မကွယ်လွန်ခင်မှာ ချစ်ရတဲ့ ၂ နှစ်အရွယ်ကလေးမလေးအတွက် ၁၄ နှစ်စာ ခရစ္စမတ်လက်ဆောင်များကိုကြိုတင်ပြင်ဆင်ထားပေးခဲ့တဲ့ အိမ်နီးချင်းတစ်ဦး

လူတွေက ကျွန်တော်တို့သေခါနီးအချိန်ရောက်နေပြီဆိုတာ ကျွန်တော်တို့သိလိမ့်မယ်လို့ဆိုတဲ့အတိုင်း ဒီအဘိုးကြီး Ken Watson ကလည်း အဲ့လိုကြိုသိထားပုံဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခရစ္စမတ်လက်ဆောင်တွေကို ပြင်ဆင်တာက ပုံမှန်ဖြစ်ပေမယ့် ၁၄ နှစ်စာ ကြိုတင်ထားတာကတော့ ပုံမှန်မဟုတ်ပါဘူး။ မကြာခင်မှာ သူထွက်သွားရတော့မယ်ဆိုတာကိုသိနေသလိုပုံရတဲ့ United Kingdom က Owen Williams အမည်ရှိဖခင်တစ်ဦးရဲ့ အသက် ၈၇ နှစ်အရွယ် အိမ်နီးနားချင်းဟာ သူ့ရဲ့ဘေးအိမ်က Williams ရဲ့သမီးလေး Cadi ဆိုတဲ့ကလေးမလေးကို လက်ဆောင်ပေးဖို့အတွက် ၁၄ နှစ်စာ ခရစ္စမတ်လက်ဆောင်များကို ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ အဆိုပါအဘိုး Watson ဟာ ယခင်က ရေငုပ်သမား၊ သင်္ဘောသား၊ လက်သမားနှင့် မုန့်ဖုတ်သမားဟောင်းတစ်ဦးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာ ၁၈ ရက်နေ့၌ Williams က Twitter မှာမျှဝေထားတဲ့ပို့စ်တစ်ခုမှာ ကွယ်လွန်သွားခဲ့တဲ့ သက်ကြီးအိမ်နီးချင်း Watson ရဲ့ဝမ်းနည်းစရာသတင်းကိုပြောပြခဲ့ပါတယ်။

ပိုဝမ်းနည်းစရာကောင်းတာက အဘိုး Watson က Williams ရဲ့ နှစ်နှစ်အရွယ်သမီးလေး Cadi အတွက် ခရစ်စမတ်လက်ဆောင် 14ခုကို သူမရဲ့ 16နှစ်ပြည့်မွေးနေ့အထိ လာမယ့်နှစ်တွေမှာပေးဆောင်ဖို့ ပြင်ဆင်ထားတာဘဲဖြစ်ပါတယ်။

လွန်ခဲ့သည့်နှစ်နှစ်ခန့်က Vale of Glamorgan တွင် Williams နှင့်ဇနီးဖြစ်သူ Caroline တို့ရဲ့အိမ်အနီးတွင်နေထိုင်ခဲ့တဲ့ အဘိုး Watson ဟာ ချစ်စရာ Cadi လေးကို အလွန်ပင်ချစ်ကြောင်းပြောခဲ့ဖူးပါတယ်။

အဘိုး Watson ၏သမီးဖြစ်သူက သူမရဲ့နေအိမ်မှာ ပလတ်စတစ်အိတ်ကြီးတစ်အိတ်ကို ရှာတွေ့တဲ့အခါ ၎င်းထဲက လက်ဆောင်စာရွက်များဖြင့် ထုပ်ပိုးထားတဲ့လက်ဆောင်များနှင့်ပြည့်နေတဲ့လက်ဆောင်ပစ္စည်းများကိုရှာတွေ့ခဲ့ပါတယ်။

ထို့ကြောင့် သူမဟာ လက်ဆောင်များပေးအပ်ရန် Williams ရဲ့အိမ်တံခါးကို သွားခေါက်ခဲ့ပါတယ်။ “သူမက ပလပ်စတစ်အိတ်ကြီးတစ်အိတ်ကို ဆုပ်ကိုင်ထားပြီး ကျွန်တော့်ငို အမှိုက်တွေ စွန့်ပစ်ပေးဖို့တောင်းဆိုတော့မယ်လို့ ကျွန်တော် ထင်ခဲ့တယ် ၊ “ဒါပေမယ့် Cadi အတွက် သူမအဖေပေးခဲ့တဲ့အရာအားလုံးပဲလို့ သူမက ပြောခဲ့တယ်” လို့ Williams က ပြန်ရှင်းပြခဲ့ပါတယ်။

အဘိုး Watson ဟာ သူ့အသက် 100 တိုင်အောင်အသက်ရှင်နေမည်ဟုထင်မြင်ယူဆမိနေခဲ့ပြီး သူဟာ အသက်မပြည့်မီအထိ လက်ဆောင်များစွာကို ကြိုတင်ပြင်ဆင်ထားခဲ့ပုံရတယ်လို့ Williams က ခန့်မှန်းပြောကြားခဲ့ပါတယ်။

လက်ဆောင်တွေကိုတွေ့လိုက်တဲ့အခါ Williams နှင့် Caroline တို့ဟာ တုန်လှုပ်ခြောက်ခြားသွားခဲ့ကြတာကြောင့် ခရစ္စမတ်ရောက်တိုင်း သမီးဖြစ်သူအား လက်ဆောင်တစ်ခု လက်ဆောင်ပေးရန်ဓလေ့တစ်ခုပြုလုပ်ခြင်းဖြင့် အဘိုးရဲ့အမှတ်တရကို ဆက်လက်ထိန်းသိမ်းထားလိုကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ၎င်းဇာတ်လမ်းက ပျံ့နှံ့သွားခဲ့ပြီးနောက် လူအများရဲ့နှလုံးသားကိုနွေးထွေးသွားစေတဲ့အတွက် Williams က 2032 ခုနှစ်အထိ နှစ်စဉ် ခရစ္စမတ်လက်ဆောင်တစ်ခုစီရဲ့ ဓာတ်ပုံတစ်ပုံကိုတင်ပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

Mia (Mckzone daily)

Reference : gtgoodtimes

Be the first to comment on "မကွယ်လွန်ခင်မှာ ချစ်ရတဲ့ ၂ နှစ်အရွယ်ကလေးမလေးအတွက် ၁၄ နှစ်စာ ခရစ္စမတ်လက်ဆောင်များကိုကြိုတင်ပြင်ဆင်ထားပေးခဲ့တဲ့ အိမ်နီးချင်းတစ်ဦး"

Leave a comment

Your email address will not be published.


*