လူအုပ်တွေကြားကနေ ဖခင် နှင့်နည်းပြဆရာအပါအဝင် အခြားအဖွဲ့ဝင်များဆီသို့အပြေးသွားပြီး ဒူးထောက်ဂါရဝပြုခဲ့တဲ့ တိုက်ကွမ်ဒို ရွှေတံဆိပ်ဆုရှင် (ရုပ်သံ)

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် တနင်္လာနေ့မှာ ထိုင်းတိုက်ကွမ်ဒိုရွှေတံဆိပ်ရှင် Panipak Wongpattanakit အမည်ရှိအမျိုးသမီးဟာ ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ပရိသတ်များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုလွှာများပေးအပ်ကာ သူမကိုကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ဇူလိုင် ၂၄ ရက်က တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ အသက် ၂၃ နှစ်အရွယ် တိုက်ကွမ်ဒိုအမျိုးသမီး Panipak က သူမရဲ့ပြိုင်ဘက်ဖြစ်တဲ့ စပိန်နိုင်ငံမှ Adriana Cerezo Iglesias အမည်ရှိအမျိုးသမီးနှင့် 9 စက္ကန့်ကြာ အံ့ဖွယ်နည်းဖြင့် နောက်ဆုံးရိုက်ချက်နှစ်ချက်ဖြင့် အမှတ်ပိုရခဲ့ပြီး 11-10 မှတ်ဖြင့် အနိုင်ရရှိသွားခဲ့တာဘဲဖြစ်ပါတယ်။

Panipak ဟာ အိုလံပစ်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံကိုယ်စားပြုအနေဖြင့် ဒုတိယအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဘဲဖြစ်ပါတယ်။

သူမဟာ ၂၀၁၆ခုနှစ် Brazil နိုင်ငံ Rio de Janeiro မြို့မှာကျင်းပတဲ့အိုလံပစ်ပြိုင်ပွဲမှာလည်း ကြေးတံဆိပ်ဆုတစ်ခုကိုရရှိခဲ့ပါတယ်။

Panipak ဟာ နိုင်ငံ့လေဆိပ်သို့ရောက်ရှိပြီးနောက် လူအုပ်ကြားထဲရှိ သူမအား ဂုဏ်ပြုရန်ရောက်ရှိနေကြတဲ့ သူမရဲ့ဖခင် ၊ ဖူးခက်အုပ်ချုပ်ရေးမှူး Narong Wunsiew နှင့် ထိုင်းတိုက်ကွမ်ဒိုအသင်းဥက္ကဌ Pimol Srivikorn ၊ သူမရဲ့နည်းပြတို့နှင့် သူမရဲ့အဖွဲ့သားများရဲ့ရှေ့မှာ ဒူးထောက်ပြီးဂါရဝပြုခဲ့ပါတယ်။ ထို့ပြင် Panipak ဟာ စောင့်ဆိုင်းနေတဲ့အခြားသူများထဲမှ ဂုဏ်ယူနေခဲ့တဲ့ဖခင်အား သူမရဲ့ရွှေတံဆိပ်ဆုကိုပေးအပ်ခဲ့ပါသေးတယ်။

ဖခင်ဖြစ်သူက သူ့လည်ပင်းမှာ သမီးဖြစ်သူရဲ့ရွှေတံဆိပ်ကိုဆွဲထားပြီး လေထဲမှာဂုဏ်ယူစွာ မြှောက်လိုက်ရာ လူအုပ်ထဲမှကျယ်လောင်တဲ့ ရယ်မောသံများပါထွက်ပေါ်လာခဲ့ပါတယ်။ နောက်ပိုင်းတော့ ဖခင်ဖြစ်သူက သူမရဲ့ဆုတံဆိပ်ကို ချန်ပီယံရဲ့လည်ပင်းမှာ ကိုယ်တိုင်ပြန်ဝတ်ပေးခဲ့ပါတယ်။

Panipak ဟာ သူမရဲ့YouTube ချန်နယ် PaNISPak ရှိ သူမရဲ့ဗီဒီယိုတစ်ခုမှာ သူမရဲ့ ရွှေတံဆိပ်ကိုအနီးကပ်ပြသခဲ့သလို ပြိုင်ပွဲမှာ ဆုတံဆိပ်တစ်ခုစီအဖြစ်ပေးအပ်ခဲ့တဲ့ အိုလံပစ်အောင်ပွဲပန်းစည်း နှင့် အိုလံပစ် Mascot Miraitowa plush အရုပ်တို့ကိုလည်း ပြသပေးခဲ့ပါတယ်။

Panipak ဟာ Paris မှာကျင်းပမဲ့ ၂၀၂၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ သူမက ထိုင်းနိုင်ငံအတွက် ထပ်မံကိုယ်စားပြုလိုကြောင်း The Nation Thailand သို့ပြောကြားခဲ့ပါတယ်။

နိုင်ငံကိုယ်စားပြုအနိုင်ရရှိခဲ့ပြီးနောက် သူမဟာ ဆုငွေ အမေရိကန်ဒေါ်လာ ၅၈၁,၀၇၀ (ထိုင်းဘတ် 19 သန်း) ရရှိခဲ့တဲ့အပြင် အမျိုးသား အားကစားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၃၆၄,၀၈၄ ( ထိုင်းဘတ် ၁၂ သန်း)နှင့် ပုဂ္ဂလိကအေဂျင်စီများမှ အမေရိကန်ဒေါ်လာ ၂၁၂,၃၈၂ (ထိုင်းဘတ် ၇ သန်း) တို့ကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "လူအုပ်တွေကြားကနေ ဖခင် နှင့်နည်းပြဆရာအပါအဝင် အခြားအဖွဲ့ဝင်များဆီသို့အပြေးသွားပြီး ဒူးထောက်ဂါရဝပြုခဲ့တဲ့ တိုက်ကွမ်ဒို ရွှေတံဆိပ်ဆုရှင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*