရာကောင်းတဲ့အပြုံးလေးများဖြင့် လူတိုင်းကို စွဲဆောင်နေဆဲဖြစ်ပါတယ်။ ပေါ်ပေါ်ထင်ထင်မနေထိုင်တတ်တာကြောင့် သူ့မိဘတွေနဲ့ ဂျပန်နိုင်ငံမှာလက်ရှိနေထိုင်နေတဲ့ Mana တို့အကြောင်းကို ကောင်းကောင်းသိပ်မသိထားပါဘူး။ သို့ပေမဲ့ သူ့အကြောင်း လူတိုင်းကောင်းကောင်းသိတဲ့အရာတစ်ခုကတော့ သူဟာ လုံးဝကိုချစ်ဖို့ကောင်းတယ်ဆိုတာပါဘဲ။ ပထမတစ်ချက်မှာ လူတော်တော်များများက သူ့ကို မိန်းကလေးလို့ အထင်မှားကြပေမယ့် Mana ဟာ တကယ်တော့ ယောက်ျားလေးတစ်ယောက်ပါ။

.

.

သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့အသွင်အပြင်နဲ့ တောက်ပြောင်တဲ့ဆံကေသာတွေက လူတိုင်းရဲ့ နှလုံးသားကိုအရည်ပျော်အောင်လုပ်နိုင်တဲ့အကြောင်းရင်းတွေထဲက အချို့ပါပဲ။ သူ့ရဲ့ကြီးမားပြီး တောက်ပတဲ့အပြုံးနဲ့ Mana ဟာ ဆိုရှယ်မီဒီယာမှာ ဒုတိယအကြိမ်မြောက်ပြန်လည်လူသိများလာခဲ့တာက အံ့သြစရာတော့မဟုတ်ပါဘူး။

ဒီမျက်လုံးလှလှလေးကို သင့်အနေနဲ့ ဘယ်တော့မှ အကြည့်လွှဲလိုက်နိုင်မှာမဟုတ်ပါဘူး။ သူ့မိဘများကလည်း ရုပ်ရည်ကြည့်ကောင်းတာကြောင့် Mana ဟာ သူ့ဗီဇကောင်းများကိုဘယ်မှာရလာသည်ကိုသိရဖို့မခဲယဉ်းပါဘူး။

Mana ဟာ ဂျပန်နိုင်ငံရှိယခင်မော်ဒယ်ဟောင်းတစ်ဦးဖြစ်တဲ့မိခင်ကဲ့သို့ အောင်မြင်ကျော်ကြားတဲ့မော်ဒယ်တစ်ဦးဖြစ်လာမည်ဟု လူအများကခန့်မှန်းထားခဲ့ကြပါတယ်။

အမေဖြစ်သူကဲ့သို့ပင်၊ Mana မှာ မည်သူမဆိုအား လျင်မြန်စွာ ဆွဲဆောင်နိုင်စေမည့် ကြီးမားပြီးဗာဒံပုံစံ မျက်လုံးတစ်စုံရှိပါတယ်။ သူ့ရဲ့ချစ်စရာကောင်းတဲ့မျက်နှာအပြင် Mana ဟာ ဂစ်တာတီးပြီး သီချင်းဆိုရာမှာလည်း ထူးချွန်သူပါဘဲ။

တစ်ခါတရံမှာ Mana ဟာ Instagram မှာ followers များအတွက် သူ့ရဲ့ သီချင်းဆိုပုံတွေနဲ့ ဆွဲထားတဲ့ကာတွန်းပုံဓာတ်ပုံများ မျှဝေပေးလေ့ရှိပါတယ်။

Mana ဟာ အသက် 4 နှစ်သာရှိသေးပေမဲ့လည်း သူဟာ ကြယ်ပွင့်တစ်ဦးဖြစ်မဲ့ကံဇာတာရှိပုံရပြီး လူအများက တဖြည်းဖြည်းကြီးပြင်းလာနေတဲ့သူ့ရဲ့ပုံရိပ်များကို စိတ်ဝင်တစားစောင့်ကြည့်နေလျက်ရှိကြပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "မိန်းကလေးလို့အထင်မှားစေမဲ့ ကြီးမားလုံးဝိုင်းတဲ့မျက်လုံးများနှင့် အပြုံးလှလှလေးတို့ကိုပိုင်ဆိုင်ထားတဲ့ ချစ်စဖွယ်ကောင်လေး"

Leave a comment

Your email address will not be published.


*